တစ်ဦးချင်း အဆင့်မြင့် ပညာရေး

အကောင်းဆုံးကို ရွေးချယ်ပါ။
သင့်ကလေးကို ယုံကြည်မှုရှိပြီး အောင်မြင်ဖို့ စွမ်းရည်တွေကို ပေးလိုက်ပါ။

Logiscool က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် နိုင်ငံတကာ coding ကျောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ scoolers တွေကို gamified သင်ခန်းစာတွေအပြည့်ကို ထူးခြားတဲ့နည်းနဲ့သင်ပေးပြီး တစ်ခုတည်းရှိတဲ့ ပလက်ဖောင်းကနေ digital literacy၊ coding၊ video၊ ai၊ vr၊ robotics နဲ့ အခြားစိတ်လှုပ်ရှားစရာအကြောင်းအရာတွေကို သင်ပေးပါတယ်။

အလွယ်တကူ ပါဝင်နိုင်ခြင်း

assessment icon
အကဲဖြတ်ခြင်း
သင့်ကလေးအတွက် စစ်မှန်ပြီး အကောင်းဆုံးကိုဖြစ်စေမယ့် Logiscool ရဲ့ ဘယ်သင်တန်းကိုရွေးချယ်သင့်လဲဆိုတာ အခမဲ့ဆုံးဖြတ်ပေးမယ့် ကျွန်တော်တို့ရဲ့ ပညာရေးကျွမ်းကျင်သူက သင့်ကို ဆက်သွယ်သွားမှာပါ။ တက်ရောက်မယ့်သူတိုင်းကို သူတို့အသက်အရွယ်၊ ပညာဉာဏ်ရည်အလိုက် သီးခြား roadmap ကိုလည်း ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။
placement icon
Placement
တစ်ဦးချင်း အဆင့်မြင့် coding သင်တန်းတွေအတွက် ကျောင်းသားတွေကိုနိုင်ငံတွင်းက ထိပ်တန်းတက္ကသိုလ်ကျောင်းတွေက ထိပ်တန်းအဆင့်ရှိတဲ့ သင်တန်းနည်းပြတစ်ဦးနဲ့ သင်ကြားပေးပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ coding သင်ရိုးညွှန်းတမ်းကို ပညာရပ်ဆိုင်ရာမော်ဂျူးတွေနဲ့ ဖွဲ့စည်းထားပြီး တစ်ခုစီတိုင်းမှာ 15 x 60 မိနစ်စာ အွန်လိုင်းသင်ခန်းစာတွေ ပါဝင်ပါတယ်။ သင့်ကလေးအတွက် အကောင်းဆုံးအောင်မြင်မှုရပြီး ပျော်ပျော်ရွှင်ရွှင်နဲ့တိုးတက်စေဖို့အတွက် ဒီမော်ဂျူးတွေကို သူတို့ သင်ယူနိုင်တဲ့နှုန်းအတိုင်း ပြီးဆုံးအောင် သင်ပေးမှာပါ။
အွန်လိုင်းသင်တန်းများ ပုံစံ
အွန်လိုင်းသင်တန်းများ
သင့်ကလေးရဲ့ အသက်အရွယ် အသိပညာအလိုက် အကောင်းဆုံး စာသင်ကြားမှုကိုရရှိစေဖို့ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ Logiscool ပညာရေးပလက်ဖောင်းက ပံ့ပိုးပေးထားပါတယ်။ သင်တန်းတစ်ခုနဲ့တစ်ခုကြားမှာ ပရောဂျက်တွေကို လက်တွေ့လေ့ကျင့်ပြီး မျှဝေနိုင်အောင်လို့ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော နိုင်ငံတကာပညာရေးရပ်ဝန်းဖြစ်တဲ့ MyLogiscool ကိုသင့်ကလေးတွေ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။
သင်တန်းတတ်မြောက်ပြီးဆုံးခြင်း လက်မှတ်ပုံစံ
သင်တန်းတတ်မြောက်ပြီးဆုံးခြင်း လက်မှတ်
တစ်ဦးချင်းရည်မှန်းချက်တွေနဲ့ သတ်မှတ်ထားတဲ့မှတ်တိုင်တချို့ကိုရောက်ရှိသွားတဲ့အခါ သင့်ကလေးဟာ Certificate of Completion ကိုရရှိမှာဖြစ်ပြီး နောက်တစ်ဆင့်ကို ထပ်တက်နိုင်မှာပါ။
လက်တော့ရှေ့က နားကြပ်တပ်ပြီး ပြုံးနေတဲ့ အဖြူရောင်တီရှပ်နဲ့ကောင်မလေး
ကျွန်တော်တို့ရဲ့ အဆင့်မြင့် coding ပညာရေးရဲ့အားသာချက်များ

• ကလေးတစ်ဦးချင်းစီရဲ့ တိုးတက်မှုအရရေးထားတဲ့ တစ်ဦးချင်း roadmap
• သင်တန်းနည်းပြအနေနဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ အထူးလိုအပ်ချက်တွေကို သီးခြားတုံ့ပြန်နိုင်ခြင်း။
• ကျွန်တော်တို့ရဲ့ နိုင်ငံတကာပညာရေးရပ်ဝန်းကို အပြည့်အဝအသုံးပြုခွင့်ရှိခြင်း
• တစ်နှစ်ပတ်လုံး ကြိုက်တဲ့အချိန် စတင်နိုင်ခြင်း၊ ခေတ္တရပ်နားနိုင်ခြင်း
• ကလေးတွေဟာ သူတို့သင်ယူနိုင်စွမ်းနှုန်းအတိုင်း သင်ယူနိုင်ခြင်း
• ကလေးတွေဟာ မိခင်ဘာသာစကားနဲ့ သင်ယူနိုင်ခြင်း

အပြင်မှာ ပြုံးရယ်နေတဲ့ ဆယ်ကျော်သက်အဖွဲ့
အကောင်းဆုံး ငယ်ရွယ်ပြီး တက်ကြွတဲ့ အတန်းနည်းပြများ

• ကျွန်တော်တို့ရဲ့ ငယ်ရွယ်တက်ကြွပြီး အရည်အချင်းရှိတဲ့ သင်တန်းနည်းပြတွေဟာ coding နဲ့ပတ်သက်ပြီး ဝါရင့်အတွေ့အကြုံရှိပါတယ်။
• ကျွန်တော်တို့ရဲ့ သင်ခန်းစာအစီအစဥ်ကောင်းတွေနဲ့ သူတို့ကို လေ့ကျင့် သင်ကြားပေးထားတာပါ။
• gamified နဲ့ ပျော်စရာကောင်းတဲ့သင်ကြားမှုအတွေ့အကြုံတွေအပြည့်အဝရှိပြီး သင်တန်းသားတွေနဲ့ သူတို့မိဘတွေကို တိုးတက်မှု၊ အောင်မြင်မှုတွေကို ပြသပြီး feedbacks များချက်ချင်းပေးခြင်း
• သင့်ကလေးလိုအပ်ချက်တွေနဲ့တကယ်ကိုက်ညီမယ့် သင်တန်းနည်းပြတွေကိုသာ ရွေးချယ်ထားတာပါ။
• သူတို့က ဆရာတွေအဖြစ်သာမက သူတို့ကျောင်းသားတွေရဲ့ လမ်းညွှန်ပေးသူတွေအဖြစ်ပါရှိနေစေဖို့ နေ့တိုင်းဂရုတစိုက်လုပ်ဆောင်ကြပါတယ်။
• သူတို့က ကျွန်တော်တို့ရဲ့ Scoolers တွေနဲ့အလွယ်တကူအကျွမ်းဝင်သွားနိုင်ပါတယ်။

Academic skills
key icon
Algorithmic thinking

လက်တွေ့ဘဝပြဿနာတွေအတွက် ဖန်တီးမှုရှိပြီး ထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေခြင်း။

puzzle icon
ပြဿနာဖြေရှင်းခြင်း

ကလေးတွေဟာ အမှားတွေကို ကျရှုံးမှုဆိုတာထက် အခွင့်အရေးတစ်ခုအဖြစ်သာ မြင်တတ်သွားပါတယ်။

microscope icon
Analytic နဲ့ logical thinking

Coding က ကလေးတွေကို တကယ့်ဥပမာတွေရော graphic visual ဥပမာတွေကနေတစ်ဆင့် အယူအဆကောက်နုတ်ချက်တွေကို နားလည်သွားအောင် ကူညီပေးပါတယ်။

atom icon
STEM ကိုပိုပြီး နားလည်သဘောပေါက်လာခြင်း

ကလေးတွေရဲ့စွမ်းဆောင်ရည်တွေက အလျင်အမြန်တိုးလာတာကြောင့် အဆင့်တွေပိုပြီးကောင်းလာပါတယ်။

Soft skills
ဦးနှောက်ပုံပါတဲ့ မီးသီးပုံစံ
ဖန်တီးနိုင်စွမ်း

ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းကို အကြီးအကျယ်တိုးတက်စေမယ့် အကောင်းဆုံးဖြစ်နိုင်ခြေ နည်းလမ်းတစ်ခု ဒါမှမဟုတ် တီထွင်မှုတစ်ခုကို ရှာဖွေပါ။

ရေခဲတုံးကိုင်ထားတဲ့လက်ပုံ
အာရုံစူးစိုက်မှုနဲ့ တိကျမှု

coding သင်နေစဥ်မှာ ကလေးတွေဟာ မှန်ကန်တဲ့အစီအစဥ်နဲ့ တိကျတဲ့ commands ပေးပုံကို သင်ရမှာဖြစ်ပြီး ဒါဟာ သူတို့ရဲ့ အာရုံစူးစိုက်မှုကို တိုးသွားစေပါတယ်။

target icon
အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း

ပိုပြီးရှုပ်ထွေးတဲ့ ဂိမ်းတွေဟာ code တွေပိုပြီးလိုအပ်ပါတယ်၊ ဒါကြောင့် အချိန်ပိုကုန်ပြီး ပိုပြီးအာရုံစူးစိုက်ရပါတယ်။

နေလုံးရှေ့က ပုံသဏ္ဍာန်
ကိုယ့်ဘာသာယုံကြည်မှု

ရှုပ်ထွေးတဲ့ code တစ်ခုကို ဖန်တီးရတာက ကလေးတွေ တကယ်ကိုဂုဏ်ယူရမယ့် မဟာအစွမ်းတစ်ရပ်ဖြစ်ပါတယ်။

ပရိုဂရမ်များ

ကျွန်တော်တို့ရဲ့ သင်တန်းတွေ၊ ဆန်းသစ်မှုရှိတဲ့ workshops တွေကို အချိန်ပြောင်းနိုင်တဲ့ အချိန်ဇယားတွေနဲ့ တစ်ကိုယ်ရေအတွက် ဖန်တီးပေးထားတဲ့ roadmap ရနိုင်တဲ့ သီးခြားသင်တန်းတွေအဖြစ်လည်း တက်လို့ရပါသေးတယ်။
သင်တန်းများ
ကျောင်းစာသင်နှစ်များအတွင်း programming၊ digital literacy သို့ robotics အကြောင်း နှံ့နှံ့စပ်စပ်သိသွားစေခြင်း။
Workshop များ
စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ချင်သူတွေအတွက် အခွင့်အရေးဆိုတာ ရှိစမြဲပါ။ သူတို့က apps၊ illustrations၊ drawings အစရှိတာတွေကို တီထွင်ဖန်တီးကြပါတယ်။

ကမ္ဘာ့နံပါတ်တစ် ပလက်ဖောင်း

Visual coding ကနေ text based programming ကို အလွယ်တကူပြောင်းလို့ရအောင် ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ပညာရေးပလက်ဖောင်းကို တီထွင်ထားပါတယ်။
blox coding icon

Blox coding

Building blocks တွေနဲ့ coding ပညာရေးကို စတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ visual coding နည်းက ဘယ်အသက်အရွယ်မတွက်ဆို အမြဲသင့်တော်ပါတယ်။

mix coding icon

Mix coding

ဒုတိယအဆင့်အနေနဲ့ ကျောင်းသားတွေက MIX mode နဲ့ codes တွေစရေးရမှာဖြစ်ပါတယ်၊ အဲဒီမှာ သူတို့အနေနဲ့ building blox နဲ့ ext-based languages ကို အပြိုင်တွေ့ရမှာဖြစ်ပါတယ်။

text coding icon

Text coding

visual blocks ကို သူတို့သေချာတတ်ကျွမ်းသွားတာ သေချာပြီဆိုတာနဲ့ ကျွန်တော်တို့က နောက်ထပ် text-based programming ဘာသာရပ်တွေဖြစ်တဲ့ Python၊ Unity၊ Godot၊ C# တို့ကို ဆက်ပြီးသင်ပေးပါတယ်။

သက်သေခံမှုများ

ကျွန်တော် ထပ်ပြီးသိချင်သေးလို့ ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။

ကျွန်တော်တို့ရဲ့ သတင်းတွေနဲ့ ပရိုဂရမ်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ရယူချင်ပါသလား။

ကျွန်တော်တို့ရဲ့ မိဘများအတွက် သတင်းလွှာကို Subscribe လုပ်ပြီး ကျွန်တော်တို့ blog ရဲ့နောက်ဆုံးတင်တဲ့ ပို့စ်များအတွက် အသိပေးချက်ကို ရယူလိုက်ပါ။



ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ကျွန်တော်တို့ကို follow ထားပါ။