ဆုရ လုပ်ငန်းခွဲတစ်ခုကို စတင်လိုက်ပါ။

"Best International Brand" - EFF, 2022
ကလေးများနှင့် ဆယ်ကျော်သက်များအတွက် digital literacy နဲ့ coding အတွက် နိုင်ငံတကာလုပ်ငန်းခွဲကွန်ရက်
Logiscool က ပျော်စရာကောင်းတဲ့ coding ကျောင်းခွဲတွေကို နိုင်ငံတကာကို အလျင်အမြန်ချဲ့ထွင်ပေးနေပါတယ်။ လိုအပ်ချက်နှင့်အံဝင်ခွင်ကျစီမံထားသည့် ကျွန်တော်တို့ရဲ့သင်တန်းတွေက အသက် ၆-၁၈ နှစ်ကလေးများနှင့် သင့်တော်ပြီး မိဘများအနေနဲ့လည်း ကလေးတွေရဲ့ တိုးတက်မှုကို အလွယ်တကူပင် ကြည့်ရှုနိုင်ပါတယ်။
Logiscool မှာ ကလေးတွေ ပိုတော်လာပြီး ယုံကြည်မှုအပြည့်နဲ့ အနာဂတ်ဒစ်ဂျစ်တယ်လောကအတွက် အသင့်ပြင်ထားဖို့ ကူညီပေးနေပါတယ်။

ကွန်ပျူတာသိပ္ပံကို ငယ်ငယ်တည်းက သင်ယူခြင်းကအရေးကြီးတဲ့အကြောင်း သိလာတဲ့ မိဘတွေပိုပိုပြီးများလာပါပြီ။ ဒါပေမဲ့လည်း ဒီလောက်နဲ့တင်မပြီးသေးပါဘူး။ ဒစ်ဂျစ်တယ်ပညာတွေတတ်မြောက်ဖို့ ကလေးတွေအတွက် လိုအပ်တဲ့ ဗဟုသုတနဲ့စွမ်းရည်တွေကို သင်ပေးဖို့လည်း လိုပါသေးတယ်။ အွန်လိုင်းပေါ်မှာ ဘေးကင်းဖို့နဲ့ အွန်လိုင်းပေါ်က ပြောဆိုဆက်ဆံရေးအပြင် ကွန်ပျူတာကို ဉာဏ်ရှိရှိအသုံးပြုဖို့၊ အရေးကြီးတဲ့သတင်းတွေကို သိဖို့နဲ့ သူများစာတွေကို ဖတ်ရာကနေ ကိုယ်တိုင်လည်း ဆန်းသစ်တဲ့ content တွေကိုဖန်တီးနိုင်ဖို့တွေလည်း ပါဝင်ပါတယ်။
ကလေးတွေဟာ ဒစ်ဂျစ်တယ်လောကမှာ ယုံကြည်မှုအပြည့်ရှိတဲ့ ဖန်တီးသူတွေဖြစ်လာသင့်ပါတယ်။

တည်နေရာများ

၂၁၀+

နိုင်ငံများ

၃၀

တိုက်ကြီးများ

5

ကျောင်းသား/သူများ

၂၂၀,၀၀၀+

ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုများ - သင့်အတွက် အကျိုးကျေးဇူးများ

mobile frame ဖြင့် ဆယ်ကျော်သက် သုံးဦး
အကျိုးအမြတ်တွေရရှိပါစေ

လုပ်ငန်းစတင်တဲ့ ပထမ ၁ ရက်တည်းကပင် သင် အကျိုးအမြတ်ရနိုင်ပါတယ်။

၂ နှစ် ၃ နှစ်အတွင်းမှာပဲ ရင်းနှီးမြှုပ်နှံထားသမျှ အပြည့်အဝ ပြန်ရနိုင်ပါတယ်

အမြတ်ငွေအများဆုံး ရနိုင်တဲ့လုပ်ငန်းများ (သင်တန်းများ၊ camps၊ workshops၊ events)

လက်တော့ရှေ့တွင် ဘေးချင်းကပ်ထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးနှစ်ဦး
ကျွန်တော်စနစ်ရဲ့ ကောင်းကျိုးများကို ခံစားကြည့်လိုက်ပါ

ကျွန်တော်တို့ရဲ့ အလုပ်ကြိုးစားတဲ့ ပညာရှင်များက နွေးထွေးစွာကြိုဆိုလမ်းပြခြင်း

ဆောင်ရွက်ချက်များကို ဆက်လက်ပံ့ပိုးပေးပြီး အတန်းတွင်း အကောင်းဆုံးစီမံခန့်ခွဲပေးနိုင်ခြင်း

အရင်က IT ပညာရေးတတ်ဖူးသူဖြစ်ရန်မလိုခြင်း

အစိမ်းရောင်နံရံရှေ့က လက်တော့တစ်လုံးနဲ့ ကလေးများနဲ့သင်တန်းနည်းပြ
ကျောင်းချိန်ပြင်ပ coding ပညာရေးဈေးကွက်မှာ ပြိုင်ဘက်များထက် နှာတစ်ဖျားသာခြင်း

နိုင်ငံတကာအဓိကစံနှုန်းများနဲ့ကိုက်ညီတဲ့ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်း

ထူးခြားတဲ့နည်းစနစ်၊ ကလေးတွေရဲ့ အသက်အရွယ်၊ ပညာအရည်အချင်းနဲ့ လုံးဝကိုက်ညီခြင်း

ကလေးတွေအတွက် ပြိုင်ဘက်ကင်းတဲ့ ပညာရေးနယ်ပယ်တစ်ခု

Logiscool လုပ်ငန်းခွဲက သင့်အတွက်ပါပဲ၊ တကယ်လို့ သင်က
  • နောက်မျိုးဆက်တွေအတွက် အနာဂတ်ကို ပြောင်းလဲပေးချင်ရင်
  • အောင်မြင်တဲ့စီးပွားရေးကို ဖန်တီးလိုလျှင်
  • အကောင်းမြင်စိတ်ရှိပြီး ရိုးသားပွင့်လင်းတဲ့ သူဖြစ်လျှင်
  • အလုပ်ကြိုးစားပြီး စွန့်ဦးတီထွင်ချင်စိတ်ရှိသူဖြစ်လျှင်

ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာဆုတံဆိပ်များ

ပြိုင်ဘက်ထက် နှာတစ်ဖျားအသာယူလိုက်ပါ။

၁။ အသက် ၆ နှစ်ကနေ ၁၈ နှစ်ကလေးများအတွက် သင်တန်းများ၊ workshops နဲ့ holiday camps ပါတဲ့ အကျယ်ပြန့်ဆုံး စီးပွားရေးလုပ်ငန်းကြီး

၂။ ကမ္ဘာအဆင့်မီ သင်ရိုးညွှန်းတမ်း၊ အကောင်းဆုံးအဖြစ် အသိအမှတ်ပြုခံထားရခြင်း

ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ မော်ဂျူလာသင်ရိုးညွှန်းတမ်းက နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီရုံသာမကပါဘူး၊ နိုင်ငံတကာပညာရေးအဖွဲ့အစည်း EAF ကလည်း မကြာသေးမီက အကောင်းဆုံးကျောင်းအဖြစ် အသိအမှတ်ပြုပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ သင်တန်းတွေဟာ ကလေးတိုင်းရဲ့အသက်အရွယ်အလိုက် သင်ယူနိုင်ပြီး ကျွမ်းကျင်သွားရုံသာမက ပျော်စရာလည်း ကောင်းဦးမှာပါ။

၃။ ထူးခြားတဲ့ coding ပညာရေးပလက်ဖောင်း

ဒီနေ့ခေတ် coding ပညာရေးမှာ အဓိကပြဿနာကြီးနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးတွေအတွက် ပုံမှန်ဆိုရင် visual blocks နဲ့စတင်သင်ပေးပါတယ်။ ဒီ visual blocks တွေဟာ ကလေးတွေအတွက် ရှုပ်ထွေးပြီး လူကြီးတွေအတွက် ပျင်းစရာသိပ်ကောင်းပါတယ်။ နောက်ထပ်အခက်အခဲကတော့ blocks ပြီးရင် text-based coding ကို ပထမဆုံးသင်ရတဲ့ စိုးရိမ်ထိတ်လန့်မှုပဲဖြစ်ပါတယ်။

၄။ Best International Brand - EFF, 2022

အကောင်းဆုံး International Brand ဆုနဲ့ European Franchise Awards ဆုများကို Logiscool က ရရှိထားကြောင်း ဝမ်းမြောက်ဝမ်းသာကြေညာပါရစေ။ International Brand ဆုနဲ့ European Franchise Awards ဆုတွေကို Logiscool က ရရှိထားတဲ့အကြောင်းကို ဝမ်းမြောက်ဝမ်းသာ အသိပေးလိုက်ပါတယ်။ ကျောင်းကို စပြီးတည်ထောင်သူတွေဖြစ်တဲ့ Anita Breuer နဲ့ Gyula Csitári တို့က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။
လက်တော့ရှေ့တွင် ဘေးချင်းကပ်ထိုင်နေတဲ့ ကောင်လေးသုံးဦး
၅။ ကမ္ဘာ့နံပါတ်-၁ ပညာရေးရပ်ဝန်း

Logiscool ရဲ့ ကလေးတွေဟာ ကျွန်တော်တို့ရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Mylogiscool မှာဆိုရင် သူတို့တွေဟာ ဒါတွေလုပ်နိုင်ပါတယ်

  • သူတို့ကိုယ်ပိုင်ဂိမ်းတွေကို မျှဝေပေးနိုင်ပြီး သက်တူရွယ်တူတွေရဲ့ အထင်ကြီးအားကျမှုကို ရနိုင်သလို ကမ္ဘာအနှံ့က ပရောဂျက်တွေကိုလည်း တွေ့နိုင်ခြင်း
  • စိတ်လှုပ်ရှားရတဲ့ ဉာဏ်စမ်းတွေ၊ ပဟေဠိ၊ အမှတ်မြင့်တဲ့ ဂိမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးတက်လာခြင်း
  • အမြဲတမ်းပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ အသစ်အဆန်းတွေ၊ ခေတ်စားနေတာ၊ နာမည်ကြီးနေတဲ့ အကြောင်းအရာတွေကို သိရှိသွားနိုင်ခြင်း
  • ကျွန်တော်တို့ mission တွေမှာပါဝင်ပြီး ဆုတွေ ရယူနိုင်ခြင်း။
၂၁ ရာစု စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေသည်

ကလေးတွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ဖက်ပြီးကြီးပြင်းလာရသူတွေပါ။ သူတို့ စာမရေးတတ် မဖတ်တတ်ခင်တည်းကပင် ဒီပစ္စည်းတွေကို ကောင်းကောင်းသုံးတတ်နေပါပြီ။ ဒါပေမဲ့ သူတို့က ကိုယ်တိုင်ဖန်တီသူးတွေ မဟုတ်ဘဲ သူများဖန်တီးထားတာတွေကိုပဲ သုံးနေရသူသက်သက်တွေဖြစ်နေပါသေးတယ်။ ငယ်ငယ်တည်းက coding နဲ့ digital literacy ကို သင်ယူထားတဲ့အခါ ကလေးတွေဟာ ကွန်ပျူတာသိပ္ပံအကြောင်းကို အများကြီးပိုပြီးသိလာမှာပါ။ Coding က ကလေးတွေကို တွေးခေါ်ပုံ၊ ပြဿနာဖြေရှင်းပုံတွေကို သင်ကြားပေးပြီး ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ယုံကြည်မှုတွေကိုလည်း တိုးအောင်ပြုလုပ်ပေးနိုင်ပါတယ်။

သက်သေခံမှုများ

Logiscool က ဘာကြောင့် သင့်အတွက် အကောင်းဆုံးရွေးချယ်မှုလို့ ပြောရတာလဲ။
growing market icon
ကြီးထွားလာတဲ့ ဈေးကွက်
Programming နဲ့ digital literacy ကို သင်ယူတာတွေ ပိုများလာပါတယ်။ ပညာရေးနယ်ပယ်မှာ တကယ့်ကိုအကောင်းဆုံး စီးပွားရေးလုပ်ငန်း။
laptop icon
အကောင်းဆုံးနည်းလမ်း
Text coding ကို အလွယ်တကူသင်ယူနိုင်အောင် ခေတ်မီပညာရေးပလက်ဖောင်း၊ အသက်အရွယ်အားလုံးနဲ့ကိုက်ညီတဲ့ မော်ဂျူလာသင်ရိုးညွှန်းတမ်း။
thumbs-up icon
အတည်ပြုထားတဲ့ စီးပွားရေးနည်းလမ်း
လိမ္မာပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးအမြတ်များပြီး အောင်မြင်တဲ့ စီးပွားရေးတစ်ခု
certificate icon
သင့်လူ့အဖွဲ့အစည်းအတွက် ထူးခြားတာတစ်ခု လုပ်ဆောင်ပေးလိုက်ပါ
နောက်မျိုးဆက်ရဲ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပြီး တကယ့်အကျိုးသက်ရောက်မှုကို ရယူလိုက်ပါ။
စတင်ဖို့ နည်းနည်းအားထုတ်လိုက်ရုံပါပဲ
Logiscool ရဲ့ လုပ်ငန်းခွဲနဲ့ မိတ်ဖက်ပူးပေါင်းလိုခြင်းအတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်သွယ်ပါ။
နာမည်အပြည့်အစုံ
*
အီးမေးလိပ်စာ
*
တယ်လီဖုန်းနံပါတ်
*
မြို့/ဒေသ
*
Comments (စီးပွားရေးအတွေ့အကြုံ၊ စိတ်အားတက်ကြွခြင်း၊ နောက်ထပ် အချက်အလက်)