coding ကတစ်ဆင့် ကလေးတွေကို စွမ်းအားပေးနိုင်တဲ့ ၅ နည်း

ပညာရေး
Logiscool
၂၈ ဇန် ၂၀၂၁

Coding က ကလေးတွေကို ကြံ့ခိုင်စေပြီး၊ ယုံကြည်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တည်ဆောက်ပေးပြီး နည်းအမျိုးမျိုးနဲ့ ခွန်အားပေးပါတယ်။ ဒါအပြင် ကလေးတွေရဲ့ စိတ်ကူးတွေ အသက်ဝင်လာအောင်လည်း Coding က ကူညီပေးနိုင်ပြီး သူငယ်ချင်းတွေနဲ့ မိသားစုတွေ့ရှေ့မှာ ဂုဏ်ယူစရာဖြစ်စေပါတယ်။ ကလေးတွေကို Coding က ခွန်အားပေးမယ့် အဓိကနည်းလမ်း ၅ ခုကို ဖော်ပြပေးသွားပါမယ်။

၁။ သူတို့ရဲ့စိတ်ကို ဖော်ပြနိုင်ဖို့ သင်ယူကြရမှာပါ

coding ကို ကိုယ့်စိတ်ကိုဖော်ပြနိုင်တဲ့ပုံစံအဖြစ် အသုံးပြုခြင်းက ကလေးတွေအတွက်တော့ သူတို့စိတ်အတွင်းဖန်တီးနိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါတယ်။ ကလေးတွေကို သူတို့ရဲ့ဖန်တီးနိုင်စွမ်းကို ဖော်ပြဖို့၊ သူတို့စိတ်ကူးတွေကို စုစည်းဖို့၊ ပြဿနာတွေဖြေရှင်းဖို့အတွက် သင်ကြားပေးပြီး logical thinkers အဖြစ် ဖွံ့ဖြိုးတိုးတက်စေပါတယ်။


၂။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အထင်ကြီးလေးစားမှုကို တည်ဆောက်နိုင်ခြင်း

  • ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလေးစားမှု၊ ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဂိမ်းတွေကို ပရိုဂရမ်ရေးနည်းကို သင်ယူနေချိန်မှာပဲ လေးလေးနက်နက်စူးစူးစိုက်စိုက်တွေးတတ်လာအောင် တွန်းအားပေးမယ့် အခက်အခဲတွေကို ရင်ဆိုင်ရမှာပါ။ ဒီလိုအခက်အခဲတွေကြားထဲမှာ သူတို့ဟာ မဖြစ်နိုင်ဘူးလို့ထင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဖြေအသစ်တွေကို ရှာဖွေနိုင်မှာဖြစ်ပြီး။ ဒီလိုနည်းကတစ်ဆင့် သူတို့စိတ်တွေကို ဖွင့်ထုတ်လာကြပြီး အခြေအနေကို ရှုထောင့်အသစ်တစ်မျိုးကနေ မြင်လာကြမှာပါ။ ပြဿနာကိုဖြေရှင်းပြီးပြီဆိုတာနဲ့ ဒါဟာ သူတို့အတွက် ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုနဲ့ အထင်ကြီးလေးစားမှုကို အတော်လေးဖြစ်ပေါ်လာစေမှာပါ။
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာခြင်း၊ Computer coding တွေက ကလေးတွေအတွက် အမှားတွေကို သင်ယူလေ့လာပြီး ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေအဖြစ် ရှုမြင်စေပါတယ်။ ကလေးတွေဟာ သူတို့ရဲ့အမြင်စိတ်ကူးတွေကို ရှက်စရာမလိုဘဲ ထုတ်ပြောနိုင်တဲ့ စိတ်လုံခြုံရတဲ့ ပတ်ဝန်းကျင်မှာ နေရသလိုမျိုး ခံစားမှုကို ပေးပါတယ်။ အမှားတွေကို နားလည်လာတဲ့အခါ ဒီအခြေအနေကို သေသေချာချာသုံးသပ်ရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ critical thinking skills ကတိုးလာပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်း ပိုပြီးတိုးလာမှာဖြစ်ပါတယ်။

၃။ သူတို့က ကြံ့ကြံ့ခံပြီး မအောင်မြင်မှုတွေကို ကိုင်တွယ်ပုံကိုလည်း လေ့လာရမှာပါ။

ကလေးတွေက စွမ်းရည်အသစ်ကိုသင်ရတဲ့အခါ သူတို့ဖြစ်စေချင်တဲ့နည်းအတိုင်း အဆင်မပြေတဲ့အခါ ကလေးတွေဟာ စိတ်ဆိုးဒေါသထွက်ကြမှာပါ။ coding အတွက်လည်း ဒီအတိုင်းပါပဲ။ ဒါဟာ အားကျစရာကောင်းတဲ့ ရလဒ်ထွက်လာဖို့ စမ်းသပ်မှုတစ်ခု၊ ဇွဲကြီးမှုတစ်ခုလည်းဖြစ်ပါတယ်။ ဒါကိုအောင်မြင်ဖို့အတွက် သူတို့တွေဟာ အဆိုးစိတ်တွေကို ထိန်းချုပ်တတ်ပြီး သူတို့ရဲ့ အဆုံးသတ်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ဘာသာတွန်းအားပေးတတ်ဖို့လိုပါတယ်။ ဂိမ်းတွေကို ဖန်တီးဖို့ coding တဲ့အခါ ကလေးတွေဟာ ဒီစွမ်းရည်တွေက ပုံသေသင်ယူရမှာပါ။


၄။ သူတို့နားက ကမ္ဘာကြီးကို ပိုပြီးနားလည်လာခြင်း

အနာဂတ်ဒစ်ဂျစ်တယ်ကို ကျွန်တော်တို့ဦးတည်နေတယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူး။ ဒီနေ့အထိတောင် မရှိသေးတဲ့ အလုပ်အများစုမှာ နေရာရဖို့အတွက် Digital literacy ကမရှိမဖြစ် ဖြစ်လာပါတော့မယ်။ ကလေးတွေက ငယ်ငယ်လေးနဲ့ ဒါတွေကို သိကျွမ်းပြီး ဖန်တီးနိုင်တယ်ဆိုရင် သူတို့ဟာ အနာဂတ်မှာ အလုပ်သင်တွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေနဲ့ အလုပ်အကိုင်တွေကို လျှောက်တဲ့အခါမှာဖြစ်စေ သူတို့ပတ်ဝန်းကျင်ကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့လိုတဲ့အခါမှာဖြစ်စေ သူတို့ဟာ သူများထက်ကို တစ်ပန်းသာနေမှာပါ။ ဒီလိုအခြေအနေတွေကို သူတို့က ဗဟုသုတများများနဲ့ ချဥ်းကပ်နိုင်မှာပါ။ ငယ်ငယ်လေးနဲ့ စပြီးသင်လေ သူတို့ထဲမှာ ဒါတွေက အသားကျလေပါပဲ။


၅။ emotional intelligence ကိုတည်ဆောက်နိုင်ခြင်း

Emotional intelligence ဟာ ကလေးတွေကို ဘဝရဲ့ကဏ္ဍအမျိုးမျိုးအတွက် ကူညီပေးနိုင်တဲ့ အဓိကစွမ်းရည်တစ်ခုလည်းဖြစ်သလို လုပ်ငန်းခွင်မှာ အလေးထားမှုကို တိုးတက်စေနိုင်ပါတယ်။ ကလေးတွေကို coding ကတစ်ဆင့် စွမ်းအားပေးနိုင်မယ့် emotional intelligence ရဲ့အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။


  • ကိုယ့်ဘာသာ သတိပြုမိခြင်း၊ သူတို့ရဲ့ တစ်ကိုယ်ရေ အားသာချက် အားနည်းချက်ကို ချက်ချင်းသတိပြုမိသွားခြင်း။ တစ်ခုခုအဆင်မပြေတဲ့အခါ သူတို့ဟာ ဒါကိုအဆင်ပြေသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အဖြေရှာဖို့လိုကြောင်း သိရှိကြပါတယ်။
  • မျှဝေခံစားတတ်ခြင်း၊ coding ပရောဂျက်အများစုအတွက် ကလေးတွေက အတူတူပူးပေါင်းပြီးလုပ်ရပါတယ်။ ဒါကြောင့် သူတို့ဟာ တစ်ယောက်ချင်းစီရဲ့အမြင်တွေနဲ့ နည်းလမ်းတွေကို လေးစားပြီး နားလည်ဖို့လိုအပ်သလို တစ်စုတစ်စည်းတည်းဆုံးဖြတ်ချက်ရဖို့ မျှတတဲ့နည်းလမ်းတစ်ခု ထွက်လာဖို့လည်းလိုပါတယ်။ ဒါဟာ ကလေးတွေကို သူတို့အပြင် တခြားသူတွေကိုပါ ကြည့်တတ်အောင်သင်ပေးတဲ့အတွက် emotional intelligence ရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ Coding ဆိုတာ စုပေါင်းလုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ကလေးတွေအတွက် စွမ်းရည်တိုးတက်လာနိုင်ပါတယ်။
  • ကိုယ့်ကိုယ်ကိုယ် စိတ်တက်ကြွအောင်နေခြင်း၊ ကလေးတွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်တဲ့အခါ စိတ်တက်ကြွနေဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ပရောဂျက်ကိုအဆင်ပြေစေချင်တယ်ဆိုရင် စိတ်အားတက်ကြွနေဖို့လိုတဲ့အကြောင်း coding ကနေတစ်ဆင့် သင်ယူရမှာဖြစ်ပြီး ဒါကိုလည်း သူတို့ကိုယ်တိုင်ပဲ ရှာတွေ့သွားမှာဖြစ်ပါတယ်။
victory signs တွေကို ပြနေတဲ့ တီရှပ်ပန်းရောင်နဲ့ကောင်မလေး
သင့်ကလေးကို Coding သင်ကြားပေးပြီး ခွန်အားပေးနိုင်မယ့် ကျောင်းကို ရွေးချယ်ခြင်း

Logiscool မှာ ကလေးတွေဟာ ကျွန်တော်တို့ရဲ့ gamified နည်းနဲ့သင်ကြားပေးတာကို သဘောကျမယ်လို့ ယုံကြည်ပါတယ်။ ကလေးတွေကို ပရိုဂရမ်းမင်းစာသင်တဲ့အတွေ့အကြုံ ၇ နှစ်ရှိတဲ့ နိုင်ငံတကာပညာရေးလုပ်ငန်းအနေနဲ့ သင့်ကလေးကို coding ကတစ်ဆင့် တကယ်ကို ခွန်အားပေးနိုင်မယ့်အကောင်းဆုံး ပစ္စည်းတွေနဲ့ သင်ရိုးညွှန်းတမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းဖွင့်တဲ့နေ့ကို လာရောက်ပြီး ပျော်စရာကောင်းတဲ့ Logiscool အတွေ့အကြုံကို မြည်းစမ်းဖို့ အခမဲ့အတန်းတစ်ခုကို တက်ကြည့်လိုက်ပါ။ နောက်ထပ်အချက်အလက်တွေကိုတော့ https://www.logiscool.com/my-mm/programs/open-days