အနာဂတ်အောင်မြင်မှုအတွက် coding ဘာသာစကား က သင့်ကလေးကို ဘယ်လိုအထောက်အကူပြုမှာလဲ။

ပညာရေး
Logiscool
၂၈ ဇန် ၂၀၂၁

ကမ္ဘာကြီးက အရင်ကထက်ပိုပြီး နည်းပညာပေါ်မှာ အားထားလာသလို coding ဘာသာစကားတွေကလည်း ဖွံ့ဖြိုးတိုးတက်လာနေတာကြောင့် အနာဂတ်မှာလည်း ဒါကိုပဲ ဆက်ပြီးအားထားသွားဖို့ပဲ ရှိပါတယ်။

ကလေးတွေဟာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့အတူ ကြီးပြင်းလာကြတာဖြစ်ပြီး သူတို့ မရေးတတ် မဖတ်တတ်ခင်မှာပင် ဒါတွေကို ကောင်းကောင်းအသုံးပြုတတ်နေပါပြီ။ သူတို့ရဲ့အနာဂတ်အောင်မြင်မှုက ဒီပစ္စည်းတွေကို သူတို့ ဘယ်လိုမျိုးကောင်းကောင်းအသုံးချတတ်လဲအပေါ် မူတည်နေပါတယ်။ ဒါပေမဲ့လည်း သူတို့က ဒီလိုမျိုးအသုံးပြုရုံသက်သက်ပဲ နေချင်သလား ဒါမှမဟုတ် ကိုယ်တိုင်ရော တီထွင်သူတွေမဖြစ်ချင်ကြဘူးလား။ အဓိကအချက်ကတော့ သူတို့ကို ဘဝမှာ coding အသုံးပြုနည်းကိုစောစောစီးစီးထဲက သင်ပေးပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပေးတာပဲဖြစ်ပါတယ်။

ကမ္ဘာကြီးမှာ IT ပညာရှင်တွေ အများကြီးလိုအပ်နေပါတယ်။ ဒါပေမဲ့ coding ပညာရေးကလည်း ကလေးတွေကို computer sciences လောကမှာ အလုပ်အကိုင်ရတာထက်ပိုလွန်တဲ့ ကောင်းကျိုးတွေကို ပေးနိုင်ပြီး တွေးခေါ်နည်းကိုပါ သင်ပေးပါတယ်။ ဒါ့အပြင် ဘဝအတွက်လိုအပ်တဲ့ academic နဲ့ soft skills တွေကိုလည်း ဒီကနေရသွားနိုင်ပြီး ဘယ်အလုပ်အကိုင်မှာမဆို အသုံးချနိုင်ပါတယ်။

Algorithmic thinking

Algorithmic thinking ဆိုတာက ပြဿနာဖြေရှင်းနိုင်တဲ့အရည်အချင်းတစ်ခုဖြစ်ပြီး coding ဘာသာစကားတွေကို သင်တဲ့အချိန်တွင်သာမကပါဘူး လက်တွေ့ဘဝပြဿနာတွေကို ဖြေရှင်းရာမှာလည်း တကယ်ကိုအသုံးဝင်ပါတယ်။


ပြဿနာဖြေရှင်းခြင်းနဲ့ ကျရှုံးမှုကို သည်းခံနိုင်ခြင်း

ကလေးတွေဟာ code ကိုလေ့လာတဲ့အခါ အမှားတွေအများကြီးလုပ်မိမှာပါ။ သူတို့ဟာ ဒီအမှားတွေကို ကျရှုံးမှုဆိုတာထက် အခွင့်အရေးတွေအဖြစ် ရှုမြင်ဖို့လိုတာကို မကြာမီ သိရှိသွားမှာပါ။


ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ စိတ်ဓာတ်တက်ကြွစေဖို့အတွက် Coding ဘာသာစကားများ

ကလေးတွေဟာ coding ဘာသာစကားတွေကို သင်ယူနေချိန်မှာပဲ ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းတတ်သွားမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေသိသိသာသာတိုးလာပြီး စိတ်ဓာတ်လည်းတက်ကြွလာမှာပါ။


Mathematic and complex thinking

coding သင်နေစဥ်အတွင်း ကျွန်တော်တို့ဟာ သင်္ချာရဲ့အကူအညီကို ယူရလေ့ရှိပါတယ်။ ဒါပေမဲ့လည်း coding ဟာ သင်္ချာတော်တဲ့သူတွေအတွက် သင့်တော်တာမျိုးတော့မဟုတ်ပါဘူး။ coding က real နဲ့ graphic visual examples တွေကနေတစ်ဆင့် abstract mathematical သဘောတရားတွေကို နားလည်သွားအောင် ကူညီပေးပါတယ်။ coding သင်နေစဥ်အတွင်း သင်္ချာစွမ်းရည်တွေကို လက်တွေ့အသုံးချရတဲ့အတွက် ကလေးဟာ ကျောင်းတွင်းစွမ်းဆောင်ရည်တွေမှာလည်း ကောင်းကောင်းတိုးတက်လာနိုင်ပါတယ်။


ဇွဲလုံ့လဝီရိယနဲ့ အာရုံစူးစိုက်ခြင်း

coding ကိုသင်ကြားတဲ့အခါ အဆက်အပြတ်အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ ကလေးတွေဟာ ပိုပြီးအသေးစိတ် codes တွေရေးရမှာဖြစ်ပြီး ရှုပ်ထွေးတဲ့ပြဿနာတွေကို ရှာဖွေပြီး ပြင်ဆင်ရတဲ့အချိန်တွေများတာကြောင့် သူတို့ဟာ ဇွဲလုံ့လဝီရိယနဲ့ အာရုံစိုက်နိုင်တဲ့စွမ်းရည်တွေ တိုးလာနိုင်ပါတယ်။


တိကျခြင်း

coding ကိုအသုံးပြုတဲ့အခါ ကလေးတွေဟာ အစီအစဥ်တကျ တိကျတဲ့ commands တွေကို ကွန်ပျူတာကိုပေးရပါတယ်။ written program တွေမှာဆိုရင် comma မပါတာ ဒါမှမဟုတ် command စာလုံးပေါင်းမှားတာကို ကွန်ပျူတာက နားမလည်တဲ့အတွက် ကျွန်တော်တို့ရဲ့ပရိုဂရမ်က ဖြစ်စေချင်သလို အလုပ်လုပ်မှာမဟုတ်ပါဘူး။


Creativity

coding နဲ့အလုပ်လုပ်ရတာဟာ အခြေခံအားဖြင့် ဆန်းသစ်တီထွင်မှုကို ဖန်တီးရတာပဲဖြစ်ပါတယ်၊ တကယ့်လက်တွေ့မှာ ဒီလိုပြဿနာမျိုးကို နည်းလမ်းအမျိုးမျိုးနဲ့ဖြေရှင်းရမှာဖြစ်လို့ပါ။ ပိုပြီးကောင်းတဲ့ဖြေရှင်းနည်းတွေက အမြဲတမ်းရှိတာကြောင့် စာသင်နေစဥ်အတွင်း သူတို့ရဲ့ အတွင်းစိတ်ထဲက တီထွင်မှုစွမ်းရည်တွေထွက်လာစေမယ့် ဖြေရှင်းနည်းအသစ်တွေ၊ နည်းလမ်းအသစ်တွေကို ကြိုးစားကြည့်ဖို့ တိုက်တွန်းထားတာပါ။


Analytical thinking

ဖြစ်ရပ်အများစုမှာဆိုရင် လုပ်ဆောင်ရတဲ့ တာဝန်ကကြီးလေ အဲဒါကိုအချိန်ဆွဲပြီး ရှောင်လွှဲဖို့က ပိုပြီးဖြစ်နိုင်လေပါပဲ။ ကလေးတွေကလည်း ဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေကို ပိုပြီးရှင်းရလွယ်ကူတဲ့အထိ အဆင့်ဆင့်ခွဲထုတ်နည်းကို သင်ယူရမှာပါ။


စီမံခြင်းနဲ့ အကောင်အထည်ဖော်ခြင်း

programmer တစ်ယောက်ဟာ ကွန်ပျူတာရှေ့မှာထိုင်တဲ့အချိန်တိုင်း codes တွေနဲ့ပဲ အလုပ်လုပ်ရတာမဟုတ်ပါဘူး။ ပိုပြီးရှုပ်ထွေးလာတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေကို ဆက်လက်ရှာဖွေရပြီး စီမံရတာတွေအပြင် ဒီဖြစ်နိုင်တဲ့အဖြေတွေအားလုံးကို မှန်ကန်တဲ့အဖြေတစ်ခုရတဲ့အထိ အကောင်အထည်ဖော်ပြီး စမ်းသပ်ကြည့်ရပါသေးတယ်။

coding ဘာသာစကားတွေဟာ ကလေးတွေရဲ့ဦးနှောက်တွေကို မရေတွက်နိုင်တဲ့နည်းလမ်းတွေနဲ့ ကောင်းကောင်းလှုံ့ဆော်ပေးပါတယ်
သင့်ကလေးကို ဒီမှာပါဝင်ခိုင်းလိုက်ပါ

ကျွန်တော်တို့ဟာ နည်းပညာကိုအဓိကအားထားတဲ့ ကမ္ဘာကြီးဆီကို လျှောက်လှမ်းနေတာဆိုတော့ coding နဲ့ တခြားသက်ဆိုင်ရာစွမ်းရည်တွေကို ကလေးတွေအတွက် မရှိမဖြစ်လိုအပ်လာပါပြီ။ Logiscool မှာတော့ coding ကို ပျော်စရာကောင်းတဲ့နည်းနဲ့သင်ပေးတဲ့အပြင် ကလေးတွေကိုလည်း ဘဝမှာ အမြဲတမ်းတစ်ပန်းသာနိုင်အောင် တီထွင်သူတွေအဖြစ်ကို ဆောင်ကျဥ်းပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရွေးစင်သင်တန်းကို ကြည့်ရှုပြီး သင့်ကလေးကို စိတ်လှုပ်ရှားစရာကောင်းတဲ့ coding လောကမှာ ပါဝင်စေလိုက်ပါ၊ https://www.logiscool.com/my-mm/courses