Digital literacy ရဲ့ အဓိက အချက်ကြီး ၃ ခုနဲ့ ဒီနေ့ခေတ် ကလေးတွေအတွက် သူတို့ရဲ့ အရေးပါပုံအကြောင်း

Digitalization
Logiscool
၂၈ ဇန် ၂၀၂၁

Digital literacy ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပေမဲ့လည်း North Carolina State University က ပါမောက္ခ Hiller Spires ပြောထားတဲ့ အဓိပ္ပာယ်ကတော့ အပြည့်စုံဆုံးဖြစ်ပါတယ်။ သူက digital literacy ကို အဓိက ၃ ခုခွဲထားပြီး ဒါတွေကတော့၊

  1. digital content ကို ရှာဖွေအသုံးပြုခြင်း
  2. Digital content creation
  3. digital content ကိုဆက်သွယ်ခြင်း သို့ ပေးပို့ခြင်း

တို့ပါ။ဒီလုပ်ရပ်တွေအတွက် နည်းပညာအရည်အချင်းတွေသာမက ထိုးထွင်းသိမြင်နိုင်စွမ်းကိုလည်း အသုံးပြုရမှာဖြစ်ပါတယ်။ Digital literacy နဲ့ digital content creation တွေက တစ်ဘဝစာအတွက် လိုအပ်တဲ့စွမ်းရည်တွေဖြစ်ပြီး နိုင်ငံခြားဘာသာစကားသင်ရသလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဥ်မှာပဲ digital literacy ကို သင်ပေးဖို့အရေးကြီးပါတယ်။ ဒါမှသာ သူတို့ဟာ ဒီနေ့နည်းပညာခေတ်မှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ကလေးတွေအတွက် Digital literacy က တခြားနိုင်ငံခြားဘာသာစကားတွေလိုပဲ တတ်ထားဖို့ အရေးကြီးပါတယ်

Digital content တွေကို ရှာဖွေလေ့လာခြင်း၊

content တွေကို အွန်လိုင်းမှာဖတ်ရုံနဲ့တော့ ဒီလူက ဒစ်ဂျစ်တယ်ပညာတတ်တယ်လို့မဆိုလိုပါဘူး။ သင့်တော်တဲ့ content ကို မှန်မှန်ကန်ကန်ရှာဖွေ ဖတ်ရှုတတ်ဖို့လည်း လိုပါသေးတယ်။ Passwords တို့ ကိုယ်ရေးအချက်အလက်တို့ မပေါက်ကြားအောင် ထားရမယ့်အခြေခံအချက်တွေကို သိထားပြီး အင်တာနက်ကို သေချာအသုံးပြုတတ်ရပါမယ်။ ဒါ့အပြင် ရထားတဲ့သတင်းတွေ မှန်မမှန်ခွဲခြားတတ်ပြီး သတင်းအတုနဲ့ အစစ်ကိုလည်း ခွဲခြားတတ်ရပါမယ်။ လူတွေဟာ သတင်းစာပုံစံမျိုးနဲ့ လုံးဝကို မတူတဲ့ အွန်လိုင်းပေါ်မှာ စာဖတ်နိုင်တဲ့အရည်အချင်းမျိုးလည်း ပိုင်ဆိုင်လာကြပါပြီ။ ဒစ်ဂျစ်တယ်မှာတော့ စာတွေ၊ ပုံတွေတင်မကဘဲ လင့်ခ်တွေ၊ ဗီဒီယိုတွေနဲ့ တခြားအရာတွေလည်း ပါပါတယ်။ ကလေးတွေကိုလည်း အွန်လိုင်းကိုဘေးကင်းကင်းနဲ့သုံးနိုင်ဖို့အတွက် အွန်လိုင်းမှာ ရှာဖွေတာ၊ စာဖတ်တာနဲ့ အဆိုးအကောင်းခွဲခြားတာမျိုးကို သိသွားအောင် သင်ပေးဖို့လိုပါတယ်။ Digital literacy က ဒါတွေအားလုံးကို သင်ကြားပေးနိုင်ပါတယ်။


Digital content creation၊

လူတွေရဲ့ နေ့စဥ်ဘဝမှာ Digital content creation က မပါမဖြစ်ဖြစ်လာပါပြီ။ Forum တစ်ခုမှာ မှတ်ချက်ပေးလိုက်တာ၊ အီးမေးပို့တာ၊ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်တာတွေက တကယ်တမ်းကျတော့ cotent တစ်ခုကို ဖန်တီးလိုက်မှန်း ကျွန်တော်တို့ မသိခဲ့ကြပါဘူး။ ဒီနေရာမှာ digital literacy ကို သိထားတဲ့သူတွေက သူတို့ရဲ့ ပို့စ်တွေ၊ အီးမေးလ်တွေ၊ ဗီဒီယိုတွေ၊ blog ဆောင်းပါးတွေကို တင်တဲ့အခါမှာ စေ့စပ်သေချာစွာနဲ့ တင်တတ်ကြပါတယ်။ ဒီနေ့ခေတ်ကလေးတွေဟာ နည်းပညာတွေနဲ့ ဖက်ပြီးမွေးဖွားလာတာဆိုပေမဲ့လည်း digital content creation ကို ဘယ်လိုမျိုး ဘေးကင်းကင်းနဲ့ ဖန်တီးရမလဲဆိုတဲ့နည်းကို မသင်ဖူးကြသေးပါဘူး။ ဥပမာပြောရရင် graphics၊ videos တွေ ဖန်တီးတာ၊ ဓာတ်ပုံတစ်ပုံတင်တာ ဒါမှမဟုတ် ဂိမ်းတစ်ခုကို coding လုပ်တာ စတဲ့နာမည်ကျော်လုပ်ရပ်တွေကို ဖန်တီးတဲ့နေရာမျိုးမှာပါ။ ဒါတွေကို မိဘတွေရဲ့အကူအညီအပြင် သူတို့အသက်နဲ့ကိုက်ပြီး ဖန်တီးပေးထားတဲ့ digital literacy သင်ရိုးတွေ အကူအညီနဲ့ ရယူနိုင်ပါတယ်။


အွန်လိုင်းက ဆက်သွယ်ခြင်း သို့ digital content ကိုပေးပို့ခြင်း၊

အွန်လိုင်းကနေ သတင်းတွေ၊ content တွေကို ပေးလိုက်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ကျွန်တော်တို့ ပေးလိုက်တဲ့ content တွေက အွန်လိုင်းမှာ တသက်လုံးကျန်နေခဲ့ပြီး အဲဒီမှာပါတဲ့ အရေးကြီးသတင်းအချက်အလက်တွေကို အလွဲသုံးစားလုပ်နိုင်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဥပမာ၊ ကျွန်တော်တို့ မိသားစုနဲ့အတူ မကြာခင်က သွားစားခဲ့တဲ့ စားသောက်ဆိုင်ကပုံ/ မိသားစု/ အိမ်ပုံတွေကို တင်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိသွားကြပြီး တစ်ချိန်ကျရင် ဒါကအန္တရာယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ပုံတွေ၊ ဗီဒီယိုတွေကို တင်လိုက်တဲ့အခါ ဖြစ်လာနိုင်ခြေရှိတာတွေကို သတိထားဖို့လိုပါတယ်။ ကလေးတွေကလည်း ဆိုရှယ်မီဒီယာပေါ်က သူတို့အတွက် ဆိုးကျိုးတွေ၊ ကောင်းကျိုးတွေကို သဘောပေါက်ထားပြီး digital content creation ကို ပေးပို့တတ်အောင် ပြင်ဆင်ထားဖို့လိုပါတယ်။ Digital literacy ကို သင်လိုက်ရင်တော့ ဒါတွေက အဆင်ပြေသွားမှာဖြစ်တဲ့အပြင် တခြားအကျိုးကျေးဇူးတွေလည်းရဦးမှာပါ။


ဒစ်ဂျစ်တယ်နည်းနဲ့ ဆက်သွယ်ပြောဆိုတာတွေကလည်း လူတွေရဲ့ဘဝအပေါ်ကို စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုရှိပါတယ်။ တချို့လူတွေက အွန်လိုင်းပေါ်က public channels တွေကနေ တခြားသူတွေကို မသမာတဲ့နည်း၊ အရှက်ရစေတဲ့နည်းတွေနဲ့ ဆက်သွယ်ပြီး cyberbullying လုပ်ကြပါတယ်။ ဒီလိုအဖြစ်ဆိုးကို အများဆုံးကြုံရသူတွေကတော့ ကလေးတွေအများဆုံးပါပဲ။ ဒါကြောင့် ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ကျွန်တော်တို့က လူတိုင်းသဘောပေါက်အောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ နောက်ပြီး အင်တာနက်ပေါ်က လူတိုင်းက သဘောရိုးရှိသူတွေမဟုတ်တဲ့အကြောင်းနဲ့ ကိုယ့်မိဘတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းတွေကိုသာ စိတ်ချထားသင့်ကြောင်း ပြောပြထားရမှာပါ။ ဒါမှသာ သူတို့ အွန်လိုင်းမှာ အန္တရာယ်တွေ့တဲ့အခါ အကူအညီတောင်းလို့ရမှာပါ။


အခုလက်ရှိ ကမ္ဘာပေါ်မှာ ကလေးအတော်များများ အွန်လိုင်းပေါ်မှာ အများဆုံး ပြောဆိုဆက်သွယ်ရတာကတော့ အွန်လိုင်းပေါ်ကနေ စာသင်ကြားတာပဲ ဖြစ်ပါတယ်။ အခုပြောတဲ့အထဲမှာ အောက်က အရေးကြီးတဲ့စည်းမျဥ်းတွေအကြောင်း သိသွားမယ့် အွန်လိုင်းကျင့်ဝတ်တွေနဲ့ ဗီဒီယိုတွေပါပါတယ်။


သင့်ကလေးရဲ့ digital literacy ကို တိုးစေမယ့်နည်း၊

အခုပြောသွားတဲ့ အင်တာနက်ပေါ်မှာ ဘေးကင်းဖို့နဲ့ digital content creation ပြဿနာတွေကို သင့်ကလေးတွေကို ပြောပြပေးဖို့လိုပါတယ်။ ဒါပေမဲ့ ပညာရှင်တွေနဲ့ သင်ပေးတာကတော့ အကောင်းဆုံးပြင်ဆင်မှုတစ်ခုပဲဖြစ်ပါတယ်။

ကလေးတွေ ဒစ်ဂျစ်တယ်ပညာကို တတ်မြောက်သွားစေဖို့အတွက် Logiscool မှာ ပျော်စရာကောင်းတဲ့ သင်ရိုးညွှန်းတမ်းကို ဖန်တီးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ Digital Discovery သင်တန်းတွေမှာ ကလေးတွေက သိသင့်သိထိုက်တာတွေကို သိသွားစေပြီး ဒစ်ဂျစ်တယ်လောကမှာ အောင်မြင်လာစေမှာပါ။ အသေးစိတ်ကို ဖတ်ပြီး သင့်ကလေးအတွက် ဒီမှာစာရင်းပေးလိုက်ပါ၊ https://www.logiscool.com/my-mm/programs/digital-discovery-111