Gamified ပညာရေးက ဘာလို့အထောက်အကူပြုတာလဲ။

ပညာရေး
Logiscool
၂၈ ဇန် ၂၀၂၁

ကလေးတွေအတွက် ဘယ်လိုလှုပ်ရှားမှုမှာမဆို ပါဝင်ဖို့အတွက် ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိဖို့တော့လိုပါတယ်။ ဒီထဲမှာ ပညာသင်ကြားတာလည်း တစ်ခုအပါအဝင်ပါ။ ကျွန်တော်တို့လူကြီးတွေတောင်မှ အိပ်ရာကနေ ခုန်ထပြီး အပြေးသွားချင်မိတဲ့ အလုပ်မျိုးပဲ လုပ်ချင်သလို ကလေးတွေကလည်း သူတို့သင်ခန်းစာတွေနဲ့ပတ်သက်လာရင် ဒီလိုမျိုးပါပဲ။ ဒါကြောင့် ဂိမ်းကစားတဲ့ပုံစံ ပညာရေးတစ်ရပ် အသက်ဝင်လာတာပါ။

တကယ်လို့ သင်က သင့်ကလေး ငယ်ငယ်တုန်းက ဆော့ကစားရင်းနဲ့ စာသင်ပေးတဲ့ပုံစံမျိုးအတိုင်း အခုချိန်မှာ သူတို့ရဲ့စိတ်ကိုပြန်ပြီး နှိုးဆွပေးချင်တယ်ဆိုရင်တော့ gamified ပညာရေးကို စဥ်းစားဖို့အချိန်ကျပါပြီ။

Gamified ပညာရေးဆိုတာကတော့ ကလေးတွေကို တက်တက်ကြွကြွနဲ့ ပညာသင်ကြားလိုစိတ်ကို ဖြစ်စေတဲ့အရာပါ
gamified ပညာရေးရဲ့အဓိက အားသာချက်တွေက ဘာတွေလဲ။

ထိုးထွင်းသိမြင်မှုတွေ တိုးစေခြင်း

gamified ပညာရေးကနေတစ်ဆင့် ကလေးတွေဟာ သူတို့ရဲ့အတွေးအခေါ်တွေနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေကိုရရှိနိုင်ပါတယ်။ သူတို့က လက်တွေ့လုပ်ဆောင်ချက်တွေကနေ လုပ်နည်းဗျူဟာတွေကိုစဥ်းစားနိုင်ကြမှာဖြစ်ပြီး ဆုတွေရရှိတဲ့အတွက်လည်း ပိုပြီးတော့ စိတ်တက်ကြွလာမှာပါ၊ ဒါတွေကြောင့်ပဲ သူတို့တွေဟာ အချိန်ကြာကြာဒီထဲမှာ ပါဝင်လာနိုင်ပါတယ်။ Gamified ပညာရေးက လက်နဲ့မျက်လုံးဟန်ချက်ညီပေါင်းစပ်လုပ်ဆောင်တာ၊ အာရုံစိုက်တာတွေကိုလည်း တိုးတက်စေပြီး အာရုံစူးစိုက်မှုတွေကတစ်ဆင့် နိုးကြားတက်ကြွမှုတွေလည်း တိုးလာမှာပါ။ ဒီအချက်တွေအားလုံးက ထိုးထွင်သိမြင်မှုကို အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်စေပါတယ်။


စိတ်ပိုင်းဆိုင်ရာစွမ်းရည်များ

Gamified ပညာရေးက စိတ်ပိုင်းဆိုင်ရာ အားကောင်းစေဖို့ကိုလည်း စီမံပေးထားပါတယ်။ ကလေးတွေဟာ သင်ယူနေရင်း ဒေါသထွက်ပြီး မချင့်မရဲဖြစ်တာကနေ စိတ်လှုပ်ရှားပြီး အောင်မြင်မှုရတာအထိ စိတ်ခံစားမှုအမျိုးမျိုးကို ခံစားရမှာပါ။ ဒါတွေကတစ်ဆင့် ကလေးတွေဟာ စိတ်ဖိစီးမှုနဲ့ အခက်အခဲတွေကို ကိုင်တွယ်နိုင်တဲ့စွမ်းရည်တွေကို လေ့ကျင့်ပြီးသားဖြစ်သွားမှာပါ။ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အထင်ကြီးမှုကို ဒီကနေပဲ ရရှိနိုင်ပါတယ်။ ဒါအပြင် ကလေးတွေဟာ ပျော်စရာကောင်းတဲ့စာသင်ခန်းထဲမှာပဲ စွန့်စားရတာတွေ၊ လက်တွေ့စမ်းသပ်တာတွေ မအောင်မြင်တာတွေကိုကြုံရပြီး ပိုကောင်းတဲ့ ရလဒ်တွေရအောင် ထပ်ပြီးကြိုးစားအားထုတ်ရတဲ့အတွက်ကြောင့် ဒီ Gamified ပညာရေးနည်းလမ်းက ကလေးတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပိုပြီးတိုးစေပါတယ်။


လူမှုရေးအတွက်အားသာချက်များ

အသင်းအဖွဲ့နဲ့လုပ်တာက တကယ်ကိုကောင်းတဲ့နည်းလမ်းပါ။ စုပေါင်းလုပ်ဆောင်တဲ့နည်းလမ်းက ကလေးတွေကို အဖွဲ့တစ်ခုအနေနဲ့ အလုပ်တူတူလုပ်ခွင့်ရစေပြီး အဖွဲ့ဝင်အချင်းချင်းကြား ရင်းနှီးခင်မင်သွားကြကာ အောင်မြင်မှုကို အတူရယူနိုင်စေပါတယ်။ အချင်းချင်းအပြန်အလှန်ဆက်သွယ်တဲ့ gamified ပညာရေး တွေထဲမှာ ပါဝင်ဆောင်ရွက်ခြင်းက ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ သူငယ်ချင်းခင်မင်မှုမျိုးကို တည်ဆောက်ပေးနိုင်ပါတယ်။ ဒါဟာ ဘဝမှာ အလုပ်အကိုင်အတွက်ရော ကိုယ်ရေးကိုယ်တာအတွက်ပါ တကယ်ကို အသုံးဝင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။

gamified ပညာရေးကနေ အကောင်းဆုံးဘယ်လိုမျိုးသင်ကြားရယူမလဲ။

တကယ်လို့ သင်က သင့်ကလေးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ သင်ကြားမှုမျိုးကို ရှာနေတယ်ဆိုရင်တော့ Logiscool ရဲ့ ပျော်စရာကောင်းတဲ့နည်းနဲ့သင်ပေးတဲ့ digital literacy နဲ့ coding သင်တန်းနဲ့ camps တွေကို စမ်းကြည့်လိုက်ပါ။ Logiscool မှာ စာသင်ရင်း ဂိမ်းကစားရင်းနဲ့ အောင်မြင်မှုကို အတူလက်ချင်းတွဲပြီး အရယူကြတာပါ။ gamified ပညာရေးကို ကျွန်တော်တို့ ယုံကြည်ထားပြီး ကျွန်တော်တို့သင်ကြားပေးတာက အနာဂတ်အတွက် ဉာဏ်ကြီးရှင်တွေဖြစ်လာစေမှာပါ။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေဟာ ကွန်ပျူတာဂိမ်းတွေဖန်တီးပြီး mobile apps တွေဖန်တီးကာ robots တွေကို ထိန်းချုပ်ကြပါတယ်။ ဒါ့အပြင် visual stories တွေကိုလည်း ဆော့ကစားရင်းနဲ့ အလွယ်တကူ ဖန်တီးနိုင်ကြပါတယ်။ ကျောင်းသားတွေဟာ ပျော်စရာကောင်းတဲ့ သင်တန်းတွေကို သဘောကျကြပါတယ်။ ဗဟုသုတတိုးစေဖို့၊ စိတ်ကိုအားပေးဖို့နဲ့ ပူးပေါင်းပါဝင်ဖို့အတွက် ရှေးရိုးစွဲ စာသင်နည်းမျိုးမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ နည်းနဲ့ သင်ကြားပေးနေတဲ့ ဒီသင်တန်းက ကလေးတွေရဲ့ တိုးတက်အောင်မြင်မှုကို မိဘတွေလည်း မြင်နိုင်ပါတယ်။ Gamified ပညာရေးကို ကလေးတွေ စာသင်ရင်း အမြဲတမ်းပျော်ရွှင်နေစေဖို့ အားကျအတုယူစရာကောင်းတဲ့ စာသင်ခန်းမျိုးနဲ့ပေါင်းစပ်ပြီး သင်ပေးထားတာပါ။

Logiscool ရဲ့ coding သင်တန်းတွေ၊ ကလေးတွေအတွက် camps တွေနဲ့ပတ်သက်ပြီး လေ့လာကြည့်လိုက်ပါ၊ ပြီးရင်တော့ ဒီနေ့ပဲ သင့်ကလေးကို ကျောင်းအပ်ပေးလိုက်ပါ။