2020 ရဲ့ အကောင်းဆုံး robots

Coding & Tech
Logiscool
၂၃ ဖေ ၂၀၂၁

robotics လုပ်ငန်းဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်နေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ မနှစ်က ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်အလျင်အမြန်ပျံ့နှံ့လာချိန်မှာတော့ ဒါကိုအသုံးပြုမှုဟာ တစ်ရှိန်ထိုးမြင့်တက်လာပါတယ်။ ဒီဗိုင်းရပ်စ်မပျံ့အောင် လူတွေရဲ့အလုပ်အကိုင်တွေကို ဆောင်ရွက်ပေးဖို့ robots တွေ ချက်ချင်းကြီးလိုအပ်လာပါတယ်။ ဆေးရုံတွေမှာ robots တွေက အထူးအသုံးဝင်လာပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ အလုပ်တာဝန်တွေ လျော့ပါးသွားအောင်လို့ လူနာတွေကို စက်တွေနဲ့ပဲ စောင့်ကြည့်စေပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီတွေမှာလည်း ထုတ်လုပ်မှုမပြတ်စေဖို့အတွက် ဂိုထောင်တွေမှာ သူတို့တွေပဲ အကူအညီပေးပြီး လုပ်သားအင်အားကို လျှော့ချခဲ့ပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်အပြင် တခြားမှတ်သားစရာတစ်ခုကတော့ robots တွေဟာ ကျွန်တော်တို့ရဲ့ ဘဝတွေမှာ နည်းလမ်းမျိုးစုံနဲ့ ပိုပြီးတော့ ပါဝင်လာပါပြီ။

2020 ရဲ့ အမိုက်စား robots ၅ ခု ဒီမှာပါ။

၁။ Neon၊

Samsung Technology and Advanced Research (STAR) Labs က တီထွင်ထားတဲ့ digital avatar ဖြစ်ပြီး အဓိကနယ်ပယ်သုံးခုကို အာရုံစိုက်ထားပါတယ်၊ reality၊ real-time နဲ့ responsive။ Neons တွေဟာ ကျွန်တော်တို့နဲ့တူပြီး ဆောင်ရွက်နေတဲ့ artificial humans တွေပါ။ သူတို့စီတိုင်းမှာ နဂို ကိုယ်ရည်ကိုယ်သွေးနဲ့ သွင်ပြင်ဟန်ပန်တွေရှိပါတယ်။ သူတို့ကို Siri တို့ Alexaတို့လို မေးခွန်းတွေကိုဖြေဖို့ လုပ်ထားတာမဟုတ်ဘဲ စိတ်ခံစားမှုတွေကို ပြဖို့၊ အတွေ့အကြုံတွေကနေ သင်ယူဖို့နဲ့ အမှန်တကယ် စကားပြောဆိုနိုင်ဖို့အတွက် ဖြစ်ပါတယ်။ Neon တစ်ခုစီကို ကွန်ပျူတာဖန်တီးထားတာဖြစ်ပြီး သူတို့ကို ကဏ္ဍအမျိုးမျိုးဖြစ်တဲ့ TV presenter၊ ဆရာဝန်၊ ဆရာ၊ ဘဏ္ဍာရေးအကြံပေး စသဖြင့် အံဝင်ခွင်ကျ ဖန်တီးနိုင်ပါတယ်။

၂။ A1၊

ဒါကတော့ တရုတ်က စပြီးတည်ထောင်သူ Unitree က ဖန်တီးထားတဲ့ robot dog ဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ future of pets တွေဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ သူ့မှာ တခြားအသုံးဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ကျတဲ့ အရည်အချင်းတွေရှိပါသေးတယ်။ A1 က ၁ ပေကျယ်ပြီး ၂ ပေရှည်ပါတယ်။ ပြီးတော့ တစ်စက္ကန့်ကို ၁၀ပေအထိ သွားနိုင်ပြီး အလေးချိန်က ၂၅ ပေါင်းရှိပါတယ်။ သူ့ရဲ့ဘက်ထရီက ၂ နာရီကြာသုံးလို့ရပါတယ်။ A1 က ၁၁ ပေါင်အထိ သယ်နိုင်တာကြောင့် သူ့ကို ပစ္စည်းပေးပို့သူအဖြစ် အသုံးပြုလို့ရပါတယ်၊

၃။ Digit၊

Agility Robotics က ခေါင်းမပါတဲ့ လူပုံစံမှာ အာရုံခံစားနိုင်တဲ့ ကိုယ်လက်တွေ၊ ဆင်ဆာတွေပါတဲ့ Digit ကို ထုတ်လုပ်လိုက်ပြီး ပစ္စည်းပို့တာလိုမျိုး တာဝန်တွေထမ်းဆောင်နိုင်တဲ့အပြင် ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာလည်း သွားလာနိုင်ပါတယ်။ Digit က လှေကားတွေနဲ့ မတူညီတဲ့နေရာအမျိုးမျိုးကို သွားလာနိုင်ပါတယ်။ သူက ခြေတစ်ဖက်တည်းနဲ့ ဟန်ချက်ညီအောင် ထိန်းနိုင်ပေမဲ့ တည့်တည့်မတ်မတ်လမ်းလျှောက်လေ့ရှိပြီး ပေါင် ၄၀ လောက်ထိရှိတဲ့ သေတ္တာတွေကို မ နိုင်တဲ့အထိ သန်မာပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ Digit ကို Ford စက်ရုံတွေမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ Ford က Digit မောင်းသူမဲ့ကားတွေစီးပြီး စားသုံးသူတွေဆီ ပစ္စည်းတွေပို့ဆောင်ပေးတဲ့ လုပ်ငန်းစဥ်တစ်ခုလုံးကို စက်နဲ့အလုပ်လုပ်ဆောင်သွားဖို့ စီစဥ်ထားပါတယ်၊

၄။ Jivaka၊

Parel Workshop of Central Railways က အဝေးကထိန်းချုပ်လို့ရတဲ့ Jivaka ကို တီထွင်လိုက်ပါတယ်၊ ဒီ rover က ကျန်းမာရေးဝန်ထမ်းတစ်ဦးလို အလုပ်လုပ်နိုင်ပါတယ်။ သူက ကိုယ်အပူချိန်တိုင်းတာ၊ သွေးပေါင်ချိန်တာ၊ အောက်ဆီဂျင်ပမာဏတိုင်းတာ စတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်တာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုအမျိုးမျိုးကို လုပ်ဆောင်ပေးနိုင်ပါတယ်၊

၅။ C-Astra၊

Invento Robotics က C-ASTRA ထုတ်လုပ်လိုက်ပြီး သူကတော့ လူနာတွေကို စစ်ဆေးတာအပြင် UVC light ကိုအသုံးပြုပြီး နေရာတွေကို ပိုးသတ်တာတွေ လုပ်ဆောင်ပေးနိုင်တဲ့ smart robot ဖြစ်ပါတယ်။ C-Astra က semi-automatic robot ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကို တိုင်းပေးနိုင်တဲ့ thermal cameras တွေလည်း ပါပါသေးတယ်၊

robots တွေများလာတာက ခြိမ်းခြောက်မှုအဖြစ်လည်း ရှုမြင်နိုင်သလို ကြိုဆိုလက်ခံလို့ရတဲ့အရာအဖြစ်လည်း မြင်နိုင်ပါတယ်။ အနာဂတ်မှာ အလုပ်အများစုကို artificial intelligence နဲ့ပဲ ဆောင်ရွက်သွားမှာဖြစ်တာကို ကျွန်တော်တို့ နားလည်ထားရမှာဖြစ်တာကြောင့် ကလေးတွေကို robotics သင်ပေးတာက သူတို့ကို အနာဂတ်လုပ်ငန်းခွင်မှာ သူများနဲ့ယှဥ်ပြီး အောင်မြင်နိုင်မယ့် ဗဟုသုတတွေကို ပေးသွားနိုင်မှာပါ။ Logiscool မှာတော့ ကျွန်တော်တို့ဟာ ကလေးတွေကို ပျော်စရာကောင်းတဲ့ နည်းနဲ့ပဲ robotics ကိုသင်ပေးပြီး LEGO Boost၊ LEGO Mindstorms EV3၊ Cosmo နဲ့ mBot ပါတဲ့ သင်တန်းတွေ၊ camps တွေ စီမံပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ သင်တန်းတွေနဲ့ camps တွေကို https://www.logiscool.com/my-mmမှာ ကြည့်ရှုပြီး သင့်ကလေးရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပေးလိုက်ပါ။