ဒစ်ဂျစ်တယ်အနာဂတ်ရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ တီထွင်ဖန်တီးမှု

Digitalization
Logiscool
၂၃ ဖေ ၂၀၂၁

creativity လို့ဆိုလိုက်တာနဲ့ လူအတော်များများက ပန်းချီကားလှလှလေးရေးတာ၊ ကာရံညီတဲ့ ကဗျာတစ်ပုဒ် ဒါမှမဟုတ် အားကျအတုယူရတဲ့ စာပေတစ်ခုလို့ တွေးထင်တတ်ကြပါတယ်။ အယူအဆလွဲတစ်ခုကတော့ နည်းပညာကဏ္ဍမှာ creative-minded လူတွေ မလိုအပ်ဘူးဆိုတာပါပဲ။ ဒါဟာ လုံးဝကို မှားယွင်းနေတာပါ။ တကယ်တော့ creativity ဆိုတာ ဒီကဏ္ဍရဲ့အဓိက အချက်အချာတစ်ခုဖြစ်ပြီး တီထွင်ဖန်တီးမှုကို ဖြစ်စေတာပါ။

artificial intelligence၊ automation နဲ့ တခြားနည်းပညာအသစ်တွေက ကျွန်တော်တို့ဘဝတွေကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေပြီး အနာဂတ်မှာလည်း သိသာထင်ရှားတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားဦးမှာပါ။ ဒါပေမဲ့ creativity နဲ့ creative problem-solving တွေကတော့ စက်တွေနဲ့ အစားမထိုးနိုင်တဲ့ လူတွေရဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။

ဒါဆိုရင် creativity က ဘာကြောင့် ကျွန်တော်တို့ဘဝတွေရဲ့ အဓိကအချက်အချာဖြစ်လာတာလဲ။

ကျွန်တော်တို့ဟာ နေ့စဥ်ဘဝမှာလည်း creativity ကိုသုံးကြပါတယ်။ ဒါကို သုံးပြီးတော့ ဇာတ်လမ်းတွေပြောတယ်၊ ကျွန်တော်တို့အမြင်တွေကို ဖော်ပြတယ်၊ ကမ္ဘာကြီးလုံးဝပြောင်းလဲသွားစေတဲ့ ဆန်းသစ်တဲ့အတွေးအခေါ်တွေကို ဖြစ်လာစေတယ်။

ကျွန်တော်တို့ဟာ တစ်ခုခုကို အောင်မြင်ချင်စိတ်ဖြစ်လာတဲ့အခါ creativity က အသက်ဝင်လာပါတယ်။ ဒါကိုလည်း လွတ်လွတ်လပ်လပ်လှုပ်ရှားဆောင်ရွက်မှုတွေကနေတစ်ဆင့် နေ့စဥ်လေ့ကျင့်ပေးပြီး ပုံဖော်လို့ရပါတယ်။

ဥပမာ၊ တကယ်လို့ ကျွန်တော်တို့ဟာ ဗီဒီယိုဂိမ်းတစ်ခုကို coding ရေးဖို့စဥ်းစားတဲ့အခါ နည်းလမ်းအမျိုးမျိုးသုံးပြီး တူညီတဲ့ရလဒ်ကို ဖန်တီးနိုင်ပါတယ်။ ဒါဟာ creative activity တစ်ခုလို့ပြောလို့ရပါတယ်။ အဖြေတစ်ခုတည်းရှိတာမျိုးမဟုတ်ဘဲ coder တစ်ယောက်ဟာ ထူးခြားတာ တစ်ခုခုကိုဖန်တီးဖို့ လွတ်လပ်မှုတွေအများကြီးရှိပါတယ်။ ကာရိုက်တာတွေထဲမှာလည်း Creativity ကို ထည့်နိုင်သလို နောက်ခံပုံရိပ်တွေမှာလည်း ထည့်နိုင်ပါတယ်။ ဂိမ်းတစ်ခုလုံးကို ထူးခြားပြီး ပါဝင်ချင်စရာကောင်းအောင်လည်း Creativity ကိုထည့်သုံးနိုင်ပါသေးတယ်။

အဖြူရောင်နောက်ခံရှေ့က ရောင်စုံပုံ ဆယ်ပုံ

Creativity က critical thinking၊ creative problem-solving skills တွေကို အားဖြည့်ရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါသေးတယ်။

ဥပမာ အနုပညာတစ်ခုကို ကြည့်မယ်ဆိုရင် အနက်ရောင် canvas ပေါ်မှာစတင်ပြီး ပန်းချီဆရာက သူ့စိတ်ကြိုက်အဆုံးသတ်ရေးဆွဲလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ရလဒ်ထွက်လာဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီလိုတခြားနည်းတွေသုံးရုံနဲ့ အမှားတွေမကြုံဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမှားတွေကို ဖြတ်ကျော်ပြီး သူတို့လိုချင်တဲ့ရလဒ်ရဖို့ ပြဿနာတွေဖြေရှင်းပြီး သေချာတွေးတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဒီ creative mindset ဟာ ဘဝမှာတန်ဖိုးရှိတဲ့အရာဖြစ်ပြီး လူသားတွေသာပိုင်ဆိုင်ထားတဲ့ အရာလည်းဖြစ်ပါတယ်။

အားလုံးထက်ရှေ့တစ်လှမ်းသာဖို့ကတော့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ creativity နဲ့ နည်းပညာကို ပေါင်းစပ်ဖို့ လိုပါတယ်။ ဒီနှစ်ခုက ဟန်ချက်ညီညီ ပေါင်းစပ်ဖို့လိုပြီး ပြုစုပျိုးထောင်ပေးဖို့လည်း လိုပါတယ်။

ကလေးတွေရဲ့ creativity ကို ငယ်ငယ်တည်းကနေ မြှင့်တင်ပေးဖို့ မရေတွက်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။ လွတ်လွတ်လပ်လပ်ဖြေရှင်းလို့ရတဲ့ tasks တွေကို အသုံးပြုပြီး အဖြေတွေရှာဖို့ သေချာတွေးပြီး ဖြေရှင်းဖို့ အားပေးတာ၊ ထူးခြားပြီး ဆန်းသစ်တဲ့ရလဒ်တွေထွက်လာအောင် တိုက်တွန်းအားပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလိုအရည်အချင်းတွေကို တည်ဆောက်ပေးတာက ကလေးတွေကို သူတို့အနာဂတ်အတွက် အောင်မြင်ဖို့ ဦးနှောက်ကို စွမ်းအားပေးလိုက်တာပဲဖြစ်ပါတယ်။

ကလေးတွေကို သူတို့ဘာသာတွေးခေါ်တတ်ဖို့နဲ့ ပြဿနာအခြေအနေတစ်ခုကို တစ်နည်းထက်ပိုပြီး ချဥ်းကပ်တတ်အောင် အားပေးဖို့အရေးကြီးပါတယ်။ သူတို့လက်ထဲမှာ ဖြစ်နိုင်ခြေတွေနဲ့ ထိန်းချုပ်နိုင်စွမ်းတွေရှိတာကို သူတို့သိထားဖို့လိုပါတယ်။

Creativity ဆိုတာ ကလေးတွေကို အနာဂတ်ကိုမောင်းနှင်နိုင်ဖို့ အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်ပြီး ဒါဟာ လျှော့တွက်လို့လည်းမရ ကျော်သွားလို့လည်းမရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

Logiscool မှာတော့ တီထွင်ဖန်တီးမှုကို သင်တန်းတိုင်းနဲ့ သင်ကြားမှုတိုင်းအတွက် အဓိကထားထားပါတယ်။ ကျွန်တော်တို့ရဲ့ သင်တန်းတွေကို ကြည့်ရှုပြီး ကလေးတွေ သဘောကျမယ့် ပျော်စရာကောင်းတဲ့ Logiscool ရဲ့ပညာရေးကို မြည်းစမ်းဖို့ ကျွန်တော်တို့ရဲ့ အစမ်းသရုပ်ပြ သင်ခန်းစာတစ်ခုကို အခမဲ့စမ်းသပ်ကြည့်လိုက်ပါ။

သင်တန်းများ၊ https://www.logiscool.com/my-mm/courses 

အခမဲ့ အစမ်းသရုပ်ပြသင်ခန်းစာများ၊ https://www.logiscool.com/my-mm/programs/open-days