အင်တာနက်ပေါ် ဘေးကင်းစိတ်ချရေးနဲ့ ကလေးများ၊ အွန်လိုင်းပေါ်က အန္တရာယ်တွေကို ရှောင်ရှားနည်း

Coding & Tech
Logiscool
၂၈ ဖေ ၂၀၂၁

ကလေးတွေဟာ နေ့တိုင်းလိုလို အွန်လိုင်းပေါ်ကအကြောင်းအရာတွေကို နာရီပေါင်းများစွာကြာအောင် အချိန်ပေးကြသလို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကိုလည်း သူတို့အဓိကဆက်သွယ်ရေးကိရိယာအဖြစ် အသုံးပြုကြပါတယ်။ တကယ့်အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံရာကနေ ပိုပြီးကျယ်ပြန့်တဲ့ ဒစ်ဂျစ်တယ်ဝင်းထဲကို ပြောင်းရွှေ့သွားကြပါတယ်။ ဒါပေမဲ့ ဒီအတွက် သူတို့ တကယ်ရော ပြင်ဆင်ထားရဲ့လား။ အင်တာနက်ပေါ် ဘေးကင်းဖို့အတွက် သင့်ကလေးနဲ့ စကားပြောပြီးပြီလား။ သူတို့ကရော ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေနဲ့ လိုအပ်ချက်တွေကိုရော နားလည်သဘောပေါက်ကြရဲ့လား။ နောက်ပြီး ပလက်ဖောင်းတွေကို ဘေးကင်းကင်းနဲ့သုံးပြီး အွန်လိုင်းပေါ်က ခြိမ်းခြောက်မှု‌ွေကို ကိုင်တွယ်ဖြေရှင်းနည်းတွေကိုရော သူတို့ သိကြရဲ့လား။

နှစ်တိုင်း ဖေဖော်ဝါရီ ၉ ရက်မှာပြုလုပ်တဲ့ Safer Internet Day က ဒါတွေကို မီးမောင်းထိုးဖော်ပြလေ့ရှိပါတယ်။ ဒီပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီလိုပြဿနာတွေကို ပိုမိုသိရှိလာပြီး ကလေးတွေအတွက် အင်တာနက်မှာ ပိုပြီးဘေးကင်းအောင် ဆောင်ရွက်ရမယ့်နည်းတွေကို သိရှိလာစေဖို့ပဲဖြစ်ပါတယ်။ ဒါဆို အင်တာနက်ပေါ် ဘေးကင်းစိတ်ချနဲ့ ဒီလိုအန္တရာယ်တွေကနေ သူတို့ကိုကာကွယ်ဖို့အတွက် ကလေးတွေကို ဘယ်လိုမျိုးပညာပေးကြမလဲ။

အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုတွေအပြင် အင်တာနက်ပေါ် ဘေးကင်းစိတ်ချရေးကို နားလည်သဘောပေါက်စေပြီး အသက်အရွယ်အလိုက် ကလေးတွေကို ပညာပေးဖို့က အခြေခံအချက်ပဲဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ အွန်လိုင်းပေါ်က အန္တရာယ်တွေထဲမှာ cyberbullying၊ harassment၊ invasion of privacy နဲ့ sexting တို့ပါဝင်ပါတယ်။ ဒီ blog ဆောင်းပါးမှာတော့ cyberbullying ကိုဥပမာထားပြီး ပြောသွားမှာဖြစ်ပေမဲ့ ဒီအန္တရာယ်တွေအားလုံးကို ချဥ်းကပ်ဖြေရှင်းပုံကတော့ တူတူပါပဲ။

ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်အချိန်ထဲကပဲ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို စပြီး အသုံးပြုနေကြပါပြီ

Cyberbullying - အင်တာနက်ပေါ် လုံခြုံမှုမရှိခြင်း

Cyberbullying ဆိုတာကတော့ ဆိုရှယ်မီဒီယာတွေ၊ ဂိမ်းကစားတာတွေ အပြန်အလှန်မက်ဆေ့ပို့လို့ရတဲ့ ပလက်ဖောင်းတွေကနေ ခြိမ်းခြောက်အနိုင်ယူတာမျိုးကို ခေါ်တာပါ။ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေကို ကလေးတွေ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံမတူကြပါဘူး။ ဒီလိုမျိုး အနိုင်ကျင့်ခံရတာဟာ ပြောမပြတတ်အောင် စိတ်ဖိစီးပြီး အထီးကျန်ကာ ဒီခံစားမှုက အပြင်လောကမှာထက် ပိုပြီးတော့ ကြီးမားပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းကတော့ ကလေးတွေကို အင်တာနက်ပေါ်ဘေးကင်းဖို့အတွက် အခြေခံအချက်တွေဖြစ်တဲ့ ဒီလိုအခြေအနေတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နည်း၊ ဖြစ်လာခဲ့ရင် တုံ့ပြန်နည်းနဲ့ သူတို့ကိုယ်ကိုယ် အနိုင်မကျင့်မိအောနေနည်းတွေကို သင်ပေးရပါမယ်။

အင်တာနက်ပေါ် ဘေးကင်းရေးအတွက် လိုက်နာရမယ့်အကြံပြုချက်များ၊

  • သင့်ကလေးနဲ့အတူ အွန်လိုင်းမှာအတူထိုင်ပြီး သင့်တော်တဲ့အမူအရာတွေကို သင်ပေးပါ။ ကလေးတွေဟာ သူတို့မိဘတွေဆီက အရာတိုင်းကို အတုခိုးသင်ယူတတ်ကြပြီး အထူးသဖြင့် ကလေးငယ်တွေက သင်တို့ပြုမူပုံကိုကြည့်ပြီး သူတို့လည်း ဒီအတိုင်းလိုက်လုပ်လေ့ရှိပါတယ်။
  • ခြိမ်းခြောက်တာတွေကို မတုံ့ပြန်ဖို့နဲ့ အဲဒီထဲမှာမပါဝင်ဖို့အတွက် သင့်ကလေးကို သင်ထားပေးပြီး လူကြီးတစ်ယောက်ကိုသာ အကြောင်းကြားခိုင်းလိုက်ပါ။ ဒီလိုအပြုအမူတွေမှာ မပါဖို့အတွက် ကလေးတွေဟာ ကိုယ်တိုင်ရော သူများကိုပါ လေးစားတတ်ဖို့က အရေးကြီးပါတယ်။ သင်နဲ့ သူတို့ကြား ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတဲ့အခါ သူတို့မှာ အင်တာနက်ပေါ်က ခြိမ်းခြောက်တာ ဒီလိုလူမျိုးကိုဆုံရတာမျိုးကျရင် သင့်ကို ဖွင့်ပြောလာမှာဖြစ်ပါတယ်။
  • သင့်အိမ်မှာ ကွန်ပျူတာကို အများမြင်ရတဲ့နေရာမှာ ထားပါ၊ ဒါမှသာ သူတို့ကြည့်နေတဲ့အကြောင်းအရာတွေကို သင်စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
  • နောက်ပြီး သူတို့တွေ smartphones၊ tablets တွေ အသုံးပြုတဲ့ကြာချိန်ကို စောင့်ကြည့်ထားပြီး သူတို့သုံးဖို့ သတ်မှတ်ချိန်တစ်ခုကိုတောင် ထားရှိသင့်ပါတယ်။
  • အင်တာနက်ပေါ် ဘေးကင်းဖို့ အလွယ်ဆုံးနည်းကတော့ သင့်ကလေးအကြိုက်ဆုံး sites တွေကို bookmark လုပ်ထားတာဖြစ်ပြီး သူတို့ဟာ တခြား sites တွေဆီအာရုံမရောက်ဘဲ တိုက်ရိုက်ဝင်ကြည့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
  • ဒါ့အပြင် အွန်လိုင်းပေါ်မှာ သူတို့မျှဝေမယ့်အချက်တွေနဲ့ပတ်သက်ပြီး သင့်ကလေးတွေ တွေးတတ်အောင် သင်ပေးပါ။ သူတို့ အွန်လိုင်းမှာရှိနေစေချင်သူတွေကို မေးပါ။ သူတို့ အွန်လိုင်းပေါ် မျှဝေလိုက်တဲ့ comments၊ photos၊ videos နဲ့ content တွေက သူတို့ ဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ပြနိုင်တဲ့အကြောင်းကိုလည်း ပြောပြပေးပါ။
  • အွန်လိုင်းပေါ်မှာ အချက်အလက်တွေ အများကြီးတင်တဲ့အန္တရာယ်များပုံကိုလည်း သင့်ကလေးကို သင်ပေးပါ။ ကိုယ့်အိမ်လိပ်စာလိုမျိုး အချက်အလက်တွေကို အွန်လိုင်းပေါ်မတင်ဖို့ သူတို့ကိုသင်ပေးပါ။
  • နောက်ပြီးမသိတဲ့လူစိမ်းတွေနဲ့လည်း အွန်လိုင်းမှာစကားမပြောဖို့ သင်ပေးပါ။

အင်တာနက်ပေါ် ဘေးကင်းဖို့နဲ့ အွန်လိုင်းမှာဖြစ်တတ်တဲ့ အန္တရာယ်တွေအကြောင်း သင်ပေးတဲ့အပြင် သင့်ကလေးဟာ အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်ခံနေရလားဆိုတာကိုလည်း သင်က သတိထားမိနိုင်ဖို့အရေးကြီးပါတယ်၊ ဒါမှသာ တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းပေးလို့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို သိရှိဖို့ အဓိကလက္ခဏာရပ်တွေကတော့ ဒီမှာပါ၊

  • သူတို့ဟာ emails၊ texts နဲ့ digital alerts တွေရတဲ့အခါ စိတ်ဖိစီးတဲ့ပုံပေါ်လာခြင်း။
  • သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူမနေဘဲ ရှောင်ဖယ်ဖယ်ဖြစ်လာခြင်း။
  • သူတို့ဟာ အင်တာနက်ကိုဖြစ်စေ သူတို့ဖုန်းကိုဖြစ်စေ အကြာကြီးအသုံးမပြုတော့ခြင်း။
  • ကျောင်း ဒါမှမဟုတ်တခြားလူမှုရေးပွဲတွေကို ရှောင်ဖို့ကြိုးစားခြင်း။
  • အစားအသောက်ပျက်ပြီး မအိပ်ပျော်ခြင်း။
  • ကျောင်းမှာ အဆင့်တွေကျခြင်း။

သင့်ကလေးကို ကာကွယ်ဖို့ အင်တာနက်အပေါ် ဘေးကင်းအောင်ဆောင်ရွက်ပေးတဲ့ parental controls၊ apps နဲ့ tracking software တွေအများအပြားရှိပြီး ကြိုတင်တားဆီးဖို့အတွက် အသုံးပြုလို့ ကောင်းပါတယ်။ ဒါပေမဲ့ ကလေးတွေကို ရေရှည်ဘေးကင်းအောင် အထိရောက်ဆုံးနည်းကတော့ အွန်လိုင်းပေါ်က အန္တရာယ်တွေအကြောင်း သူတို့ကိုပြောကြားပြီး ဒါတွေကို ရှောင်ပုံရှောင်နည်းနဲ့ တစ်ခုခုဖြစ်လာရင် သင့်ဆီကို လာပြီးဖွင့်ပြောဖို့ကို ပြောပြထားတဲ့နည်းပဲဖြစ်ပါတယ်။

Logiscool ဟာ နှစ်စဥ်နှစ်တိုင်း Safer Internet Day ပါဝင်ပြီးတော့ ကျောင်းတွေကို အင်တာနက်ပေါ်ဘေးကင်းစိတ်ချရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အခမဲ့တင်ဆက်ပေးပါတယ်။ တကယ်လို့ သင်က ဒီဝန်ဆောင်မှုကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျေးဇူးပြုပြီး https://www.logiscool.com/my-mm , သွားပြီး သင့်နေရာနဲ့အနီးဆုံး Logiscool ကိုရှာပြီး သူတို့ဆီက ဒီ presentation ကိုတောင်းဆိုလို့ရပါတယ်။