Logiscool က ခေတ်မီပြီး ပျော်စရာကောင်းတဲ့ ပညာရေး၊ ကလေးများအတွက် digital literacy

Logiscool
၂၈ ဖေ ၂၀၂၁

တကယ်လို့ သင်က သင့်ကလေးရဲ့အနာဂတ်အတွက် အသုံးဝင်တဲ့ စွမ်းရည်တွေ ရဖို့ ဘာတွေသင်ပေးရမလဲလို့ စဥ်းစားနေရင်တော့ digital literacy နဲ့ computer coding ကို စာရင်းထိပ်မှာသာထားလိုက်ပါ။

digital literacy ပဲဖြစ်ဖြစ် coding ပဲဖြစ်ဖြစ် ကလေးတွေအတွက်တော့ ပျော်စရာကောင်းကောင်းနဲ့ သင်ယူဖို့က သိပ်ကိုအရေးကြီးပါတယ်။ Logiscool မှာတော့ ကျွန်တော်တို့ဟာ အဖိုးတန်တဲ့ ဘဝရဲ့စွမ်းရည်တွေကို တည်ဆောက်ပေးနိုင်ဖို့ သင်ကြားမှုအပိုင်းကို အသေးစိတ်ကအစ အလေးပေးထားပါတယ်။ ကလေးတွေ စာသင်ရတာကို စိတ်လှုပ်ရှားပျော်ရွှင်စေဖို့အတွက် ပျော်စရာလည်းကောင်း ကစားလို့လည်းရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့က တကယ့်ကိုအခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

Logiscool က ပျော်စရာကောင်းတဲ့ ပညာရေး

ကလေးတွေကို သင်ပေးတဲ့ Digital literacy

ပျော်စရာကောင်းတဲ့ ပညာရေး

ကျွန်တော်တို့ရဲ့ ပျော်စရာကောင်းတဲ့ပညာရေးနည်းလမ်းက digital literacy နဲ့ ကလေးတွေအတွက် codingကို သင်ပေးတဲ့နေရာမှာ ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ ကလေးတွေဟာ အချင်းချင်းပြန်လှန်ဆက်သွယ်ပြီး လက်တွေ့လေ့ကျင့်ရတဲ့ သင်ခန်းစာတွေကနေ ပျော်စရာကောင်းကောင်းနဲ့ စာသင်ကြားရပါတယ်။


project-based သင်နည်း

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေဟာ အိမ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ပြီး သင်ခန်းစာတိုင်းမှာ ဆန်းသစ်တာတွေကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ သူတို့ကို ဂုဏ်ယူဝင့်ကြွားစေပြီး မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့လည်း မျှဝေနိုင်ဦးမှာပါ။ ဒီသင်ရိုးညွှန်းတမ်းကို တိကျပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပရောဂျက်တွေအဖြစ် ခွဲထုတ်ပေးထားပြီး ကျောင်းသားတွေဟာ အသက်အရွယ်အလိုက်စီမံပေးထားတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရင် စိတ်အားတွေတက်ကြွကာ သူတို့ရဲ့ digital literacy skillsတွေလည်း ပိုပြီးတော့ တိုးတက်လာမှာပါ။


ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေး

ကျွန်တော်တို့ရဲ့ အဖွဲ့ငယ်လေးတွေပါတဲ့ သင်တန်းတွေနဲ့ လွတ်လွတ်လပ်လပ်လုပ်ရတဲ့အလုပ်တွေအတွင်း ကလေးတွေဟာ သူတို့ရဲ့နည်းပြတွေ တခြားကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံရမှာဖြစ်ပြီး ပြဿနာတွေကို အတူဖြေရှင်းရမှာပါ။ ဒါဟာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တိုးစေပါတယ်။ ဒီ စွမ်းရည်တွေတွေဟာ သူတို့ကို digital literacy ပညာကို ပိုပြီးအလွယ်တကူ တတ်မြောက်သွားစေရုံသာမက တခြားနယ်ပယ်တွေမှာပါ ကောင်းကျိုးတွေ ရစေမှာပါ။


အကောင်းဆုံး သင်ရိုးညွှန်းတမ်းနဲ့ equipment

ကျွန်တော်တို့ဟာ ကလေးတွေအနေနဲ့ digital literacy နဲ့ coding အလွယ်တကူ သင်ယူနိုင်ဖို့အတွက် ပျော်စရာကောင်းပြီး ထူးခြားတဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးပလက်ဖောင်း ကို တီထွင်ထားပါတယ်။ ကျောင်းသားတွေဟာ သူတို့ရဲ့ပရောဂျက်တွေကို digital blocks နဲ့တည်ဆောက်နိုင်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ထူးခြားတဲ့ system ကနေ ဒါတွေကို အနာအဆာမရှိတဲ့ code ရေးနိုင်မှာပါ။

Computer coding က ကျောင်းသားတွေကို သာမန်သုံးစွဲသူအဖြစ်ကနေ ကိုယ်တိုင်ဖန်တီးသူအဖြစ်ကို ပြောင်းလဲပေးနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ သင်ခန်းစာ ၈၀၀ ပါတဲ့ creative ဖြစ်ပြီး professional ဆန်တဲ့ coding သင်ရိုးညွှန်းတမ်း က ကလေးတွေရဲ့ ပင်ကိုစူးစမ်းလိုစိတ်ကို အကျိုးရှိရှိဖြစ်အောင် ပြောင်းလဲပေးမှာပါ။


ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ လူငယ်နည်းပြများ

ကျွန်တော်တို့မှာ programmers၊ mathematicians နဲ့ physicists စတဲ့ ပညာရပ်အမျိုးမျိုးကလာတဲ့ ကျွမ်းကျင်လူငယ်နည်းပြတွေအများကြီးရှိပါတယ်။ ဒီနည်းပြတွေဟာ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့အကျွမ်းတဝင်ရှိသလို နောက်မျိုးဆက်သစ်တွေနဲ့ ဗဟုသုတတွေမျှဝေရတာကိုလည်း နှစ်သက်သဘောကျကြပါတယ်။ သေသေချာချာရွေးချယ်ထားပြီး သင်တန်းတွေပေးကာ အဆက်မပြတ်တိုးတက်အောင် လေ့ကျင့်ပေးထားတာကြောင့် ဒီနည်းပြတွေဟာ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ပညာရေးနည်းလမ်းကို အမီလိုက်နိုင်ပြီး ကလေးတွေကို စိတ်ဓာတ်တက်ကြွလာအောင် သူတို့ရဲ့ digital literacy skills တွေတိုးလာအောင် သင်ပေးနိုင်မယ်ဆိုတာ အာမခံပါတယ်။


အားကျစရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ digital literacy ကိုသင်ယူခြင်း

ပျော်စရာကောင်းတဲ့အပြင် နည်းပြနဲ့ကျောင်းသား တိုက်ရိုက်ထိတွေ့မှုရှိတာ၊ ပေါင်းသင်းဆက်ဆံရတာနဲ့ လက်တွေ့လေ့ကျင့်ခန်းတွေအများကြီးလုပ်ရတာကလည်း ကလေးတွေ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ကျောင်းဟာ မိဘတွေပါ သူတို့ကလေးတွေရဲ့အောင်မြင်မှုကို လာရောက်ခံစားနိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ LIVE online သင်ခန်းစာတွေကိုလည်း တီထွင်ပြီး နားလည်လွယ်တဲ့နည်းနဲ့ ကလေးတွေအတွက် လုပ်ဆောင်ပေးထားတာပါ။

ကျွန်တော်တို့ community building site MyLogiscool ကတစ်ဆင့် digital scene ထဲမှာ တီထွင်ဖန်တီးမှုတွေလုပ်ဖို့ နေရာပေးထားပါတယ်။ ဒီချန်နယ် Logiscool’s ကတစ်ဆင့် ကျောင်းသားတွေဟာ ပျော်စရာကောင်းတဲ့ စိန်ခေါ်မှုတွေမှာ ပါဝင်နိုင်ပြီး ဉာဏ်စမ်းပဟေဠိတွေနဲ့ သူတို့ရဲ့ digital literacy အသိပညာကို စမ်းသပ်နိုင်မှာပါ။ ဒါ့အပြင် တခြားပရောဂျက်တွေကိုလည်း စမ်းကြည့်လို့ရဦးမှာပါ။


အောင်မြင်တဲ့အနာဂတ်ကိုပိုင်ဆိုင်ဖို့အတွက် တန်ဖိုးကြီးတဲ့ စွမ်းရည်များ

စဥ်ဆက်မပြတ် ကြီးထွားတိုးတက်ခြင်းနဲ့ သင်ယူဖို့အတွက် လမ်းဖွင့်ပေးထားခြင်းက ကျွန်တော်တို့ရဲ့ ခေတ်သစ်ဒစ်ဂျစ်တယ်လောကမှာ အောင်မြင်ဖို့အဓိကသော့ချက်ဖြစ်ပါတယ်။ ကလေးတွေအတွက် အလားအလာရှိတဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့ကတော့ digital literacy နဲ့ coding အပြင် တခြား အဖိုးတန်တဲ့ စွမ်းရည်တွေကို သင်ယူခြင်းပဲဖြစ်ပါတယ်။ Logiscool မှာတော့ ကျောင်းသားတွေဟာ robotics၊ video editing၊ digital graphics နဲ့ game design တွေလိုမျိုး တီထွင်ဖန်တီးမှုရှိတဲ့ နယ်ပယ်အမျိုးမျိုးကို စမ်းသပ်ကြည့်ဖို့အခွင့်အရေးရမှာပါ။ သင်တန်းအမျိုးမျိုးနဲ့ camps အမျိုးမျိုးကိုလည်း ဆက်တိုက်သင်ယူနိုင်သလို တစ်ခုချင်းစီကိုလည်း တစ်ပြိုင်နက်တည်းပြီးအောင် သင်ယူနိုင်ပါတယ်။ ဒီနည်းနဲ့ ကလေးတွေအကျိုးရှိစေဖို့အတွက် ပျော်စရာကောင်းတဲ့ပညာရေးတစ်ခုကိုလည်း စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။

ကျွန်တော်တို့ရဲ့ digital literacy ထဲက သင်တန်းတစ်ခုမှာ သင့်ကလေးကို အပ်နှံဖို့ ဒါမှမဟုတ် ကလေးတွေအတွက် coding သင်တန်းတွေကို အပ်နှံဖို့  နှိပ်ပါ။