ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ ရှိပြီးသားမျိုးဆက်တွေနဲ့ ပြောင်းရွှေ့လာတဲ့ မျိုးဆက်များ

Digitalization
Logiscool
၁၆ မတ် ၂၀၂၁

ဒစ်ဂျစ်တယ်ကမ္ဘာကြီးဟာ အဆက်မပြတ်တိုးတက်ပြောင်းလဲနေပါတယ်။ ဒါဟာ အများစုအတွက်တော့ ခက်ခဲပြီး စိတ်ပျက်စရာကောင်းပေမဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် ဒါဟာ သာမန်ဘဝတစ်ခုလိုပဲ မှတ်ယူကြပါတယ်။

၂၀၀၁ ခုနှစ်ကဆောင်းပါးထဲမှာ အမေရိကန်ပညာရေးမှူးလည်းဖြစ် စာရေးဆရာနဲ့ ကထိကလည်းဖြစ်တဲ့ Marc Prensky က အုပ်စုနှစ်ခုနဲ့ ပညာရေးမှာ သူတို့တွေ ဒုက္ခပေးပုံအမျိုးမျိုးကို ဖော်ပြဖို့အတွက် Digital Native နဲ့ Digital Immigrant ဆိုတဲ့ အသုံးနှုန်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။

လူငယ်မျိုးဆက်တွေဟာ မွေးစတည်းက computers၊ webcams၊ smart phones ဒါမှမဟုတ် Internet စတာတွေနဲ့လက်ပွန်းတတီးကြီးပြင်းလာတာပါ။ ကလေးတွေရဲ့ ဦးနှောက်တွေဟာ ဒီလိုပစ္စည်းတွေကို အလွယ်တကူအသုံးပြုနိုင်လောက်အောင် စုပ်ယူနိုင်စွမ်းရှိကြပြီး၊ သူတို့ရဲ့သင်ယူလေ့လာပုံက ကွဲပြားသွားပါတယ်။ ဒါ့အပြင် အရင်မျိုးဆက်တွေထက်စာရင် နည်းပညာနဲ့ပတ်သက်မှုကလည်း မတူတော့ပါဘူး။ တချို့သုတေသီတွေကတော့ သူတို့ရဲ့ ပင်ကိုတည်ဆောက်ပုံက ပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ အကြံပြုကြပါတယ်။ သူတို့ကိုတော့ Digital Natives လို့ခေါ်ပါတယ်။

Generation Y လို့ခေါ်တဲ့ ဟိုအရင်မျိုးဆက်တွေကတော့ ၈၀ပြည့်လွန်အစောပိုင်းကာလနဲ့ ၉၀ ပြည့်လွန်အလယ်ပိုင်းကာလမှာ မွေးလာကြသူတွေပါ။ (သူတို့ကိုတော့ ထောင်စုနှစ်အပြောင်းမှာ စပြီးအရွယ်ရောက်လာကြတဲ့အတွက် Millenials တွေလို့ခေါ်ပါတယ်။) သူတို့တော်တော်များများဟာ digital gadgets မပါဘဲ ကလေးဘဝကိုဖြတ်သန်းလာခဲ့ရပြီးမှ ဘဝရဲ့အစောပိုင်းမှာ ဒစ်ဂျစ်တယ်ယဥ်ကျေးမှုကို ကြုံတွေ့လာတာပါ။ သူတို့နောက်မှာတော့ ၉၀ ပြည့်လွန်နှောင်းပိုင်းနဲ့ ၂၀၁၀ ပြည့်လွန်အစောပိုင်းမှာ မွေးလာတဲ့ Generation Z ခေါ် zoomers တွေ လိုက်လာပါတယ်။ သူတို့ကတော့ အင်တာနက်ကို ငယ်ငယ်လေးနဲ့စပြီးထိတွေ့ခွင့်ရတဲ့သူတွေပါ။ လက်ရှိမျိုးဆက်ကတော့ ၂၀၁၀ ပြည့်လွန်အစောပိုင်းကစပြီးနောက်ပိုင်းမှ လူဖြစ်လာတဲ့ Generation Alpha ပဲဖြစ်ပါတယ်။

အပြာရောင် မိုဘိုင်းပုံရှိတဲ့ ဘုတ်ကို လက်ညှိုးညွှန်ပြနေတဲ့ တီရှပ်အပြာနဲ့ ပုံဆွဲနေတဲ့အမျိုးသား

Natives ရဲ့နောက်မှာတော့ Immigrants တွေရှိပါတယ်၊ သူတို့ကတော့ digital devices သုံးနည်းတွေကို အသက်ကြီးမှ သင်ရတဲ့သူတွေပါ။ ဘာသာစကားသင်သလိုပဲ ဦးနှောက်ကလည်း လူကြီးအရွယ်စာသင်တာနဲ့ ကလေးဘဝတုန်းကစာသင်တာကို စုပ်ယူနိုင်စွမ်းက မတူပါဘူး။ တကယ့်လက်တွေ့ကမ္ဘာမှာ immigrant တစ်ဦးက နိုင်ငံခြားလေသံစွက်နေသလိုပဲ Digital Immigrant ကလည်း Natives နဲ့ကွာခြားပါတယ်၊ သူတို့ဟာ ခေတ်မီနည်းပညာတွေကို လေ့လာနိုင်ကောင်း လေ့လာနိုင်ပေမဲ့ (လူငယ်တွေထက်ပင် ပိုတော်နိုင်ပါတယ်) အဲဒါတွေကို အနည်းအကျဥ်းလောက်သာ အသုံးချမှာပါ။ ပရင်တာသုံးပြီး စာရွက်ထုတ်တတ်တဲ့ ဝန်ထမ်းတစ်ယောက်ဟာ ပရင်တာမင်လဲဖို့လောက်သာ စိတ်ဝင်စားပြီး word processor ကိုသုံးဖို့စိတ်ဝင်စားမှာမဟုတ်ပါဘူး။ အသက်ကြီးဆွေမျိုးတစ်ယောက်ကလည်း သူပို့လိုက်တဲ့ အီးမေးရမရကို သင့်ဆီဖုန်းဆက်မေးဖို့ပဲ ပိုပြီးအားသန်တာမျိုးပါ။ တန်းတူရင်ပေါင်တန်းချင်တဲ့ immigrants တွေတောင် တခါတလေ အမှားအယွင်းလုပ်မိနိုင်ပြီး Facebook၊ Twitter နဲ့ Instagram တွေကို ကောင်းကောင်းအသုံးပြုတတ်မှာမဟုတ်သလို ဘယ်ဟာက ဘယ်သူနဲ့ အကောင်းဆုံးဖြစ်မလဲကိုလည်း မသိပါဘူး။

ဒီလိုမျိုးဆက်ကွာဟမှုဟာ ကျောင်းမှာ အသက်ကြီးကြီး Digital Immigrants တွေက Natives တွေကိုသင်တဲ့အခါမှာ ပြဿနာတွေဖြစ်လာပြီး အခက်အခဲတွေနဲ့ ကြုံရပါတယ်။ Natives တွေဟာ ငယ်ငယ်လေးနဲ့ ရုပ်ပုံတွေ၊ ပန်းချီကားတွေကနေ အချက်အလက်တွေကို အလျင်အမြန်သင်ယူတတ်မြောက်သွားကြပြီး နောက်မှသာ စာဖတ်တာကို တတ်မြောက်ကြတာပါ။ သူတို့ဟာ စာသင်နေရင်း သီချင်းနားထောင်တာ တစ်ခုခုလုပ်တာမျိုးတွေကိုလည်း တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ အင်တာနက်မှာ မွေနှောက်ရှာဖွေပြီး စာတွေကို အခန်းလိုက်ဖတ်တာမျိုးထက် တွေ့ရာမြင်ရာကို ဝင်ပြီးဖတ်ကြတာပါ။ ဒါကြောင့် ရှေးကလမ်းဟောင်းကြီးဖြစ်တဲ့ စာသင်ပြပြီး စာမေးပွဲစစ်တဲ့ နည်းလမ်းတွေက သူတို့အတွက် အလုပ်မဖြစ်တာက မဆန်းပါဘူး။ သူတို့မွေးဖွားကြီးပြင်းလာတဲ့အချိန် သင်ယူတဲ့နည်းလမ်းတွေနဲ့ အကွာကြီးကွာနေလို့ပဲဖြစ်ပါတယ်။

Logiscool မှာတော့ Digital Natives မျိုးဆက်အတွက် သူတို့ဘဝမှာလိုအပ်တဲ့ digital literacy ကိုသင်ပေးဖို့အရေးကြီးတယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်နည်းပြတွေကလည်း သူတို့အတိုင်း စဥ်းစားပြီး သူတို့သိတဲ့ အသိပညာတွေကို ဆော့ကစားတဲ့နည်းနဲ့ ကလေးတွေကို လက်ဆင့်ကမ်းပေးတာကြောင့် ကလေးတွေရဲ့ ပင်ကိုသဘာဝသင်ယူနည်းနဲ့ သင်ယူနိုင်တဲ့နှုန်းအလိုက် သင်ပေးနိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ၄-၅ လကြာတဲ့ သင်တန်းတွေမှာ coding နဲ့ video production နဲ့ robotics လိုမျိုး တခြားဒစ်ဂျစ်တယ် ဘာသာရပ်တွေကို သင်ပေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ ၆-၁၀ အခန်းတွေပါတဲ့ workshops မှာလည်း ကလေးတွေကို mobile app development၊ 3D design၊ digital illustration နဲ့ Minecraft modding လိုမျိုး စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေကို ထပ်ပြီးတတ်မြောက်စေပါတယ်။ ကျွန်တော်တို့ရဲ့ သင်တန်းတွေ ဒါမှမဟုတ် workshops မှာ စာရင်းသွင်းပြီး Digital Natives တွေကို ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ကျွန်တော်တို့ရဲ့ experience-based စာသင်နည်းကို ခံစားကြည့်လိုက်ပါ။

သင်တန်းများ၊ https://www.logiscool.com/my-mm/courses 

Workshops၊ https://www.logiscool.com/my-mm/workshops