အားကျအတုယူရတဲ့ မိခင်တစ်ဦး၊ Margaret Hamilton၊ oftware engineering ရှေ့ဆောင်တီထွင်သူ

Coding & Tech
Logiscool
၁၂ ပြီ ၂၀၂၁

Margaret Hamilton ဟာ ထူးချွန်ပြီးအတုယူစရာကောင်းတဲ့ မိခင်တစ်ဦးပါ။ အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ သူဟာ software engineering နဲ့ space exploration မှာ ရှေ့ဆောင်လမ်းပြဖြစ်ရုံသာမက ကြင်နာဂရုစိုက်တတ်တဲ့ မိခင်လည်းဖြစ်ပါတယ်။ သူက သူသမီးနဲ့ချစ်ချစ်ခင်ခင်နေထိုင်တတ်သူဖြစ်ပါတယ်။ သူ့သမီးဟာ မထင်မှတ်ဘဲ Apollo space program ထဲက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ bug တစ်ခုကို တွေ့ခဲ့သူပါ။

Margaret Heafield Hamilton (née Margaret Elaine Heafield) ကို ၁၉၃၆ မှာမွေးဖွားခဲ့တာပါ။ သူဟာ ၁၉၅၀ ပြည့်လွန်ကာလမှာ သင်္ချာဘာသာကို သင်ယူခဲ့ပြီး MIT မှာ မိုးလေဝသဆိုင်ရာ software ကို စတင်ပြီး လုပ်ဆောင်ခွင့်ရခဲ့သူပါ။ အဲဒီကနေစပြီး သူဟာ အမေရိကန်လေကြောင်းကာကွယ်ရေးကွန်ရက်အတွက် software ရေးဖို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးတာဝန်ကတော့ သူ့ကိုနှိပ်ကွပ်ဖို့အတွက် အလုပ်ဖြစ်ဖို့နေနေသာသာ ဘယ်သူမှတောင် မခန့်မှန်းနိုင်တဲ့ ပရိုဂရမ်တစ်ခုကို ပြင်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီထဲက အခက်အခဲတစ်ခုကတော့ ဒီပရိုဂရမ်ကို ရေးတဲ့သူဟာ comments တွေကို ဂရိ နဲ့ လက်တင်ဘာသာနဲ့ရေးခဲ့တာဖြစ်ပါတယ်။ Margaret က ဒီပရိုဂရမ်ကို အောင်အောင်မြင်မြင် run နိုင်တဲ့အပြင် ရလဒ်တွေကိုလည်း ဒီဘာသာစကားနှစ်ခုနဲ့ ထုတ်ပေးနိုင်ခဲ့တာကြောင့် လုပ်ဖော်ကိုင်ဘက်တွေ အံ့သြသွားခဲ့ပါတယ်။

ဒီအချိန်မှာပဲ Margaret သမီး Lauren ကိုမွေးပြီးသွားပါပြီ။ အခက်အခဲများတဲ့အလုပ်တစ်ဖက်နဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ အတော်ကို ခက်ခဲနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူဟာ သူ့ခင်ပွန်း James ဆီက အကူအညီတွေအများကြီးရခဲ့တာပါ။ သူ့စကားနဲ့ပြောရရင်တော့ သူက သာတူညီမျှစိတ်ထားရှိတဲ့ ခေတ်မီတဲ့ခင်ပွန်းကိုရထားတဲ့ သိပ်ပြီးကံကောင်းပါတယ်တဲ့

စာအုပ်ပုံကြီးဘေးက Margaret Hamilton

MIT မှာလုပ်နေတုန်းမှာပဲ သူကApollo program (လကမ္ဘာပေါ်ကို ခြေချဖို့ အမေရိကရဲ့ ပထမဆုံးကြိုးစားမှု) အတွက် အင်ဂျင်နီယာအဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ နောက်မှာတော့ သူက in-flight software ကိုတီထွင်ဖို့အတွက် အဖွဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။ သူ့အလုပ်မှာ သူဟာ software writing ရဲ့အရေးကြီးတဲ့သဘောတရားအများစုကို ရှေ့ကဦးဆောင်ခဲ့ပြီး အသိသာဆုံးတစ်ခုကတော့၊ own errors တွေကို ဒီပရိုဂရမ်က ထောက်လှမ်းမိပြီး ပြန်အဖတ်ဆယ်နိုင်တာပဲဖြစ်ပါတယ်။

သူဟာ ညနေခင်းဖြစ်ဖြစ် ပိတ်ရက်တွေမှာဖြစ်ဖြစ် အလုပ်လုပ်ခဲ့ရတာတွေလည်းရှိပြီး သမီးကိုလည်း ခေါ်လာလေ့ရှိပါတယ်။ ၁၉၆၈ ခုနှစ်က တစ်နေ့မှာတော့ သူဟာ Apollo 8 mission (လကမ္ဘာကို ပထမဆုံးလူသားကို သယ်ဆောင်ပြီး မဆင်းသက်ဘဲ ပြန်လာမယ့်ခရီးစဥ်) အတွက် computer simulation ကိုလုပ်ဖို့ ပြင်ဆင်နေတုန်းမှာ သမီးဖြစ်သူက အာကာသစခန်းပုံစံကစားနေပြီး ခလုတ်တွေကို လျှောက်နှိပ်နေရင်း ဒီပရိုဂရမ်ကြီးက ရုတ်တရက်ပျက်သွားပါတယ်။

လေ့လာဆန်းစစ်ပြီးနောက်မှာတော့ သမီး Lauren ဟာ အာကာသယာဥ်မထွက်ခင် အသုံးပြုဖို့ရည်ရွယ်ထားတဲ့ ပရိုဂရမ်တစ်ခုကို မတော်တဆဖွင့်လိုက်မိတာကို Margaret သိသွားပါတယ်။ ဒါပေမဲ့ ဒီပရိုဂရမ်ကို simulated spaceship မှာ စပြီးစမ်းသပ်နေပါပြီ။ တကယ့် ခရီးစဥ်မှာလည်း ဒီအမှားမျိုးဖြစ်နိုင်တာကို သူသဘောပေါက်သွားပေမဲ့ သူ့အထက်အရာရှိတွေက သူ့ကို ပြင်ဆင်ခွင့်မပေးဘဲ အာကာသယာဥ်မှူးတွေဟာ ဘယ်တော့မှ အမှားမလုပ်တတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကံဆိုးချင်တော့ Apollo 8 astronauts ထဲတစ်ယောက်ဟာ တကယ့်ခရီးစဥ်အတွင်းမှာ ဒီလိုပုံစံမျိုးအတိအကျကို လုပ်မိခဲ့ပြီး အပျက်အစီးတွေဖြစ်လာပြီး ခရီးစဥ်ကို ပြန်ပြင်ဆင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက် Margaret ကို software ပြန်ပြောင်းခွင့်ပေးခဲ့ပါတယ်၊ ဒါဆိုရင် အာကာသယာဥ်မှူးက အချိန်မှားပြီး ဒီ ပရိုဂရမ်ကိုဖွင့်ဖို့ကြိုးစားတဲ့အခါ ပရိုဂရမ်က သူ့ကို ပယ်ချနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သူသာ သူ့သမီးကို အလုပ်ကိုမခေါ်လာဘူးဆိုရင် ဒီအမှားကြောင့် လူတိုင်းမထင်ထားတဲ့ ဝမ်းနည်းစရာအဖြစ်တစ်ခုကို ကြုံရတော့မှာပါ။

software engineering ဆိုတဲ့ အသုံးနှုန်းကို တီထွင်သူ သုံးဦးထဲမှာ Margaret တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ အဲဒီတုန်းက ပရိုဂရမ်ရေးတယ်ဆိုတာ အသစ်အဆန်းတစ်ခုဖြစ်ပြီး hardware နဲ့အလုပ်လုပ်ကြတဲ့ ရိုးရိုးအင်ဂျင်နီယာတွေကလည်း ဒါကို အထင်သေးကြပါတယ်။ သူက စပြီးတော့ ငါ့တို့လည်း အင်ဂျင်နီယာတွေပဲဆိုပြီး ဒီလမ်းကို ထွင်ခဲ့တာပါ။ နောက်ဆုံးတော့ ထိပ်တန်း hardware ပညာရှင်တွေပဲပါတဲ့ Apollo meeting တစ်ခုမှာ သူ့ကိုသဘောတူလက်ခံလာပြီး ဒီနယ်ပယ်တစ်ခုလုံးရဲ့ အမွေကို ပေးအပ်ခဲ့ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာကြီးကတော့ အစောပိုင်း software engineering နဲ့ space exploration ခေတ်ထက်ပိုပြီးတော့ ဒစ်ဂျစ်တယ်နည်းနဲ့ ချိတ်ဆက်လာကြပါပြီ။ ကျွန်တော်တို့အများစု၊ မိဘတွေကတော့ အာကာသယာဥ်တွေနဲ့ ပတ်သက်ဖို့ လိုမှာမဟုတ်ပေမဲ့ နည်းပညာရဲကောင်းကျိုးတွေကိုတော့ ခံစားရတာအမှန်ပါပဲ။ Logiscool မှာတော့ digital literacy က ငယ်ငယ်ထဲက စပြီးသင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ကလေးတွေ အသက်ကြီးလာတဲ့အခါ အောင်မြင်လာအောင်အကူအညီဖြစ်စေမယ့် နည်းပညာ အရည်အချင်းတွေ၊ programming၊ robotics၊ internet security၊ digital media၊ gaming တွေနဲ့ ရင်းနှီးကျွမ်းဝင်လာစေဖို့ အသက် ၆ နှစ်ကနေ ၁၈ နှစ်ကလေးတွေအတွက် သင်တန်းတွေ၊ camps နဲ့ workshops အမျိုးမျိုးကို ကမ်းလှမ်းပေးထားပါတယ်။ သူတို့ထဲကတချို့က အာကာသပရိုဂရမ်အတွက် software ရေးနိုင်သူတွေဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ 😊

ကျွန်တော်တို့ Logiscool ရဲ့ ပျော်စရာကောင်းတဲ့ သင်တန်းများ၊ workshops နဲ့ camps တွေအကြောင်းကို ကျွန်တော်တို့ရဲ့ homepage က ဒီနေရာမှာ ဖတ်ကြည့်လိုက်ပါ https://www.logiscool.com/my-mm