Camps၊ school & family၊ ကလေးတွေရဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်စေဖို့ သော့ချက်ဖြစ်တဲ့ community life

ပညာရေး
Logiscool
၁၄ ပြီ ၂၀၂၁

အာဖရိကစကားပုံတစ်ခုကတော့ - ကလေးတစ်ယောက်ကို ပျိုးထောင်ပေးဖို့ တစ်ရွာလုံးလိုတယ်တဲ့။ ကလေးအထူးကုတွေနဲ့ စိတ်ပညာရှင်တွေကလည်း ကလေးရဲ့ စိတ်ကျန်းမာဖို့၊ စိတ်ခံစားမှုကောင်းဖို့နဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် သွေးသားရင်းမိသာစုတွေနဲ့တင် မလုံလောက်တာကို သဘောတူလက်ခံထားကြပါတယ်။ ကလေးတွေဟာ မိသားစုအပြင် လူ့အသိုင်းအဝိုင်းတွေနဲ့လည်း ချိတ်ဆက်မိဖို့လိုပါတယ်။ အထူးသဖြင့် သူတို့နဲ့ သက်တူရွယ်တူတွေက ပိုပြီးအရေးကြီးပါတယ်။

ကလေးတွေရဲ့ပင်ကိုစူးစမ်းစိတ်တွေဟာ ပညာသင်ကြားတဲ့နေရာမှာ တကယ်ကောင်းတဲ့ တွန်းအားတစ်ခုပါပဲ။ ကလေးတွေကြီးပြင်းလာသလို သူတို့ရဲ့ စိတ်ဝင်စားမှုတွေကလည်း ပိုကြီးထွားလာပြီး တခြားသူတွေနဲ့ ပိုပိုပြီး ပတ်သက်ဆက်နွယ်လာစေပါတယ်။ ဒါပေမဲ့လည်း ပထမဆုံးတော့ သူတို့ဟာ အခန်းကဏ္ဍအမျိုးမျိုးနဲ့ အပြုအမူပုံစံအမျိုးမျိုးကို သင်ယူဖို့လိုအပ်တဲ့အပြင် သူများတွေနဲ့ ဘယ်လိုပြောဆိုဆက်ခံရမလဲကိုပါ သိဖို့အရေးကြီးပါတယ်။ ကလေးဘဝတုန်းက မိခင်နဲ့ အများဆုံးထိတွေ့ရတာဖြစ်တဲ့အတွက် သူတို့ပထမဆုံး သူတို့သင်ယူရတာက မိခင်ပဲဖြစ်ပြီး နောက်ပိုင်းမှ သူတို့ဖခင်၊ ညီအစ်ကိုမောင်နှမ၊ ဘိုးဘွားတွေနဲ့ ဦးလေးတို့ အဒေါ်တို့ပဲဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဒီထက်ပိုမိုကျယ်ဝန်းလာပြီး သူငယ်ချင်းတွေ၊ အတန်းဖော်တွေ၊ ဆရာတွေနဲ့ တခြားအသိမိတ်ဆွေတွေပါ ပါလာပါတယ်။ ကလေးတွေဟာ သူတို့မြင်ရတဲ့အရာတွေကို လိုက်ပြီးတုပတတ်ကြပြီး နောက်ပိုင်း သူက ဘယ်လိုမျိုးလဲ၊ တခြားလူတွေနဲ့ ဘာတွေတူလဲဆိုတဲ့ ကိုယ်ပိုင်ဟန်ပန်တွေကို စတင်တည်ဆောက်လာကြပါတယ်။

နောက်ပိုင်း ကလေးတွေဟာ ကိုယ့်မိသားစုအသိုင်းအဝိုင်းပြင်ပ ကမ္ဘာထဲကို ပိုပိုပြီးစူးစမ်းလေ့လာတဲ့အခါ တခြားအရာတွေကို ပိုပိုတွေ့လာရတာကြောင့် သူတို့ကိုယ်ပိုင်ဟန်တွေကိုလည်း ပိုပြီးတော့ ချဲ့ကားလာကြပါတယ်။ သူတို့ဟာ ပုံမှန်ပြုမူတတ်တဲ့အသိုင်းအဝိုင်းတွေနဲ့ လုံးဝကွာခြားတဲ့ အသိုင်းအဝိုင်းတွေကိုလည်း လေ့လာလာကြပါတယ်။ ကလေးတစ်ယောက်အတွက် သိကျွမ်းလာတဲ့ အသိုင်းအဝိုင်းတွေပိုပြီးများလေ သူတို့လူကြီးအရွယ်မှာ လိုအပ်တဲ့စွမ်းရည်တွေကို ပိုပြီးကောင်းကောင်း သင်ယူလာနိုင်လေဖြစ်ပါတယ်။ ဒီထဲမှာ လိုက်လျောညီထွေဖြစ်အောင်နေတာနဲ့ ဆုံးဖြတ်ချက်ချတာတွေလည်းပါပါတယ်။ တချို့လူ့အဖွဲ့အစည်းတွေကတော့ သူတို့ကို ဆုံးဖြတ်ချက်ချသူတွေ၊ ခေါင်းဆောင်တွေဖြစ်လာအောင် ပံ့ပိုးပေးပြီး တချို့ကတော့ သူတို့ကို ခေါင်းဆောင်စိတ်တွေဖြစ်လာအောင် တွန်းအားပေးပါတယ်။ တချို့မှာတော့ သူတို့ဟာ ညှိနှိုင်းတာတွေလုပ်ဖို့လိုအပ်ပြီး သူတို့ကိုယ်ပိုင်စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်အောင် ကူညီပေးပါတယ်။

လက်တော့ကို ကြည့်နေတဲ့ ကလေးများနဲ့ သင်တန်းနည်းပြ

ဒီကလေးဟာ သူ့အတွက် ဘယ်သူမှမဖြေရှင်းပေးမှာ တာဝန်တစ်ခု၊ ပြဿနာတစ်ခုကို ပထမဆုံးကြုံတွေ့ရမယ့် ဒီနေရာမှာ သူတို့ဟာ ပထမဆုံးအကြိမ် မိသားစုနဲ့ ကျောင်းပြင်ပ အတွေ့အကြုံကို ရရှိသွားမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ရွေးချယ်မှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေက သူတို့ကို လူတိုင်းက စင်းလုံးချောကောင်းတာမဟုတ်မှန်း သိသွားစေမှာဖြစ်ပြီး သူတို့အသိုင်းအဝိုင်းမှာ ရမယ့် အောင်မြင်မှုကလည်း သူတို့ရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တဖြည်းဖြည်းချင်း တိုးသွားစေမှာပါ။ ဒါကြောင့် ကလေးတွေဟာ မတူညီတဲ့အသိုင်းအဝိုင်းအမျိုးမျိုးထဲမှာ ကိုယ့်ဘာသာကိုယ် စမ်းသပ်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် သူတို့အတွက် အတွေ့အကြုံတွေရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အောင်မြင်မှုအပေါ် ခံစားချက်ကိုပါ ရရှိသွားမှာပါ။

ဒီနေ့ခေတ်ကလေးတွေဟာ အွန်လိုင်းပေါ်က အသိုင်းအဝိုင်းတွေထဲကိုလည်း မလွှဲမရှောင်သာ ပါဝင်လာရပါတယ်။ မိဘတွေအနေနဲ့ အွန်လိုင်းပေါ်က အန္တရာယ်တွေအကြောင်းကို ကိုယ့်ကလေးတွေကို စောစောစီးစီးပြောပြထားဖို့လိုပါတယ်။ ဒါပေမဲ့လည်း ဒစ်ဂျစ်တယ်ကမ္ဘာထဲက အသိုင်းအဝိုင်းတွေမှာလည်း ကောင်းကျိုးတွေလည်း ရှိပါသေးတယ်၊ ကလေးတစ်ယောက်ဟာ သူငယ်ချင်းအသစ်တွေရနိုင်သလို ပြောင်းရွှေ့သွားတဲ့ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်ရှိနေနိုင်ပြီး ကမ္ဘာ့ထောင့်စွန်းမှာနေထိုင်တဲ့ သက်တူရွယ်တူတွေနဲ့လည်း ဝါသနာတွေကို မျှဝေပြီး အတူတကွဖန်တီးနိုင်ပါသေးတယ်။ ဒီနေ့ခေတ်ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပုံဖော်ရာမှာ အွန်လိုင်းအသိုင်းအဝိုင်းကောင်းတစ်ခုက အရေးပါပါတယ်။ ၂၀၀၉ ခုနှစ် လေ့လာမှုတစ်ခုမှာ အွန်လိုင်းမှာ ပါဝင်ဆောင်ရွက်တာက အရေးကြီးတဲ့အကြောင်းပြသထားတဲ့ အစ္စရေးကျောင်းသားလေးတွေကို အဓိကလေ့လာထားပါတယ်။ ဒီကလေးတွေဟာ ဗီဒီယိုတွေနဲ့ ဂိမ်းတွေဖန်တီးဖို့ visual programming ကို အသုံးပြုကြပြီး သူတို့ဖန်တီးထားတဲ့ အသီးအပွင့်တွေကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့ကြပါတယ်။ ဒီအွန်လိုင်းအသိုင်းအဝိုင်းမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ကလေးတွေကို ဖန်တီးမှုကိုပဲ အာရုံစိုက်နေတဲ့ ကလေးတွေထက်ပိုပြီးတော့ feedback ရကြတယ်လို့ သုတေသီတွေက ပြသခဲ့ပါတယ်။ ဒါဟာ အလုပ်နဲ့ ဖန်တီးမှုအတွက်သက်သက်ပဲ အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းအသိုင်းအဝိုင်းနဲ့ကင်းကွာနေတယ်ဆိုရင် သင့်ရဲ့ရည်ရွယ်ချက်တွေက အောင်မြင်မှုမဟုတ်တာကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

မိသားစုနဲ့ ကျောင်းအပြင် camp တစ်ခုကလည်း ကလေးတွေရဲ့ လူမှုရေးအတွက်အရေးကြီးတဲ့နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ မိသားစုက ကလေးတစ်ယောက်ကို အသစ်အဆန်းတွေ ထိတွေ့ခွင့်ပေးလေ့မရှိသလို ကျောင်းသားဘဝကလည်း စည်းမျဥ်းစည်းဘောင်တွေနဲ့နေရတာကြောင့် လွတ်လွတ်လပ်လပ် စမ်းသပ်ကြည့်ဖို့ အခွင့်အရေးမရှိပါဘူး။ camps လိုမျိုး ခဏတာနေရမယ့် အသိုင်းအဝိုင်းတွေကတော့ ဒီလိုစမ်းသပ်မှုတွေအတွက် တကယ်ကိုကောင်းတဲ့နေရာတွေပါပဲ။ ကလေးတွေဟာ camp တိုင်းမှာ ရမယ့် သူတို့ကဘယ်သူတွေလဲ၊ သူများတွေနဲ့ ဘယ်လိုပြောဆိုမလဲနဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဘယ်လိုပြုမူရမလဲဆိုတာတွေနဲ့ပတ်သက်ပြီး အသုံးဝင်တဲ့ သင်ခန်းစာအမျိုးမျိုးကို သင်ရမှာပါ။ နောက်ပြီး ကျောင်းမှာထက် camp က သူတို့ပိုပြီးလွတ်လပ်ပေါ့ပါးမှာဖြစ်သလို တခြားသူတွေကိုလည်း ပိုပြီးပွင့်ပွင့်လင်းလင်းဆက်ဆံလို့ရမှာပါ။ အပြန်အလှန်အနေနဲ့ သူငယ်ချင်းအသစ်တွေရှာရပိုလွယ်သွားပြီး သူတို့အနာဂတ်အောင်မြင်မှုအတွက် စိတ်ကူးအတွေးအသစ်တစ်ခုကိုတောင် ရနိုင်ဦးမှာပါ။ camp ကနေ အိမ်ပြန်လာတဲ့ ကလေးတွေဟာ အကျိုးရှိတဲ့ ဗဟုသုတတွေကို ယူလာရုံသာမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကိုလည်း ယူလာနိုင်ဦးမှာပါ။

Logiscool က ခဏတာနေရမယ့် အသိုင်းအဝိုင်းတွေရဲ့ အရေးပါပုံအကြောင်းကို သတိပြုမိခဲ့တာအတော်ကြာပါပြီ။ ဒါကြောင့်လည်း ကျွန်တော်တို့ သင်တန်းတွေနဲ့ workshops တွေအပြင် စိတ်လှုပ်ရှားစရာ နေ့တက်နဲ့ အွန်လိုင်း camps တွေကိုပါ ကမ်းလှမ်းပေးထားတာပါ။ ကျွန်တော်တို့ camps ထဲက တခြားအကြောင်းအရာတွေထဲမှာ ကလေးတွေအနေနဲ့ Minecraft၊ Roblox၊ coding၊ robotics နဲ့ digital media တွေကို စူးစမ်းနိုင်မှာဖြစ်ပြီး ဝါသနာအသစ်တစ်ခုရှာတွေ့တာ ဒါမှမဟုတ် သူတို့အနာဂတ်အသက်မွေးဝမ်းကျောင်းအတွက် အခြေခံအုတ်မြစ်တွေတောင် ချသွားနိုင်ဦးမှာပါ။ ကျွန်တော်တို့ စီစဥ်ထားတဲ့ အဖွဲ့ငယ်လေးတွေက အကျိုးရှိတဲ့ ဗဟုသုတတွေကို ဆော့ကစားတဲ့နည်းနဲ့ ကျွမ်းကျင်အောင် စီမံပေးထားတဲ့အပြင် အသိုင်းအဝိုင်းကောင်းတစ်ခုမှာနေရတဲ့ အတွေ့အကြုံတွေကိုလည်း ပေးဦးမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Logiscool ရဲ့ camps နဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေကို ဒီမှာရှာနိုင်ပါတယ်၊ https://www.logiscool.com/my-mm/programs/camps