NASA ရဲ့ နောက်ဆုံးပေါ် Mars mission က ကျွန်တော်တို့အနာဂတ်ကို ပြောင်းလဲစေပုံ

Coding & Tech
Logiscool
၂၀ ပြီ ၂၀၂၁

NASA ရဲ့နောက်ဆုံး Mars mission ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် Perseverance အမည်ရတဲ့ rover အသစ်တစ်စီးဟာ ဒီနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ Red Planet ပေါ်ကို ဆင်းသက်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကနေ ၇ လနီးပါးကြာ သွားရောက်ခဲ့ရတဲ့ ခရီးစဥ်ဖြစ်ပါတယ်။ ဒီလိုဆင်းသက်ပြီးချိန်ကစပြီး ဒီယာဥ်ကနေ အံ့သြစရာပုံတွေနဲ့ ဒေတာတွေကို ပြန်ပေးပို့ခဲ့ပါတယ်။

Perseverance rover ဟာ ခြောက်ဘီးတပ်ယာဥ်ဖြစ်ပြီး အလေးချိန်အားဖြင့် 2,260-pounds (1,025-kilograms) ရှိပါတယ်။ သူ့မှာ စက်ကိရိယာ ၇ ခုပါပြီး၊ မိုက်ခရိုဖုန်းနှစ်ခုနဲ့ ကင်မရာ ၂၃ ခုပါပါတယ်။ နောက်ပြီး အလားအလာအရှိဆုံးကျောက်တုံးတချို့ရဲ့ အရေးကြီးနမူနာတချို့ကို တူးဖော်နိုင်တဲ့ drill တစ်ခုလည်းတပ်ဆင်ထားပါသေးတယ်။ ဒီနမူနာတွေကိုတော့ Mars မျက်နှာပြင်ပေါ်က သီးခြားနေရာတစ်ခုထဲမှာ ထည့်ထားခဲ့ပါတယ်။ အနာဂတ်မှာလုပ်မယ့် mission တစ်ခုကနေ ဒီနမူနာတွေကို ကမ္ဘာမြေပေါ်ကိုပြန်ယူလာပြီး Mars ကို သယ်သွားလို့မရတဲ့ အထူးကိရိယာတွေတပ်ဆင်ထားတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးသွားမှာပါ။

ဒီ mission က Mars ပေါ်က ဗဟုသုတတွေကို စုဆောင်းပေးနိုင်သလို အနာဂတ်မှာ ဒီဂြိုလ်ပေါ်မှာ လူတွေရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြနိုင်မယ့် နည်းပညာတွေကိုစမ်းသပ်ခွင့်ပေးသွားနိုင်ပါတယ်။ ဒီထဲမှာ Mars ဂြိုလ်ပေါ်မှာ အောက်ဆီဂျင်ထုတ်နိုင်ဖို့အတွက် စမ်းသပ်တဲ့နည်းလမ်းနဲ့ အနာဂတ်မှာ အာကာသယာဥ်မှူးတွေက ဒီ Red Planet ပေါ်မှာ အလုပ်လုပ်တဲ့အခါ ဘယ်လိုဖုန်မှုန့်၊ ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေက အနှောင့်အယှက်ဖြစ်နိုင်လဲဆိုတာကိုပါ ထုတ်ဖော်သွားတာတွေ ပါဝင်ပါတယ်။

red mars မျက်နှာပြင်

Mars ပေါ်ရောက်ပြီး တစ်လလောက်ကြာတဲ့အထိ Perseverance rover ဟာ ဒီဂြိုလ်ပေါ်မှာ အရင်က သက်ရှိနေခဲ့ဖူးတဲ့ အရိပ်အယောင်ကို မမြင်ရပေမဲ့ ယာဥ်ဆင်းတဲ့နေရာက ကျောက်တုံးတွေကတော့ လေနဲ့ရေတိုက်စားမှုကိုခံရတဲ့ ပုံတွေပြသနေပါတယ်။

တကယ်လို့ Perseverance ဟာ ဒီဂြိုလ်ပေါ်က သူ့ရဲ့ ၂ နှစ်တာခရီးစဥ်အတွင်း ခိုင်မာတဲ့ သိပ္ပံဆိုင်ရာရလဒ်တွေကို ပြသနိုင်တယ်ဆိုရင် Mars ပေါ် စူးစမ်းရှာဖွေရေးရဲ့ တကယ့်အောင်မြင်မှုကြီးဖြစ်လာမှာပါ။ ဒါဟာ ဟိုအရင်က ရေ၊ မီသိန်းနဲ့ အော်ဂဲနစ်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ထောက်ပံ့ပေးမှာဖြစ်ပြီး သက်ရှိတွေနေထိုင်ရှင်သန်နိုင်တဲ့ သက်သေတွေလည်း ပိုပြီးပေးသွားနိုင်မှာပါ။ နောက်ပြီး သိပ်မဝေးတော့တဲ့ ဆယ်စုနှစ်တွေမှာ ဒီဂြိုလ်ပေါ်ကိုသွားမယ့် လူသားတွေရဲ့ခရီးစဥ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တတ်နိုင်သမျှ စောစောစီမံထားလို့လည်း ရသွားမှာပါ။

ဒီ mission ဖြစ်မြောက်ဖို့အတွက် Perseverance အဖွဲ့သားတွေဟာ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့ရပါတယ်။ သိပ္ပံနယ်ပယ်ပေါင်းများစွာကိုလည်း အတူပေါင်းစည်းပြီးလုပ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီထဲမှာ physics၊ geology နဲ့ astronomy သာမက engineering sciences ပါ အဓိကအခန်းကဏ္ဍက ပါဝင်ပြီးလုပ်ဆောင်ခဲ့ရတာပါ။ ဒီ rover လှုပ်ရှားပုံ၊ သူ့ရဲ့ robotic arms အလုပ်လုပ်ပုံနဲ့ ဆင်ဆာတွေကို လည်ပတ်ပုံစတာတွေကို ပညာရှင်တွေ၊ mechanical engineers တွေက programming၊ robotics နဲ့ special computer-controlled simulation methods ကိုအသုံးပြုပြီးတော့ ကောင်းကောင်းတည်ဆောက်က အကောင်အထည်ဖော်ခဲ့တာပါ။ သူတို့တွေမပါဘဲနဲ့တော့ ဒီ mission က အောင်မြင်မှာမဟုတ်ပါဘူး။

ဒီနေ့ခေတ်ကလေးတွေဟာ အနာဂတ်ရဲ့ အာကာသဆိုင်ရာအင်ဂျင်နီယာတွေပါပဲ။

ကျွန်တော်တို့ ကလေးတွေကို Perseverance လိုမျိုး NASA missions တွေအတွက် ပြင်ဆင်ပေးထားတာမဟုတ်ပေမဲ့လည်း NASA ပညာရှင်တွေ နေ့စဥ်လုပ်ဆောင်နေတဲ့ သိပ္ပံနယ်ပယ်အမျိုးမျိုးမှာ သူတို့ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ကြည့်ချင်စိတ်ကိုတော့ ဖြစ်စေပါတယ်။ Logiscool က ကလေးတွေရဲ့ စိတ်ဝင်စားမှုအရှိန်အဟုန်ကို ပင့်တင်ပေးပြီး သူတို့ရဲ့အနာဂတ် aerospace အလုပ်အကိုင်တွေအထိ ရောက်သွားနိုင်မယ့် ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားစရာ ၅ ရက်တာ နေ့တက်နဲ့ အွန်လိုင်း camps တွေကို လာခဲ့လိုက်ပါ။ နာမည်အကျော်ဆုံးကတော့ ကျွန်တော်တို့ရဲ့ Minecraft Mars Mission camp ဖြစ်ပြီး အဲဒီမှာတော့ ကလေးတွေဟာ ကွန်ပျူတာနဲ့ ပုံစံတူဖန်တီးထားတဲ့ Red Planet ပတ်ဝန်းကျင်မှာ အင်ဂျင်နီယာပညာရပ်တွေကို စမ်းကြည့်လို့ရမှာပါ။ Lego၊ mBot ဒါမှမဟုတ် Cozmo camps တွေလို Logiscool robotics camps တွေကလည်း အနာဂတ်မှာ အာကာသာယာဥ်တွေအတွက် robotic arms တွေတပ်ဆင်နိုင်ဖို့ အခုတည်းအစပြုလို့ကောင်းတဲ့ camps တွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Kodu 3D၊ Android App၊ Artificial intelligence camps တွေလို Intensive programming camps နဲ့ other coding camps တွေကလည်း ကလေးတွေကို ဘယ်စက်မှာမဆို အသုံးပြုလို့ရတဲ့ programs တွေ စီစဥ်ရေးဆွဲဖို့ ဖြစ်နိုင်ခြေအသစ်တွေကို ပံ့ပိုးပေးပါတယ်။ သင့်ကလေးကို ကျွန်တော်တို့နဲ့အတူ space engineering ကိုစမ်းသပ်ခွင့်ပေးလိုက်ပါ။ ကျွန်တော်တို့ရဲ့ အနာဂတ် အာကာသအင်ဂျင်နီယာပညာအတွက် ပရိုဂရမ်းမင်းနဲ့ digital literacy camps တွေ ဒီမှာဖတ်ကြည့်နိုင်ပါတယ်၊ https://www.logiscool.com/my-mm/programs/camps