vacation camp ထဲက ကြာရှည်ခံမယ့် ဗဟုသုတနဲ့ အတွေ့အကြုံတွေ ...

ပညာရေး
Logiscool
၂၀ မေ ၂၀၂၁

ကလေးတွေကို သူတို့စောင့်စားမျှော်လင့်နေတဲ့အရာက ဘာလဲဆိုရင်တော့ ကျောင်းပိတ်ရက်လို့ ဖြေကြမှာပါ။ သေချာတာကတော့ ကျောင်းမှာ စာကိုကြိုးကြိုးစားစားသင်ယူခဲ့ရတဲ့ကလေးတွေအတွက် ကျောင်းပြီးရင် အနားယူဖို့က လိုကိုလိုအပ်ပါတယ်။ ဒါပေမဲ့လည်း မိဘတစ်ယောက်အနေနဲ့ကတော့ ဒီအနားယူမှုဟာ ကလေးကို စိတ်ရောကိုယ်ပါ ထိခိုက်စေမယ့် အကျိုးမဲ့မဖြစ်အောင် သေချာစောင့်ရှောက်ပေးဖို့တော့ လိုပါတယ်။ ဒီနေ့ခေတ်မှာရနိုင်တဲ့ camps အမျိုးအစားတွေကလည်း ကလေးတွေကို ပျော်ရွှင်စေဖို့ အသစ်အဆန်းတွေ သင်ယူတတ်မြောက်ဖို့ နဲ့ သူငယ်ချင်းအသစ်တွေရဖို့ အခွင့်အရေးတွေ ပေးထားပါတယ် - ဒါတွေကိုတော နောက်နှစ်ကျောင်းတက်ချိန်မတိုင်ခင် အားဖြည့်ထားတဲ့အနေနဲ့ လုပ်ဆောင်တဲ့သဘောမျိုးလို့ ဆိုရမှာပါ။

ကျောင်းပိတ်ရက်တစ်ခုလုံးမှာ အိမ်မှာထိုင်ပြီး ဖုန်းတွေ ကွန်ပျူတာတွေနဲ့ အချိန်တွေကုန်ဆုံးစေတာကတော့ တကယ်ဆိုရင် ကလေးတွေကို ကောင်းကောင်းရွေးချယ်ထားတဲ့ camp တစ်ခုမှာရတဲ့ ပျော်ရွှင်မှုမျိုးနဲ့ မယှဥ်နိုင်ပါဘူး။ ဒီနေ့ခေတ်မှာ ဂီတ၊ အက နဲ့ အနုပညာလို camp တွေကနေစပြီး nature-oriented လှုပ်ရှားမှုမျိုး၊ အာကစားတွေအထိ နောက်ဆုံး digital နဲ့ computer-centered အကြောင်းအရာတွေအထိ အကုန်ရနိုင်ပါပြီ။ အားလပ်ရက်အစီအစဥ်တွေနဲ့ပတ်သက်ပြီး သင့်ကလေးနဲ့စကားပြောကြည့်ပြီး သူတို့အမြင်တွေကို နားထောင်ပြီး camp တစ်ခုကို ရွေးချယ်တာက အကောင်းဆုံးပါ။

camp တစ်ခုကို ပညာသားပါပါရွေးချယ်တဲ့အခါ ကောင်းကျိုးတွေအများကြီးရပါတယ်။ အသိသာဆုံးကတော့ သင့်ကလေးဟာ သူတို့စိတ်ဝင်စားတဲ့အရာကို လုပ်နိုင်သွားမှာဖြစ်လို့ သူတို့က စိတ်ထဲပိုလွတ်လပ်ပေါ့ပါးပြီး အသစ်အသစ်တွေကို သင်ယူနိုင်မှာပါ။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ တချို့စိတ်ဝင်စားတဲ့နယ်ပယ်တွေက ကျောင်းမှာမပါပါဘူး (ဒါမှမဟုတ် နည်းနည်းပဲသင်ပေးတာမျိုး) ဒါပေမဲ့ thematic camp မျိုးကတော့ ကလေးတွေကို စိတ်ဝင်စားအောင် စွမ်းဆောင်နိုင်ပါတယ်။ Robotics၊ programing၊ computer games နဲ့ digital media တွေက ဒီလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဥပမာလေးခုပါ။ သူတို့ဆော့ကစားရင်းနဲ့ သင်ရမယ့် ဗဟုသုတတွေဟာ အနာဂတ်မှာ တကယ်ကိုအသုံးဝင်ပြီး ဘဝတစ်လျှောက်လုံးမှာပါ အကျိုးကျေးဇူးတွေပေးနေဦးမှာပါ။

camp ထဲက logischool တီရှပ်အဖြူဝတ်ထားပြီး မတ်တပ်ရပ်လက်တွေမြှောက်ထားတဲ့ ကလေးများ

ဟုတ်ပါတယ်၊ ဒီ camp ရဲ့ ဆောင်ပုဒ်က သင့်ကလေးအတွက် တစ်ခုခုကိုသေချာရွေးချယ်ပေးဖို့အတွက်သာမက - ဒါကို သင်ကြားပေးမယ့်သူနဲ့ သူတို့ရဲ့နည်းလမ်းကိုလည်း သိထားသင့်ပါတယ်။ အပြိုင်အဆိုင်ဖြစ်ပြီး စွမ်းဆောင်ရည်အဓိကထားတဲ့ ဒီ study camp က ကလေးတွေကျောင်းကောင်းကောင်းတက်ရဖို့အတွက် အထောက်အကူပေးမှာဖြစ်ပေမဲ့ နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးတွေ ဒါကိုတက်စရာလိုမလိုကတော့ သိပ်မသေချာပါဘူး။ နောက်ပြီး ကလေးတွေတစ်နေကုန် သူတို့လုပ်ချင်တာ စိတ်ကြိုက်လုပ်ခွင့်ရတဲ့ camps တွေကလည်း သိပ်ပြီးမထိရောက်သလို သူတို့ပရိုဂရမ်ကလည်း ကောင်းကောင်းစီမံထားတာမဟုတ်တော့ ကလေးတွေကို ကောင်းကောင်းစောင့်ကြည့်ပေးမှာလည်း မဟုတ်ပါဘူး။ သေချာစီမံထားပြီး ဆော့ကစားလို့ပါရတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဗဟုသုတနဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးဖို့အတွက် ဟန်ချက်ညီညီဖန်တီးပေးတဲ့ နည်းလမ်းကသာ အကောင်းဆုံးဖြစ်မှာပါ။ ဒီနည်းနဲ့ ကလေးတွေဟာ တာဝန်တွေလုပ်ဆောင်နေချိန်အတွင်း ကြုံရမယ့်အခက်အခဲတွေကို ကျော်လွှားရင် သူတို့ကိုယ်ကိုယ်ယုံကြည်မှုတိုးလာမှာဖြစ်သလို ဗဟုသုတအသစ်တွေလည်းရရှိပြီး အောင်မြင်မှုကိုလည်း ခံစားရဦးမှာပါ။ ကလေးတွေရဲ့ စိတ်ခံစားမှုနဲ့ အမြဲပြောင်းလဲနေမှုကို အလေးပေးထားပြီး အဖွဲ့လေးတွေဖွဲ့ပေးထားတဲ့ camps တွေကိုသာ ရှာကြည့်သင့်ပါတယ်။ ဒါတွေကသာ သင့်ကလေးအတွက် ကောင်းတဲ့ အတွေ့အကြုံတွေ ရေရှည်ရနိုင်မယ့် ခရီးရှည်တစ်ခုဖြစ်မှာပါ။

ပြီးခဲ့တဲ့နှစ်ရဲ့ Covid ကပ်ရောဂါကြောင့် camps တွေနဲ့ပတ်သက်ပြီး မေးစရာတွေက အရင်ထက်ပိုပြီးများလာပါတယ်။ ကလေးတိုင်းဟာ လူမှုဆက်ဆံရေးအတိုင်းအတာတစ်ခုအထိတော့ရှိဖို့လိုအပ်တာကြောင့် ဒါဟာ အရွယ်တူချင်းတွေနဲ့ ဆုံတွေ့ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျောင်းတွေပိတ်ထားတာကြောင့် ကလေးတွေဟာ စိတ်လက်ပေါ့ပါးမှုကိုပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒါဟာ သူတို့ကိုယ်တိုင် သတိမထားမိရင်တောင်မှ သူတို့အတွက် စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် (ဒါကိုလုပ်ဖို့ဆိုရင်လည်း ကပ်ဘေးဆိုင်ရာလမ်းညွှန်ချက်တွေနဲ့အညီ ဘေးကင်းကင်းနဲ့လုပ်ဆောင်ပါ) ကျောင်းပိတ်ရက်အတွင်း သင့်ကလေးကို camp တစ်ခုကိုလွှတ်ပြီး သူတို့လွဲချော်ခဲ့တဲ့ လူမှုဆက်ဆံရေးတစ်ခုကို ပြန်ပေးလိုက်ပါ။

short camps တွေမှာ ထူးခြားတဲ့ကောင်းကျိုးတွေရှိပါတယ်၊ ကလေးတွေဟာ ကျောင်းပိတ်ရက်မှာ တစ်ခုထက်ပိုပြီး တက်နိုင်ပါတယ်။ လူအဖွဲ့အစည်းများများကို သင့်ကလေးသွားလေ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေက ဖွံ့ဖြိုးလေဖြစ်ပြီး ရှေ့ဆောင်လမ်းပြလုပ်နိုင်လေပါပဲ။ ဒါကိုတော့ ၂၀၁၀ တုန်းက ပြုလုပ်ခဲ့တဲ့ Canadian study1 က ထောက်ခံခဲ့ပါတယ်။ ဒီရလဒ်တွေအရ camp ကိုသွားတဲ့ ကလေးအများစုဟာ emotional intelligence (EQ for "Emotional Quotient") တွေအလျင်အမြန်ဖွံ့ဖြိုးလာတာကို ပြသထားပါတယ်။ Emotional intelligence ဆိုတာ ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုရော သူများတွေရဲ့ခံစားချက်တွေကိုပါ နားလည်လာအောင် အထောက်အကူပေးပါတယ်။ EQ မြင့်တဲ့လူတွေက သူတို့ကိုယ်ကိုယ် စိတ်ခွန်အားပေးတဲ့နေရာမှာ ပိုပြီးကောင်းပါတယ်။ ကလေးတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် camps တွေကလည်း အရေးပါတာကြောင့် ဒါတွေကို စိတ်ပိုင်းဆိုင်ရာအရရော ပညာရေးအတွက်ပါ သေချာစဥ်းစားပြီးစီမံပေးထားဖို့ကလည်း အရေးကြီးပါတယ်။

ဒါပေမဲ့ နောက်ထပ် စဥ်းစားဖို့အရေးကြီးတဲ့အချက်တစ်ခုကတော့ camp အမျိုးအစားပါပဲ။ ညအိပ်ရတဲ့ camp တွေဟာ ကလေးတွေ အဝေးကို စွန့်စားခရီးထွက်နေချိန်မှာ မိဘတွေခဏတာအနားယူနိုင်တဲ့အတွက်ကြောင့် မိဘတွေအတွက်တော့ တကယ့်ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဒါက အမြဲတမ်းတော့ အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး။ ဆယ်နှစ်ပတ်လည်ကလေးငယ်အများစုဟာ မိဘနဲ့ခွဲပြီး camp မှာအိပ်ရတဲ့အတွက် အနေအထိုင်ကျဥ်းကျပ်ပြီး စိတ်မသက်မသာခံစားနေရဆဲပါ။ နေ့ခင်းဘက်သွားတဲ့ camp ကပဲ ဒီလိုကလေးတွေအတွက် ပိုပြီးသင့်တော်မှာပါ၊ သူတို့ဟာ နေ့ခင်းအချိန်မှာ camp အတွင်းပျော်ပျော်ရွှင်ရွှင်နဲ့ကုန်ဆုံးပြီး ညဘက်ကျရင် အိမ်မှာပြန်အိပ်လို့ရပါတယ်။ တတိယဖြစ်နိုင်ခြေတစ်ခုကတော့ အွန်လိုင်း camp ပါ။ ပုံမှန်ထက်ထူးခြားတဲ့ ဒီ camp ကတော့ ကလေးတွေဟာ အိမ်ကနေပဲ နေ့ခင်းအချိန်မှာ အွန်လိုင်းပေါ်က လှုပ်ရှားမှုတွေကို ပါဝင်ဆောင်ရွက်ရမှာပါ။ ဒါဟာ ကလေးတွေကို နေ့စဥ် လိုက်မပို့နိုင်ပေမဲ့ အိမ်မှာနေရင်း ဗဟုသုတတွေ ပျော်စရာတွေပေးချင်တဲ့ မိဘတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဒါပေမဲ့ ဒီလိုနည်းနဲ့ဆိုရင် တချို့တချို့သော camps ကိုပဲစီစဥ်နိုင်ပါတယ်။ programming ဖြစ်ဖြစ် digital စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု camp ကိုတော့ virtual space မှာလုပ်တာ ပိုပြီးကောင်းပါတယ်။

Logiscool မှာတော့ ဟိုအရင်နှစ်တွေထဲက camps တွေရဲ့အရေးကြီးပုံကို သတိပြုမိတာကြောင့် ကျွန်တော်တို့ စာရင်းထဲမှာ အလျင်အမြန်ကိုထည့်သွင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့ခင်းတက် နဲ့အွန်လိုင်း camps တွေကို ပညာတတ်ကြီးကြပ်သူတွေရဲ့မျက်စိအောက်မှာပဲ အသက်အရွယ်တူ ကလေးတွေကိုပဲ စုပြီး အုပ်စုငယ်လေးတွေဖွဲ့ပြီး ဒစ်ဂျစ်တယ်ကမ္ဘာကြီးအကြောင်းကို သင်ပေးသွားတာပါ။ Programming၊ Minecraft၊ Roblox game design၊ digital media နဲ့ robotics ပညာရပ်တွေက ဒီနှစ်ကျောင်းတက်နှစ်အတွက်သာမက ကျောင်းပိတ်ရက်တွေအတွက်ပါ ကလေးတွေကို စောင့်ကြိုနေပါတယ်။ သင့်ကလေးကို ဆော့ကစားရင်းနဲ့ အနာဂတ်အတွက် အဖိုးတန်တဲ့စွမ်းရည်တွေကို တတ်မြောက်ခွင့်ပေးလိုက်ပါ။ ဒီစွမ်းရည်တွေဟာ သူတို့နဲ့ ရေရှည်ဆက်ရှိသွားမှာဖြစ်ပြီး သူတို့ကို ပိုပြီးအောင်မြင်အောင် လုပ်ဆောင်ပေးသွားဦးမှာပါ။

ကျွန်တော်တို့ရဲ့ နေ့တက်နဲ့ အွန်လိုင်း camps နဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေကို ဒီမှာရှာနိုင်ပါတယ်၊ https://www.logiscool.com/my-mm/camps