ကျွန်တော်တို့ ကလေးတွေရဲ့ ပါရမီစွမ်းရည်တွေကို ဘယ်လိုထွန်းကားအောင်လုပ်နိုင်မလဲ။

ပညာရေး
Logiscool
၂၂ ဇွန် ၂၀၂၁

ကလေးတချို့ဟာ music၊ sports၊ math၊ chess နဲ့ တခြားနေရာတွေမှာ ပါရမီပါတတ်ကြတယ်လို့ ကျွန်တော်တို့ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီ ပါရမီဆိုတာက တကယ်တမ်းကျ ဘာအဓိပ္ပာယ်ပါလဲ။ logic ဒါမှမဟုတ် mathematics လိုမျိုးမှာ လူတစ်ယောက်က ပါရမီရှိအောင် ဘာလုပ်ရမလဲ။ သင်က မိဘဆိုရင်ရော ဒီပါရမီကို ဖွံ့ဖြိုးတိုးတက်အောင် ဘာလုပ်ပေးနိုင်မလဲ။

ကျွန်တော်တို့ နေ့စဥ်ပြောနေတဲ့အထဲမှာ လူတစ်ယောက်က တစ်ခုခုမှာ ဥပမာ- ဘောလုံးကစားတာဖြစ်ဖြစ် စစ်တုရင်ကစားတာဖြစ်ဖြစ်မှာ ထူးချွန်ရင် ပါရမီပါတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်ပညာရှင်တွေကတော့ ဒီပါရမီဆိုတာက ဒီထက်ပိုပြီးရှုပ်ထွေးတယ်လို့ ပြောပါတယ်။ စီးဆင်းမှု သဘောတရားကို ထုတ်ပြခဲ့တဲ့ နာမည်ကျော် ဟန်ဂေရီနွယ်ဖွား အမေရိကန်လူမျိုး စိတ်ပညာရှင် Mihaly Csikszentmihalyi က ကျွန်တော်တို့ရဲ့ မွေးရာပါဗီဇပါရမီ (ကျွန်တော်တို့ရဲ့ပင်ကိုစွမ်းရည်)ဆိုတာဟာ ဓလေ့ထုံးတမ်းတွေနဲ့ ရှေးခေတ်တုန်းက သတ်မှတ်ခဲ့ကြတဲ့ ပင်ကိုစွမ်းရည်မျှသာဖြစ်ပြီး ဒါကိုပဲ ပါရမီရှိတယ်လို့ သတ်မှတ်ခဲ့ကြတာပါလို့ ထုတ်ဖော်ခဲ့ပါတယ်။

သူကပဲ ဒီပင်ကိုစွမ်းရည်ဆိုတာက ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့အရာဖြစ်ပြီး သင့်မှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပကတိတန်ဖိုးကြီးတစ်ခုတော့ မဟုတ်ပါဘူးလို့ ဆက်ပြောပါတယ်။ ပင်ကိုပါရမီဆိုတာက ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်ပြီး အချိန်၊ ကြိုးပမ်းအားထုတ်မှုနဲ့ သင့်အလုပ်ကို အသိအမှတ်ပြု တိုက်တွန်းအားပေးမယ့် လူ့အဖွဲ့အစည်းတစ်ခုလည်း လိုပါသေးတယ်။

အပြာရောင်နောက်ခံနဲ့ လက်တော့တွေရှေ့က ကလေးတွေနဲ့နည်းပြ

ကလေးဘဝက ပါရမီစွမ်းရည်ကိုဖွံ့ဖြိုးစေဖို့အတွက် ဒီကလေးဟာ ကြိုးစားအားထုတ်ရမှာဖြစ်သလို မိသားစုကလည်း အားပေးပံ့ပိုးဖို့လိုပါတယ်။ ကလေးငယ်ကို သင့်တော်တဲ့ စိတ်ခွန်အားပေးပြီး သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးဖို့ အရေးကြီးပါတယ်။ ဆုပေးတာလိုမျိုး စိတ်ခွန်အားပေးတာကလည်း ကလေးငယ်ကို ဒီလိုဆုရဖို့ ဆက်တိုက်ကြိုးစားအားထုတ်ချင်စိတ်ကို ဖြစ်စေတာကြောင့် ထိရောက်မှုရှိပါတယ်။ တကယ်လို့ ဆုပေးတာကို ရပ်တန့်လိုက်ရင် စိတ်ပါဝင်စားမှုနဲ့ ကြိုးစားအားထုတ်မှုတွေကလည်း အချည်းနှီးဖြစ်သွားမှာပါ။ ကလေးတစ်ယောက်က တစ်စုံတစ်ခုကိုကြိုက်လို့ ကြိုးစားအားထုတ်တဲ့အခါ စိတ်က ပျော်ပြီးတော့ ပိုပြီးစိတ်ပါလက်ပါရှိတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ပျော်စရာကောင်းတဲ့ စာသင်နည်းနဲ့သင်ပေးတဲ့ဆရာတွေရှိတဲ့ ကလပ်တွေ သင်ရိုးပြင်ပလှုပ်ရှားမှုတွေရှိတဲ့ နေရာတွေကို လွှတ်သင့်ပါတယ်။ ဒီနည်းနဲ့ ကလေးဟာ သူတို့လုပ်ရမယ့်အလုပ်မှာ ပျော်ရွှင်လာမှာဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေက ကောင်းကောင်းတည်ဆောက်ထားတာတွေဖြစ်ဖို့လည်း လိုပါတယ်၊ ဒါမှသာ ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေအတွက် သူတို့ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုလေးတွေဟာ သူတို့ရဲ့ ယုံကြည်မှုကို တိုးတက်စေမှာဖြစ်ပြီး နောက်ထပ်ကြိုးပမ်းအားထုတ်ဖို့အတွက် စိတ်ခွန်အားတွေကို ပိုပြီးဖြစ်စေမှာပါ။

ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ အရေးကြီးတဲ့မေးစရာတစ်ခုဖြစ်လာပါတယ်၊ တကယ်လို့ ပင်ကိုစွမ်းရည်က ဖွံ့ဖြိုးဖို့အချိန်ယူရတယ်ဆိုရင် အချိန်တွေအများကြီးမရင်းနှီးလိုက်ရခင် သင့်ကလေးက ဘယ်နေရာမှာတော်လဲဆိုတာကို ဘယ်လိုမျိုးကြိုသိနိုင်မလဲ။ ဒီမှာ သင့်အတွက်အဖြေပါ၊ တချို့ မွေးရာပါလက္ခဏာတွေနဲ့ ထူးခြားဖြစ်စဥ်တွေက ကလေးက ဘယ်နေရာမှာ ဖွံ့ဖြိုးဖို့အလားအလာရှိလဲဆိုတာကို ငယ်ရွယ်စဥ်မှာပဲ သိရှိနိုင်ပါတယ်။ စိတ်ပညာရှင်တွေကတော့ ကလေးမူကြိုအသက်အရွယ်မှာတည်းက သတိပြုမိနိုင်တဲ့ ပင်ကိုစွမ်းရည်အမျိုးအစားအများအပြားကို ထုတ်ပြခဲ့ပါတယ်၊

  • Logical-mathematical talent
  • Physical-kinesthetic talent
  • Linguistic talent
  • Spatial-visual talent
  • Musical talent

Logical and mathematical talent ကတော့ IT နဲ့ digital world မှာအထူးအသုံးတည့်ပါတယ်။ ဒါကိုအစောဆုံးသိနိုင်တဲ့ နည်းတွေကဒီမှာပါ၊

  • logic games မှာစိတ်ဝင်စားခြင်း။
  • တီထွင်ခြင်း၊ ဆောက်လုပ်ရေးအရုပ်တွေ၊ LEGO ဒါမဟုတ် Minecraft လိုဂိမ်းမျိုး အသစ်အဆန်းတွေ တည်ဆောက်ခြင်း။
  • boardgames ကို သဘောကျခြင်း။
  • critical sense ပြင်းထန်ခြင်း၊ လူတစ်ယောက်ယောက်နဲ့ ငြင်းခုံနိုင်စွမ်းနဲ့ ငြင်းခုံလိုစိတ်ရှိခြင်း၊ ဒီအရည်အချင်းက ကောင်းတဲ့ငြင်းခုံခြင်းတွေကို ဖြစ်စေပါတယ်။
  • စိတ်ကူးအားကောင်းခြင်းနဲ့ မှတ်ဉာဏ်ကောင်းခြင်း။
  • facts နဲ့ data တွေကို အလျင်အမြန်မှတ်မိနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာ ပြန်စဥ်းစားကြည့်လို့ရခြင်း။
  • ဘာသာစကားကို သွက်လက်ချက်ချာစွာသုံးတတ်ခြင်း။
  • တာဝန်တွေကိုလုပ်ဆောင်ရာမှာ မြန်ဆန်ခြင်း။
  • တီထွင်ဖန်တီးခြင်း၊ ပြဿနာတွေအတွက် အဖြေအသစ်တွေရှာခြင်း။

တကယ်လို့ ဒီလိုလက္ခဏာအများစုကို သင့်ကလေးက ထုတ်ဖော်ပြသလာပြီဆိုရင် သူတို့က mathematics and logic မှာပါရမီပါတာကို သိနိုင်ပါတယ်၊ နောက်ပြီး ဒီပါရမီစွမ်းရည်ကို ဖွံ့ဖြိုးဖို့ သူတို့ဝါသနာပါတာကို ပံ့ပိုးပေးဖို့တာမျိုး လုပ်နိုင်ပါတယ်။

Logiscool မှာတော့ အရေးကြီးဆုံးအချက်ကတော့ ကလေးတိုင်းရဲ့ အားသာချက်ကို ရှာကြည့်ဖို့ပဲလို့ ကျွန်တော်တို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ သင်တန်းတွေ၊ camps နဲ့ workshops တွေဟာ ကလေးတွေရဲ့ logical-mathematical talent နဲ့ တခြားအထုံဝါသနာပါတာတွေကို သိရှိပြီး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့ငယ်တွေကို နည်းပြတွေက ဦးဆောင်ပြီး စာသင်တာနဲ့ စာလုပ်တာကို ပျော်ပျော်ရွှင်ရွှင်နည်းလမ်းနဲ့သင်ကြားပြသပေးနေတာကြောင့် ကလေးတွေဟာ စိတ်တွေတက်ကြွလာပြီး ပိုပိုဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ကျွန်တော်တို့ရဲ့ project-based သင်ရိုးညွှန်းတမ်းနဲ့ experience-based သင်ကြားရေးနည်းလမ်းတွေက ကလေးတွေကို အောင်မြင်မှုအရသာကို ပေးစွမ်းပြီး သူတို့ရဲ့ယုံကြည်မှုကို တိုးစေကာ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်။

ကျွန်တော်တို့ရဲ့ သင်တန်းတွေ၊ workshops နဲ့ camps တွေကိုရှာဖွေဖို့အတွက် ကျွန်တော်တို့ website ကို ဝင်ရောက်ကြည့်ရှုပြီး ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ သင်ကြားနည်းကို https://www.logiscool.com/my-mmမှာကြည့်လိုက်ပါ။