အရာရာကို အဝေးကထိန်းချုပ်ရတဲ့ခေတ်မှာ သင့်ကို ကျန်းမာစွာနေထိုင်နိုင်ဖို့ ဘဝကိုပြောင်းလဲစေမယ့် အကြံပြုချက် ၉ ခု

Digitalization
Logiscool
၂၀ လိုင် ၂၀၂၁

ကျွန်တော်တို့ လက်တော့တွေနဲ့ အချိန်အတော်များများကုန်ဆုံးတာဟာ ခေတ်သစ်လောကမှ အဆန်းတကြယ်မဟုတ်တော့တဲ့အချိန်မှာ ကမ္ဘာ့ကပ်ဘေးကြီးက ရောက်လာပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဝေးကနေ အလုပ်လုပ်တာ၊ စာသင်တာတွေဟာ ပုံမှန်လုပ်ရိုးလုပ်စဥ်တစ်ခုလိုဖြစ်လာပြီး screen time ကြည့်ချိန်က တစ်ဟုန်ထိုးတက်လာသလို ခေတ်သစ်ဘဝဟာ အထိုင်များလာပြီး အထီးကျန်လာပါတယ်။ ဒါဟာ သင့်အလုပ်အတွက်ဖြစ်စေ စာသင်ကြားဖို့အတွက်ဖြစ်စေ သင်ဟာ အိမ်ထဲမှာပိတ်မိနေပြီး ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ရပြီး ညောင်းချိပင်ပန်းရတာကတော့ အသေအချာပါပဲ။ သင့်ကို စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်စေဖို့အတွက် ကျွန်တော်တို့ဟာ အသုံးဝင်တဲ့ အကြံပြုချက် ၉ ခုကို စုဆောင်းထားပြီး ဒါတွေက သင့်ကို အရာရာကိုအဝေးကနေလုပ်ဆောင်ရတဲ့ခေတ်မှာကြုံရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးမှာပါ။

laptop၊ notebook၊ စာအုပ်တွေနဲ့ mobile phone တွေတင်ထားတဲ့ စားပွဲခုံတစ်ခုံ

သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ...

၁။ အမြဲမပြတ်လှုပ်ရှားပါ

yoga၊ hiking၊ martial arts၊ basketball၊ football ဒါမှမဟုတ် underwater manatee poking တစ်ခုခုကိုလုပ်ဆောင်ခြင်းဟာ သင့်ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ မယုံနိုင်လောက်အောင် အကျိုးကျေးဇူးတွေ ရစေမှာပါ။ ဒါက လူကိုအလုပ်ရှုပ်စေပေမဲ့ အားကစားလုပ်တာဟာ ကြွက်သားတွေကို တည်ဆောက်ပေးရုံသာမက သင့်ကို ပိုပြီးယုံကြည်မှုရှိစေကာ ကြံ့ခိုင်ပြီး ဇွဲကောင်းတာကို ဖြစ်စေပါတယ်။ ဒါ့အပြင် ချွေးထွက်အောင် ကစားတဲ့အခါ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေပါ လွင့်ပျောက်သွားစေပါတယ် - နောက်ပြီး ဒါက သင့်ကို လူမှုရေးပါကောင်းစေပါတယ်။ သင်က အခုမှ အားကစားကို အခုစပြီးလုပ်ပေမဲ့လည်း တစ်ပတ်ကို ၃ ကြိမ်ကနေ ၄ ကြိမ် လေ့ကျင့်ခန်းလုပ်ပေးဖို့ ကျွန်တော်တို့ အကြံပြုပါတယ်။ အရှုံးမပေးလိုက်ပါနဲ့။

၂။ လမ်းလျှောက်ပါ။ နေ့တိုင်း နေ့တိုင်း

သင်က အနီးနားဝန်းကျင်ကိုလမ်းလျှောက်တာကို လေ့ကျင့်ခန်းလုပ်တယ်လို့ ထင်မိမှာမဟုတ်ပေမဲ့ ဒါဟာတကယ်တော့ လေ့ကျင့်ခန်းလုပ်တာပါပဲ။ အဓိကအချက်ကတော့ အမြဲတမ်းလုပ်ဆောင်နိုင်ဖို့ပါပဲ။ သင့်ရဲ့နေ့စဥ်အချိန်ဇယားထဲမှာ မိနစ် ၃၀ ကနေ ၁ နာရီအထိ လမ်းလျှောက်နိုင်အောင်ကြိုးစားပါ - ဒါဆိုရင် အကျိုးကျေးဇူးက အံ့မခန်းဖြစ်မယ်ဆိုတာကို ယုံပါ။ ကုန်စုံဆိုင်ကို သွားတဲ့သာမန်ကိစ္စကိုတောင် စိန်ခေါ်မှုတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။ အရသာရှိတဲ့ စားစရာတွေထည့်ထားတဲ့ အိတ်ကိုကိုင်ပြီး ပိုဝေးတဲ့လမ်းကနေ အိမ်ကိုပြန်ပါ။ ဒီထက်ပိုပြီး စိတ်တက်ကြွစေဖို့အတွက် သင့်ရဲ့ရလဒ်တွေနဲ့ တိုးတက်မှုကို သိနိုင်ဖို့ ခြေလှမ်းရေတွက်တဲ့ app ကို ဒေါင်းလုတ်ဆွဲထားပါ။

၃။ ခဏအနားယူပါ

တစ်နာရီကို ၁၀ မိနစ်လောက် ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ မထိတွေ့ဘဲနေပါ။ သင့်ရှေ့က တာဝန်တွေနဲ့ သင့်စိတ်ကို ခဏကင်းလွတ်တဲ့ ဘယ်လှုပ်ရှားမှုတစ်ခုမဆို လုံလောက်ပါတယ် - အထူးသဖြင့် ဒါဟာ တခြား screen ကို ကြည့်တာမျိုးမဟုတ်ဘဲ သင့်ကို ထိုင်ခုံကနေ ထပြီး ကိုယ်လက်လှုပ်ရှားရတဲ့အရာမျိုးဖြစ်ဖို့ လိုပါတယ်။ yoga နည်းနည်းကစားတာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ သင့်အိမ်မွေးတိရစ္ဆာန်လေးနဲ့ကစားတာ၊ ပန်းကန်ဆေးတာ ဒါမှမဟုတ် တခြားအိမ်အလုပ်တစ်ခုခုပေါ့။ အဲဒါက အလုပ်လုပ်တာ၊ စာသင်တာ ဒါမှမဟုတ် သင့်ဖုန်းကိုသုံးတာမျိုးမဟုတ်သရွေ့တော့ အဆင်ပြေပါတယ်။

၄။ ကိုယ်နေဟန်ထား မှန်ကန်အောင်ထားခြင်း

ကိုယ်နေဟန်ထားမှန်ကန်အောင်ထားခြင်း - ရုံးသုံးထိုင်ခုံ၊ မျက်လုံးနဲ့တန်းတူရှိတဲ့ screen၊ ဒီနှစ်ခုဟာ သင့်ရဲ့ကိုယ်နေဟန်ထားအတွက် အရေးအကြီးဆုံးအရာနှစ်ခုဖြစ်ပြီး သင့်ကို ပြဿနာတွေမဖြစ်အောင်၊ ခေါင်းမကိုက်အောင် နဲ့ တခြားကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ ပြဿနာတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်နေဟန်ထားမှန်အောင်လေ့ကျင့်ခြင်း၊ သင့်ပခုံးကို မတ်ထားပြီး ကျောကို ခုံနဲ့တစ်တန်းတည်း ကပ်ထားကာ ခြေထောက်တွေကို ကြမ်းပေါ်မှာ စုံချထားပါ၊ ခြေချိတ်ထိုင်တာမျိုးမလုပ်ပါနဲ့။ ဒါက ထင်တာထက်ပိုပြီးခက်ပါတယ် - ကျွန်တော်တို့က အပိုပြောနေတယ်ထင်ရင်တော့ အခုပဲ စမ်းကြည့်လိုက်ပါ၊ ဒါဆို သင်ဘယ်လောက်ထိနေနိုင်လဲ သိရမှာပါ။

၅။ သင့်နားတွေကို သက်သာအောင်ထားပါ

နားကြပ်တွေ၊ earbuds တွေ တစ်နေကုန်တပ်ထားတာက အသားကျဖို့ တကယ်လွယ်ပေမဲ့ တကယ်တမ်းတော့ ဒါက ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ အသံက သင့်နားစည်ကို အဆက်မပြတ် အနီးကပ်ရိုက်ခတ်နေပြီး အဆိုးဆုံးကတော့ သင့်အကြားအာရုံကို ပျက်စီးစေတာပါ၊ တစ်ချိန်တည်းမှာပဲ ခေါင်းမူးတာ၊ နားကိုက်တာ၊ နားတွင်းပိုးကူးစက်တာတွေ ဖြစ်စေပြီး နားဖာချေးတွေ ထူလာကာ နားနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတစ်ခုထပ်ပြီးဖြစ်လာနိုင်ပါတယ်။

၆။ ကောင်းကောင်းစားပါ

ကျန်းမာရေးနဲ့ညီညွတ်ပြီး ဗီတာမင်၊ lean protein၊ အသီးအရွက်တွေထဲက အာဟာရဓာတ်တွေနဲ့ အသီးတွေဟာ သင့်ဘဝရဲ့အရည်အသွေးကို တိုးတက်စေပြီး သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ စိတ်ကျန်းမာရေးကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေပါ။ သင်စားသမျှတိုင်း သင်ဖြစ်လာတာကြောင့် သကြားတွေများတဲ့ အသင့်စားအစားအစာတွေနဲ့ အဆာပြေမုန့်တွေကို မစားပါနဲ့။ အွန်လိုင်းပေါ်မှာ အရင်းအမြစ်တွေအများကြီးရှိတာကြောင့် - သင့်ဘာသာ သုတေသနလုပ်ပါ၊ စမ်းသပ်မှုလုပ်ပါ၊ ပြီးရင် သင့်အတွက် အကောင်းဆုံးကို ရှာဖွေပါ။ ဒါနဲ့ ရေဓာတ်ပြည့်ဝအောင်နေဖို့ရော ပြောမိလိုက်သေးလား။ အခုပြောလိုက်ပါပြီ။ ရေသောက်ပါ။ ရေကိုပဲသောက်ပါ။ ကိုလာ မဟုတ်ပါဘူး။

..သင့်စိတ်ကိုလည်း ဂရုစိုက်ပါ

၇။ ဟန်ချီညီစွာ ထားပါ

လက်ရှိအခြေအနေအရ အလုပ်နဲ့ဘဝကို ဟန်ချက်ညီအောင်ထားရတာကလည်း တကယ်ကို ခက်ခဲပါတယ်။ အရာအားလုံးကို အဝေးကနေ လုပ်ကိုင်နေရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ အိမ်မှာနေရတဲ့ဘဝနဲ့ အလုပ်/ကျောင်းကဘဝကြားက ခြားနားမှုက သိပ်မရှိတော့ဘဲ ပျောက်ကွယ်သလိုတောင်ဖြစ်သွားတာကြောင့် ကျွန်တော်တို့အတွက် တကယ့်ကို ခြေကုန်လက်ပန်းကျစေပါတယ်။ ဒါပေမဲ့လည်း ဒီလိုအခြေအနေကို ပြန်ပြီးတုံ့ပြန်နိုင်တဲ့ နည်းလမ်းတွေ မရေတွက်နိုင်အောင်ရှိနေပြီး ဒီထဲက အထင်ရှားနည်းကတော့ နေ့စဥ်လုပ်နေကျလုပ်ရပ်တစ်ခုကို လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ တူညီတဲ့အချိန်တစ်ခုမှာပဲ အိပ်ရာကထတာ၊ အိပ်ရာဝင်တာ၊ ပုံမှန်အနားယူတာ (နေ့လယ်စာအပါအဝင်)၊ ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးစေတာ၊လေ့ကျင့်ခန်းလုပ်တာတို့ပါပဲ။ ဒီနေ့တစ်နေ့တာ ပြီးဆုံးသွားတာနဲ့ သင်လက်တော့ကို ပိတ်ပြီး အရာအားလုံးကို ချန်ထားပြီး အနားယူလိုက်ပါ။ အလုပ်တွေက သင့်ကိုစောင့်ဆိုင်းနေမှာဖြစ်ပေမဲ့ ဘဝကတော့ စောင့်နေမှာမဟုတ်ပါဘူး။

၈။ အဆက်အသွယ်မပြတ်နေထိုင်ခြင်း

အဝေးကနေ အလုပ်လုပ်ရတာ စာသင်ရတာတွေက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတွေအတွက် အထီးမကျန်အောင်နေဖို့ အခက်ခဲဆုံးပါပဲ။ အထီးကျန်မှုတွေ၊ လူတွေနဲ့သီးခြားရပ်တည်နေရတာကြောင့် အထီးကျန်ခြင်းအမျိုးမျိုးကို ခံစားရပေမဲ့ တန်ဖိုးရှိတဲ့အကြံတစ်ခုကို ပေးချင်ပါတယ်၊ ဒါကတော့ သင့်နေစဥ်လုပ်ဆောင်ချက်တစ်ခုအဖြစ် လူတွေနဲ့စကားပြောဖို့ပါ။ သာကြောင်းမာကြောင်း အမေးကတောင် စကားဝိုင်းကြီးတစ်ခုကို ဖြစ်လာစေနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် အတန်းဖော်ကို မက်ဆေ့ပို့ပါ။ ကော်ဖီ၊ နေ့လယ်စာ၊ ဘာပဲဖြစ်ဖြစ် ထွက်စားပါ။ သင့်အမေကို ဖုန်းခေါ်ပါ။ Covid-ကြောင့် ကန့်သတ်မှုတွေရှိတဲ့အချိန်မှာတောင် ရွေးစရာတွေကတော့ အများကြီးရှိပါတယ်။ ဘဝက ရပ်နေတာမဟုတ်ဘဲ ပြောင်းလဲရုံပြောင်းလဲသွားတဲ့အတွက် သင်က လိုက်လျောညီထွေဖြစ်အောင် နေဖို့ပါပဲ။

၉။ လက်ရှိမှာနေထိုင်ပါ

အသိသတိကပ်ပြီးနေတာက စိတ်ကျန်းမာရေးကို ကောင်းကောင်းအထောက်အကူပြုပြီး အထူးသဖြင့် ဒစ်ဂျစ်တယ်ပစ္စည်းတွေက apps နဲ့ platforms တွေကိုစွဲလမ်းပြီး လက်ရှိကာလနဲ့ကင်းကွာအောင်လုပ်နိုင်တဲ့ ဒီခေတ်ကြီးမှာ ပိုပြီးလိုအပ်ပါတယ်။ ဒါကြောင့် စိတ်နဲ့ကိုယ်နဲ့သတိကပ်ထားတာက လက်ရှိစွမ်းရည်၊ သင့်ရှေ့မှာရှိတဲ့အရာကို အာရုံစိုက်နိုင်စွမ်း၊ အသိအမှတ်ပြုနိုင်စွမ်းကို တိုးတက်စေနိုင်တာကြောင့် ကောင်းကောင်းအသုံးချသင့်ပါတယ်။ ဒီတော့ သင့်ဖုန်းကိုချထားပါ၊ သင့်လက်တော့ကို ပိတ်ထားပါ၊ screens တွေကြည့်တာကို ခဏလောက်တော့ မေ့ထားလိုက်ပါ၊ ပြီးရင် သင့်အတွက် အကျိုးဖြစ်စေတာကို ရေတွက်ကြည့်ပါ။ ဒီလို စိတ်နဲ့ကိုယ်နဲ့သတိကပ်နေချိန်မှာ ဒီလိုအကျိုးဖြစ်စေတာကို စဥ်းစားကြည့်မိရင် သင်ကိုယ်သင် ပိုပြီးတော့ မျှဝေခံစားလိုစိတ်တွေကို သတိပြုမိလာပြီး တခြားသူတွေကိုလည်း သင့်ကို ပြုမူဆက်ဆံသလိုမျိုး ပြုမူဆက်ဆံတတ်အောင် ကူညီပေးသွားမှာပါ - ဒီစွမ်းရည်ဟာ လက်တွေ့ဘဝမှာ တကယ်ကိုအသုံးဝင်ပြီး အကျိုးရှိစေမှာပါ။

ကျွန်တော်တို့ Logiscoolကတော့ လက်ရှိရော အနာဂတ်က ဒစ်ဂျစ်တယ်ကမ္ဘာကြီးဖြစ်မယ်ဆိုတာကို လှိုက်လှိုက်လှဲလှဲယုံကြည်ထားပါတယ်။ ကျွန်တော်တို့ ဘဝရဲ့နေရာတိုင်းမှာ နည်းပညာနဲ့မကင်းလွတ်တဲ့ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ကလေးတွေဟာ သုံးစွဲသူသက်သက်ထက် ကိုယ်တိုင်ဖန်တီးသူတွေဖြစ်လာဖို့ လိုပါတယ်။

ခေတ်သစ်ဘဝရဲ့ဆိုးကျိုးတွေကို တန်ပြန်ဖို့အတွက် စိတ်ရောကိုယ်ပါကျန်းမာစေမယ့် အကျင့်တွေကို ကြိုးစားကျင့်ကြံတာက အရေးကြီးတယ်လို့လည်း ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကျွန်တော်တို့ ကျောင်းသားတွေဟာ coding နဲ့ digital literacy နဲ့ပတ်သက်တဲ့အရည်အချင်းတွေကို ကျွမ်းကျင်သွားရုံသာမက စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့ ဒစ်ဂျစ်တယ်ဝန်ထမ်းတွေဖြစ်လာဖို့ လိုအပ်တဲ့ ဘဝအရည်အသွေးတွေလည်း လိုအပ်ပါတယ်။

ကျွန်တော်တို့ သင်တန်းတွေ၊ workshops နဲ့ holiday camps တွေအကြောင်း ပိုမိုသိရှိစေဖို့ ကျွန်တော်တို့ရဲ့ website၊ https://www.logiscool.com/my-mmကို ဝင်ရောက်ကြည့်ရှုပါ။