ကလေးတွေရဲ့ သဘာဝအလျောက်စူးစမ်းချင်စိတ်တွေကို အသုံးဝင်တဲ့ ဗဟုသုတအဖြစ် ပြောင်းလဲသွားစေမယ့် အကြံပြုချက် ၆ ချက်

ပညာရေး
Logiscool
၁ စက် ၂၀၂၁

အမေရိကန်ပညာရေးကျွမ်းကျင် Tony Wagner ဟာ သူ့သုတေသနကနေ ၂၁ ရာစုမှာ အောင်မြင်နိုင်မယ့် အချက် ၇ ချက်ကို ဖော်ပြခဲ့ပါတယ်။ ဒီထဲက တစ်ခုကတော့ စူးစမ်းလိုစိတ်နဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ Albert Einstein ကလည်း စူးစမ်းလိုစိတ်က အရေးကြီးတဲ့အကြောင်းပြောထားခဲ့ပါတယ်၊ ကျွန်တော့်မှာ အထူးပင်ကိုစွမ်းရည်ရယ်လို့ မရှိပါဘူး။ ကျွန်တော်က စူးစမ်းရတာကို သဘောကျတာပဲ ရှိပါတယ်။

စူးစမ်းလိုစိတ်ဆိုတာ ပျော်စရာကောင်းတဲ့ ရှာဖွေလေ့လာမှုဖြစ်ပြီး မသိတဲ့အရာတွေရဲ့ အဖြေတွေကို ရှာဖွေဖို့ လှုံ့ဆော်မှုလည်းဖြစ်ပါတယ်။ ဒါဟာ သဘာဝအသစိတ်စိတ်တစ်ခုဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကို တိရစ္ဆာန်လောကမှာလည်း တွေ့နိုင်ပါသေးတယ်။ ပြင်ပလှုံ့ဆော်မှုတွေကို တုံ့ပြန်တတ်တဲ့ ဦးနှောက်ရဲ့ neuroplasticity နဲ့လည်း အနီးကပ်ချိတ်ဆက်ထားပါတယ်။

Childhood neuroplasticity ကို critical plasticityလို့လည်းခေါ်ပြီး ဒါကိုကောင်းကောင်းအသုံးချထားတဲ့ စူးစမ်းလိုစိတ်ဟာ အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကအချက်လည်းဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ ဘာအားစိုက်ထုတ်စရာမှမလိုဘဲ အကြားအာရုံတစ်ခုတည်းနဲ့တင် မိဘတွေရဲ့ ဘာသာစကားကို သင်ယူနိုင်ပါတယ်။ ကလေးငယ်လေးတွေကလည်း သူတို့နည်း သူတို့ဟန် ဒီလိုမျိုး သင်ယူနိုင်ပါသေးတယ်၊ မိသားစုတွေလုပ်တတ်တဲ့အကျင့်တွေကနေစပြီး အကြိုက်ဆုံးသီချင်းတွေနားထောင်တာ၊ စကိတ်စီးတာတွေအထိပါ။ ဒါပေမဲ့လည်း critical plasticity က ဆယ်ကျော်သက်အရွယ်မှာ ပျောက်ဆုံးသွားတတ်တာကြောင့် ဦးနှောက်ကတော့ ဒီလိုနည်းနဲ့ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိပဲ မှတ်သားပေးပါတယ်။ ဒီနေရာမှာ competitive plasticityက အစားထိုးဝင်ရောက်လာပြီး အဓိပ္ပာယ်ကတော့ ဦးနှောက်ဟာ သူ့အတွက် အရေးကြီးတဲ့အချက်အလက်တွေလောက်ကိုသာ သင်ယူမှတ်သားသွားမှာကိုပြောတာပါ။ ဒါကြောင့် အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းပျောက်ဆုံးသွားမယ့် စူးစမ်းလိုစိတ်ကို အသုံးချပြီး ငယ်ငယ်လေးတည်းက လေ့လာသင်ယူစေတာက အကြံကောင်းတစ်ခုပါပဲ။

ပင်လယ်ကို လက်ညှိုးညွှန်ပြနေတဲ့ အဖေနဲ့သား

Mars ပေါ်က Curiosity rover ဟာ ကလေးဘဝက စူးစမ်းချင်စိတ်ရဲ့ အမှတ်တရတစ်ခုအဖြစ်ပေးထားတာပါ။ ဒီနာမည်ကို အမေရိကန်ပြည်ထောင်စုတွင်းက ကျောင်းသားလူငယ်တွေစီစဥ်တဲ့ ပြိုင်ပွဲတစ်ခုကနေ ပေးခဲ့တာပါ။ ဒီပွဲကိုတော့ ၁၂ နှစ်သမီး Clara Ma က အနိုင်ရသွားပါတယ်။ သူက ဒီနာမည်ပေးရတဲ့အကြောင်းကို အခုလိုရှင်းပြပါတယ်၊ စူးစမ်းစိတ်ဆိုတာ လူတိုင်းရဲ့ စိတ်ထဲမှာ အမြဲတမ်းတောက်လောင်နေတဲ့ မီးစတစ်ခုလိုပါပဲ။ မနက်မိုးလင်းအိပ်ရာထတာနဲ့ ဒီနေ့ ဘယ်လိုအံ့သြစရာတွေများ ကြုံရမလဲဆိုပြီး တွေးမိပါတယ်။ စူးစမ်းစိတ်ဟာ ဒီလောက်ထိအင်အားကြီးပါတယ်။

ဒါပေမဲ့လည်း စူးစမ်းလိုစိတ်မှာ လက်တွေ့ကျတဲ့သဘောတရားတစ်ခုလည်းရှိပါတယ်၊ သုတေသနတစ်ခုထဲမှာ ဒါဟာ ကျွန်တော်တို့ဘဝကို နည်းမျိုးစုံနဲ့ တိုးတက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ စူးစမ်းတတ်တဲ့လူတွေဟာ အရာဝတ္ထုအသစ်အဆန်းတွေကို လေ့လာရတာ ကြိုက်တဲ့အတွက် ပုံမှန်အားဖြင့် ပိုပြီးပျော်ရွှင်တတ်ကြပါတယ်။ ကျောင်းမှာလည်း ထူးချွန်သူတွေဖြစ်ကြပြီး အထူးသဖြင့် မိဘအသိုင်းအဝိုင်းပတ်ဝန်းကျင်မကောင်းတဲ့နေရာမှာ ကြီးပြင်းလာတဲ့ကလေးတွေအတွက် ပိုပြီးမှန်ပါတယ်။ သူတို့ရဲ့ စူးစမ်းလိုစိတ်ဟာ သူတို့ ပညာသင်တဲ့အချိန်မှာ အများနဲ့တန်းတူယှဥ်ပေါင်တန်းနိုင်အောင် တွန်းအားဖြစ်စေပါတယ်။ စူးစမ်းလိုစိတ်ရှိတဲ့သူဟာ သူများတွေကို စိတ်ဝင်တစားရှိပြီး သူတို့တွေရဲ့စိတ်ခံစားမှုအပိုင်းကို ပိုပြီးနားလည်သဘောပေါက်လာတဲ့အတွက် စူးစမ်းလိုစိတ်ကနေ empathy ကိုမွေးထုတ်ပေးပါတယ်။ ဒါဟာ ဘယ်လိုပေါင်းသင်းဆက်ဆံရေးမှာမဆို ပိုပြီးတော့ အားကောင်းစေပါတယ်၊ တခြားသူတွေကို စိတ်ဝင်စားတဲ့လူတွေကို တခြားသူတွေကလည်း ပိုပြီးခင်မင်ရင်းနှီးတဲ့စိတ်ဖြစ်စေတယ်လို့ စမ်းသပ်မှုတစ်ခုက ပြထားပါတယ်။

သင့်ကိုယ်သင် မေးကောင်းမေးမိနိုင်တာကတော့၊ သင့်ကလေးရဲ့ စူးစမ်းစိတ်ကို အားကောင်းလာအောင် သင်ဘယ်လိုကူညီမလဲ။ ဒါဆို ကျွန်တော်တို့အကြံပြုချက် ၆ ချက်ကို နားထောင်ပြီး ဒါတွေကို ကောင်းကောင်းအသုံးချလိုက်ပါ၊

  1. တကယ်လို့ သင်ကအဖြေကိုသိတယ်ဆိုရင် ချက်ချင်းမျှဝေပေးပါ။ တကယ်လို့ သင်ပင်ပန်းနေပြီး မနက်ဖြန် ဒါမှမဟုတ် အချိန်ရမှ ဖြေမယ်ဆိုရင်တော့ ကလေးငယ်တွေဟာ လူကြီးတွေထက် အချိန်ကိုနားလည်သဘောပေါက်ပုံက မတူပါဘူး။ နောက်ပြီး အနာဂတ်နဲ့ မနက်ဖြန်ဆိုတာကိုလည်း မှန်မှန်ကန်ကန်သဘောမပေါက်သေးပါဘူး။ တကယ်လို့ သူတို့မေးခွန်းတွေကို အခုမဖြေလိုက်တဲ့အခါ သင်စိတ်ပါတဲ့အချိန်မှာ ပြန်ဖြေမယ်ဆိုရင် သိပ်ကိုနောက်ကျသွားပါပြီ။ သူတို့ကလည်း ဒီအကြောင်းကို ထပ်ပြီးစိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။
  2. တကယ်လို့ သင်ကအဖြေကိုမသိဘူးရင် အတူတူရှာကြည့်ပါ။ ဒီအကြောင်းအရာကို အွန်လိုင်းမှာရှာကြည့်ပါ၊ စာကြည့်တိုက်ကိုသွားပါ ဒါမှမဟုတ် အိမ်မှာပဲ စမ်းသပ်ကြည့်ပါ။ ဒါဆိုရင် နှစ်ဦးအတူတူ အချိန်ကောင်းကောင်းကုန်ဆုံးနိုင်ရုံသာမက သင် ဒီအကြောင်းအရာကို ဘယ်လိုမျိုးရှာလဲဆိုတာကိုပါ သင်ကလေးက သင်ယူနိုင်မှာဖြစ်ပါတယ်။
  3. သင့်ကလေးအသက်နဲ့လိုက်တဲ့ အဖြေကိုသာ ဖြေဆိုပါ။ သင့်အနေနဲ့ အဖြေကို ပြီးစလွယ်ဖြေဖို့မလိုပါဘူး။ သူတို့နားလည်နိုင်မယ့် စကားလုံးတွေကို သုံးပြီးဖြေပေးရုံပါပဲ။
  4. သင့်ကိုယ်သင် မေးကြည့်ပါ။ တစ်ကိုယ်တည်းစကားပြောတာက သင့်ကလေးရဲ့ စူးစမ်းလိုစိတ်ကို နိုးကြားစေပါတယ်။ အရွက်တွေက ဘာလို့စိမ်းနေပါလိမ့်။ သင့်ကလေးက စူးစမ်းစိတ်ကို သင့်ဆီကနေ သင်ယူမှာဖြစ်ပြီး သူတို့ကလည်း မေးခွန်းတွေ စပြီးမေးပါလိမ့်မယ်။
  5. လမ်းဖွင့်ပေးထားတဲ့ မေးခွန်းတွေမေးခြင်း။ Yes/No မေးခွန်းတွေကို ရှောင်ပြီး Why, How, What, Where, When, Who စတဲ့မေးခွန်းတွေကို မေးပါ။ ဒါဆိုရင် ကလေးတွေဟာ အကြောင်းအရာတစ်ခုကို ပိုပြီးတော့ စဥ်းစားတွေးတောလာမှာပါ။
  6. သင့်ကလေးကို စိတ်ကြိုက်ကစားစေခြင်း။ သင့်မှာ ကြောင်တစ်ကောင်ရှိတယ်ဆိုရင် သင်က ဈေးကြီးတဲ့အရုပ်တစ်ရုပ်ကိုဝယ်လာတဲ့အခါ သူတို့လုပ်တတ်တာက အရုပ်ထက်ကို အရုပ်ထည့်တဲ့ ဘူးထဲဝင်ချင်တာကို သင်သိမှာပါ။ ဒီလိုနည်းအတိုင်းပဲ သင့်ကလေးကိုလည်း ကစားခိုင်းကြည့်ပါ။ အရုပ်တစ်ရုပ်ကို ပထမဆုံးကြည့်လိုက်ရင်တော့ သာမန်အရုပ်လို့ထင်ရပေမဲ့ တကယ်တော့ ဒီအရုပ်ဟာ လှုပ်ရှားမှုအမျိုးမျိုး၊ စမ်းသပ်မှုအမျိုးမျိုးနဲ့ အမျိုးမျိုးတည်ဆောက်လို့ရတာမျိုးဆိုရင် ကလေးတွေရဲ့ စူးစမ်းလိုစိတ်က ပိုပြီးအားကောင်းလာနိုင်ပါတယ်။

Logiscool မှာဆိုရင် ၂၁ ရာစုဒစ်ဂျစ်တယ်ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုအခက်အခဲတွေအတွက် ပင်ကိုစူးစမ်းစိတ်တွေအများဆုံးဖြစ်တဲ့ ကလေးဘဝတည်းက စပြီးပြင်ဆင်ထားဖို့လိုတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အသက် ၆-၁၈ နှစ်ကျောင်းသားတွေဟာ ပျော်စရာကောင်းတဲ့ သင်ရိုးကို လူငယ်နည်းပြတွေရဲ့ သင်ပြမှုနဲ့ digital literacy ထဲ ပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်သွားမှာပါ။ Logiscool ရဲ့ သင်တန်းတွေ၊ workshops နဲ့ camps တွေဟာ စူးစမ်းလိုစိတ်တွေကို ဘဝတစ်လျှောက်လုံးအကျိုးရှိစေမယ့် အသိပညာဗဟုသုတအဖြစ် ပြောင်းပေးသွားမှာပါ။ သူတို့ဟာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ ကျွမ်ကျင်းပြီး ယုံကြည်မှုအပြည့်ရှိတဲ့သူတွေဖြစ်လာမှာပါ။

ကျွန်တော်တို့ သင်တန်းတွေ၊ workshops နဲ့ camps နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက https://www.logiscool.com/my-mmကိုကြည့်ပါ။