Digital တောအုပ်ကြီးထဲက ကလေးငယ်များ - အောင်နိုင်သူတွေလား? လမ်းပျောက်သူတွေလား?

Digitalization
Logiscool
၁၁ နို ၂၀၂၁

ဒီနေ့ခေတ်မှာ Generation Alpha အကြောင်းကို သင်အမြဲလိုလို ကြားဖူးနေမှာပါ။ သူတို့ဟာ ၂၀၁၀ ပြည့်လွန်အစောပိုင်းကာလမှာ လူဖြစ်လာကြသူတွေဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဆယ်ကျော်သက်ဘဝထဲဝင်ရောက်လာတော့မယ့် သူတွေလည်းဖြစ်ပါတယ်။ ဆောင်းပါးတိုင်း၊ website တိုင်းနဲ့ အင်တာဗျူးတိုင်းမှာ ခေတ်သစ် ဒစ်ဂျစ်တယ်နည်းပညာလောကမှာ ပထမဆုံးမွေးဖွားလာတဲ့ မျိုးဆက်တွေ၊ တစ်ကမ္ဘာလုံးကနည်းပညာတွေ၊ social networks တွေကိုသုံးစွဲသူတွေအဖြစ်သူတို့ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် သူတို့လေးတွေဟာ ရှေ့ကမျိုးဆက်တွေထက် သူတို့ရဲ့ gadgets နဲ့ အွန်လိုင်းတွေကို ပိုပြီးအသုံးပြုကြသူတွေဆိုတားလည်း ကြားဖူးမှာပါ။ ဒါကြောင့် အင်တာနက်ဟာ သူတို့ရဲ့ဘဝတွေကို နောက်ဆက်တွဲအကျိုးဆက်တွေကို ရစေမှာပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့ သိပ်ပြီးမကြားရတဲ့ မေးခွန်းကတော့၊ ဒီ Generation Alpha က အင်တာနက်ကို ဘယ်လိုမျိုး အသုံးပြုလဲဆိုတာပါပဲ။

တကယ်လို့ သူတို့က digital devices နဲ့ online platforms တွေမှာ အချိန်တွေအများကြီး ကုန်ဆုံးနေတယ်ဆိုရင် သူတို့ ကောင်းကောင်းအသုံးပြုတတ်မှာပဲလို့တော့ အလွယ်တကူယူဆလိုက်လို့ရပါတယ်။ ဒါပေမဲ့ သံသယတွေလည်း ပိုပြီးတော့ များလာပါတယ်၊ အသုံးပြုသူ အတော်များများက ရင့်ကျက်ပြီး၊ ဉာဏ်ရှိရှိနဲ့ ဘေးကင်းအောင် သုံးတာမျိုး မဟုတ်ပါဘူး။

အပြာရောင်နောက်ခံပါတဲ့ monitor သုံးခုရှေ့က နားကြပ်တပ်ထားတဲ့ ကောင်လေး

၂၀၁၈ လေ့လာမှုတစ်ခုကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ရှစ်တန်းကျောင်းသားပေါင်း ၄၆,၅၆၁ နဲ့ ဆောင်ရွက်တဲ့အခါ ရလဒ်တွေက မကောင်းခဲ့ပါဘူး။ ဒီလေ့လာမှုက ကွန်ပျူတာနဲ့ တတ်မြောက်မှုကို အဆင့်လေးဆင့် ခွဲထားခဲ့ပါတယ်။ အမြင့်ဆုံးအဆင့်ကို ရဖို့ဆိုရင် ကလေးတွေဟာ သူတို့ရထားတဲ့ သတင်းအချက်အလက်တွေကို စိစစ်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိရပါမယ်။ ပါဝင်ဖြေဆိုတဲ့ကျောင်းသားတွေထဲက 2% သာ ဒီအဆင့်ကိုရခဲ့ပါတယ်။ ဒုတိယအဆင့်အမြင့်ဆုံးကို 19% ရရှိခဲ့ပြီး ဒီအဆင့်မှာ သူတို့ဟာ သတင်းအချက်အလက်တွေကို ကိုယ့်ဘာသာစုဆောင်းပြီး စီမံရတာပါ။

နောက်ထပ် လေ့လာမှုတစ်ခုကို ၂၀၂၁ မှာထုတ်ပြန်ခဲ့ပြီး ကလေးအများစုဟာ digital gadgets နဲ့ platforms အမျိုးမျိုးကို အသုံးပြုတတ်ပေမဲ့လည်း ဒါတွေကို သူတို့ဘာသာ ဘယ်လိုမျိုးကောင်းကောင်းမွန်မွန်အသုံးပြုရမလဲ မသိဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။ ဥပမာ၊ ကလေးတစ်ဦးဟာ TikTok မှာ ဗီဒီယိုတွေ အလွယ်တကူရိုက်ကူးပြီး တင်နိုင်ပေမဲ့ ဒါဟာ သူတို့ရဲ့အိမ်စာအတွက် အချက်အလက်တွေကို သုတေသနလုပ်တဲ့နေရာ၊ သတင်းအချက်အလက်တွေကို အဆိုးအကောင်းခွဲခြားတဲ့နေရာတွေမှာတော့ အထောက်အကူမဖြစ်ပါဘူး။ ဒါ့အပြင် ကလေးတွေဟာ သူတို့ရဲ့ smartphones တွေပေါ်က parental lock တွေကို မသိအောင် ဖြုတ်ထားကောင်းဖြုတ်ထားနိုင်ပေမဲ့ ဒါဟာ အွန်လိုင်းပေါ်မှာ သူတို့ကို အရှက်ခွဲခံရတဲ့အခါ စိတ်အေးအေးထားပြီး စီစဥ်ကိုင်တွယ်ဖို့အတွက် အထောက်အကူမဖြစ်စေပါဘူး။

ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ ကလေးတွေဟာ အခြေခံပြဿနာနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ခုကတော့ technical knowledgeဖြစ်ပြီး သင်ဟာ သင့် gadget ကို စပြီးအသုံးပြုချိန်မှာ ဘယ်လောက်ပဲသုံးသုံး ဒါဟာ တခြားနည်းပညာတွေကို ပိုပြီးကောင်းကောင်းအသုံးပြုတတ်အောင် မစွမ်းဆောင်နိုင်ပါဘူး။ နောက်တစ်ခုကတော့ သတင်းအချက်အလက်တွေကို ရင့်ကျက်ပြီး တာဝန်သိသိ အသုံပြုးတာပါပဲ၊ ဒါက သင့်ကို စိတ်မချရတဲ့ သတင်းအချက်အလက်တွေနဲ့ဘေးဖြစ်စေတဲ့ အွန်လိုင်းဆိုရှယ်ပတ်ဝန်းကျင်တွေကို ရှောင်ရှားနိုင်မှာပါ။

Alphas တွေကို သူတို့ devices တွေနဲ့လွှတ်ထားလို့မရတော့တာကို နိုင်ငံအတော်များများက စပြီးသတိပြုမိလာပါတယ်။ သင်လည်းပဲ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ သူတို့ကို သေချာဂရုတစိုက် လမ်းပြပေးဖို့ လိုအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျောင်းကောင်းကောင်းတွေအများကြီးရှိပြီး ကလေးတွေရဲ့ digital literacy skills တွေ ဖွံ့ဖြိုးတိုးတက်အောင် သင်ပေးနေတာပါ။ ဒါပေမဲ့လည်း ဒီကျောင်းတွေဟာ အလျင်အမြန်ပြောင်းလဲတိုးတက်နေတဲ့ ဒီပညာရပ်နယ်ပယ်ရဲ့ ရှုပ်ထွေးတဲ့ အခက်အခဲတွေနောက်ကို မလိုက်နိုင်ပါဘူး။ ဒီကျောင်းတွေအတွက် အဖြေကတော့ ဒီအရည်အချင်းတွေကို အထူးသင်ကြားပေးဖို့ပါပဲ။

Digital literacy နဲ့ technological proficiency တွေဟာ အနာဂတ်အတွက် အခြေခံလိုအပ်ချက်တွေပဲဖြစ်ပြီး အသက်အငယ်ဆုံးမျိုးဆက်မှာ ဒီအရည်အချင်းလိုနေတာကို ကျွန်တော်တို့ စတင်သတိပြုမိခဲ့ပါတယ်၊ ကျွန်တော်တို့အမြင်မှာတော့ ဒီမျိုးဆက်ဟာ အရည်အချင်းအရှိဆုံးဖြစ်ပြီး ထိခိုက်ခံရမှုအများဆုံးလည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ Logiscool မှာ ကလေးတွေအတွက် ဒစ်ဂျစ်တယ်တွေနဲ့ပြည့်နေတဲ့ ဘဝကို သေသေချာချာကြပ်မတ်ပြီး ပြင်ဆင်ပေးဖို့ကို အဓိကအချက်အနေနဲ့ ထားထားတာပါ။ သူတို့ဟာ အနာဂတ်ရဲ့ ဗဟုသုတွေကို ကျွန်တော်တို့ရဲ့ ခေတ်မီတဲ့သင်ရိုးညွှန်းတမ်းတွေကနေတစ်ဆင့် အဖွဲ့ငယ်လေးတွေထဲမှာ ဆော့ကစားရင်းနဲ့ သင်ယူတတ်မြောက်သွားမှာဖြစ်ပါတယ်။ ဒီသင်ရိုးညွှန်းတမ်းထဲမှာတော့ အင်တာနက်ကို ဘေးကင်းကင်းနဲ့အသုံးပြုနည်းကစပြီး ဗီဒီယိုထုတ်လုပ်ရေး၊ ပရိုဂရမ်းမင်းနဲ့ robotics အထိ ပါဝင်ပါတယ်။

ကျွန်တော်တို့ သင်တန်းတွေ၊ camps နဲ့ workshops ပတ်သက်ပြီး ပိုမိုသိရှိလိုပါက https://www.logiscool.com/my-mmကိုကြည့်ပါ။