သင့်ကလေးအတွက် coding သင်တန်းတစ်ခုကို ရွေးချယ်ခြင်းနဲ့ပတ်သက်ပြီး အကြံပြုချက် ၆ ချက်

ပညာရေး
Logiscool
၂၅ ဇန် ၂၀၂၂

၂၁ ရာစုဟာ STEMပညာရေးရဲ့ အထူးအစိတ်အပိုင်းတစ်ခုဖြစ်လာပြီး လူအဖွဲ့အစည်းရဲ့ ခွဲခြားမရတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်လို့လာပါပြီ။ ဒီအတိုကောက်စာလုံးတွေရဲ့ အဓိပ္ပာယ်ကတော့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ STEM ကို ဘယ်လောက်ထိလက်တွေ့ကျင့်သုံးနေလဲဆိုတာကို အလွယ်တကူမြင်နိုင်ပါတယ်၊ digital နဲ့ information technologies အပြင် automation တို့ကလည်း တောမီးလိုပဲ အလျင်အမြန်ကို ဖွံ့ဖြိုးလာပါတယ်။ ဒီနည်းပညာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး လည်ပတ်ဖို့အတွက်ကတော့ ပညာတတ်ပညာရှင်တွေအများကြီး လိုအပ်နေပါတယ်။ နောက်ပြီး STEM ပညာရေးဟာ ထိုးထွင်းသိမြင်ဉာဏ်နဲ့ logic ကိုတိုးတက်ဖို့အတွက် အကောင်းဆုံးကိရိယာတစ်ခုဆိုတာကလည်း သိသာထင်ရှားနေပြန်ပါတယ်။ STEM အကြောင်းအရာတွေထဲက အထူးသဖြင့် digital literacy နဲ့ coding skills တွေဟာ ကလေးတွေကို အဆင့်မြင့်ပညာရေးနဲ့ အနာဂတ်နည်းပညာအဓိကထားတဲ့ အလုပ်အကိုင်တွေမှာလည်း အားသာချက်ကို ပေးနိုင်ရုံသာမက critical thinking၊ problem-solving skills၊ memory၊ language skills နဲ့ creativity ကိုပါ ဖွံ့ဖြိုးတိုးတက်စေမှာပါ။ နောက်ပြီး နည်းလမ်းကောင်းကောင်းနဲ့ ဒီလိုဗဟုသုတတွေကို သင်ပေးတာကလည်း ကလေးတွေကို လေ့လာသင်ယူမှုအပေါ် နှစ်သက်သဘောကျလာစေမှာဖြစ်ပါတယ်။

ဒါကြောင့် ပညာရေးအဖွဲ့အစည်းတွေဟာ ကလေးတွေအတွက် coding သင်တန်းတွေ ပိုပိုကမ်းလှမ်းလာတာက မဆန်းတော့ပါဘူး။ မိဘတစ်ဦးအနေနဲ့ သင်ကလည်း သင့်ကလေးအတွက် မှန်ကန်တဲ့ ပညာရေးအဖွဲ့အစည်းတစ်ခုကို သေချာရှာရတော့မှာပါ။ အဖွဲ့အစည်းတိုင်းက သင့်ကလေးကို အလားအလာကောင်းတဲ့ အသိပညာတွေ၊ ရေရှည်အသုံးဝင်မယ့် စွမ်းရည်တွေကို သင်ပေးနိုင်မှာမဟုတ်မှန်း သင်လည်း သိထားမှာပါ။ ဒီတော့ သင့်ကလေးအတွက် မှန်ကန်တဲ့ ပညာရေးကို ရွေးချယ်နိုင်ဖို့ အဓိကမေးခွန်း ၆ ခု ပေးထားပါတယ်၊

ကွန်ပျူတာ coding ရှေ့က တီရှင်အစင်းကျားလေးဝတ်ထားတဲ့ ကောင်လေးနဲ့ ဘေးက တီရှပ်ပန်းရောင်ဝတ်ထားတဲ့ ကောင်မလေး

ဒီသင်ရိုးညွှန်းတမ်းက ဘယ်ကရတာလဲ။

နိုင်ငံတကာပညာရှင်တွေရဲ့အကူအညီနဲ့ ကျောင်းက ပြုစုထားတာဟုတ်ရဲ့လား၊ ပြီးတော့ ဒါက အမြဲတမ်းရော ဖွံ့ဖြိုးတိုးတက်နေရဲ့လား။ ဒါမှမဟုတ် ကျောင်းက အင်တာနက်က အခမဲ့ရတဲ့အရာတွေကို ဒေါင်းလုတ်ဆွဲထားပြီး ပြန်ရောင်းတာများလား။ ကလေးတွေအတွက် အထူးရေးသားထားတဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းရှိပြီး နိုင်ငံတကာစံချိန်စံညွှန်းစစ်ပေးတဲ့ အဖွဲ့အစည်းကြီးတွေရဲ့ အသိအမှတ်ပြုခံထားရတဲ့ ကျောင်းက သင့်ကလေးအတွက် လိုအပ်ချက်တွေကို အများကြီးပိုပြီးကောင်းမွန်အောင် ဖြည်ဆည်းပေးသွားမှာပါ။

၂။ ဒီသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့နည်းလမ်းက ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ အသက်အရွယ်နဲ့ ဉာဏ်ပညာအဆင့်တွေကိုရော ထည့်သွင်းစဥ်းစားထားရဲ့လား။

လူတိုင်းက မတူညီပါဘူး - ကလေးတွေဟာ သူတို့အသက်အရွယ်၊ အရင်က ရှိထားတဲ့ အသိပညာဉာဏ်အလိုက် စာသင်တဲ့ပုံစံနဲ့ နည်းလမ်းတွေက အမျိုးမျိုးကွဲပြားပါတယ်။ သင်တန်းအုပ်စုဖွဲ့ချိန်၊ သင်ရိုးညွှန်းတမ်းရေးချိန်၊ ပညာရေးပလက်ဖောင်းကို ဖန်တီးချိန်နဲ့ တကယ့်စာသင်ခန်းတွေလုပ်တဲ့အချိန်မှာ ဒီလိုမတူညီမှုတွေကို စဥ်းစားဖို့က အရေးကြီးပါတယ်။ သင့်ကလေးရဲ့ သီးခြားအရည်အချင်းတွေကို စဥ်းစားပေးဖို့အတွက် ကလေးကို ကျောင်းကို ခေါ်လာသင့်ပါတယ်။

၃။ အတန်းတွေက ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့ရော ကောင်းရဲ့လား။

screen ရှေ့မှာထိုင်ပြီးတော့ အချိန်အကြာကြီး အလုပ်တွေကို ဆက်တိုက်လုပ်နေရတာက လူကြီးတွေအတွက်တောင် အတော်လေးကို ပင်ပန်းပါတယ်၊ ကလေးတွေအတွက်ဆိုရင်တော့ ပိုပြီးဆိုးတော့တာပေါ့။ monologue ဒါမှမဟုတ် on-screen presentation တွေပဲ လုပ်နေရတာက မလုံလောက်ပါဘူး၊ ကလေးတွေက စိတ်တက်ကြွနေဖို့လိုတာကြောင့် ဆော့ကစားတဲ့နည်းနဲ့ ဗဟုသုတတွေ ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ သေသေချာချာရေးထားတဲ့ သင်ရိုးညွှန်းတမ်းက ကလေးတွေရဲ့ အောင်မြင်မှုအတွက် သူတို့ရဲ့လိုအပ်ချက်တွေကို ထည့်စဥ်းစားထားပြီး ဆက်လက်ပညာသင်ကြားနိုင်အောင် ရေရှည်စိတ်အားတက်ကြွမှုကို ဖြစ်စေပါတယ်။ ကလေးတစ်ယောက်က ကျောင်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ သွားပြီး စာသင်ဖို့ကို တက်ကြွနေတယ်ဆိုရင် မိဘတွေကလည်း ပိုပြီးတော့ ကျေနပ်ဝမ်းသာကြမှာပါ။

၄။ အခန်းထဲမှာ တကယ်ရော စာသင်ရဲ့လား။

ကလေးတွေ တကယ်ကိုပျော်ရွှင်ရပေမဲ့ ဘာတစ်ခုမှ အသိပညာမတိုးနိုင်တဲ့ digital playhouses တွေရှိပါတယ်။ screen ကနေ အရာရာကို ကူးယူပြီး လက်တွေ့လေ့ကျင့်မှုတွေကို မပေးနိုင်ရင် ဒါကို စစ်မှန်တဲ့ပညာရေးလို့ မခေါ်နိုင်ပါဘူး။ တကယ်လို့ သင်မလုပ်နိုင်တဲ့အရာတစ်ခုအတွက် သင့်မှာ အကူအညီတောင်းစရာလူမရှိဘူးဆိုရင် ဒါဟာ ပညာသင်ပေးတယ်လို့ မခေါ်ထိုက်ပါဘူး။ နောက်ထပ်ဖြစ်တတ်တဲ့ ပြဿနာကတော့ အဖြေမှန်တွေကို အလိုအလျောက်ထုတ်ပေးတာ၊ တာဝန်တစ်ခုလုပ်တဲ့အခါ ကျောင်းသားကို ကိုယ်တိုင်မလုပ်စေဘဲ အလိုအလျောက် ဆောင်ရွက်ပေးလိုက်တဲ့ educational software နဲ့သင်ပေးတာမျိုးပါ။ ဒီလိုသင်တန်းမျိုးက သင့်ကလေးကို အဆုံးမှာတော့ ဟန်ပြ လက်မှတ်ပဲပေးအပ်ပြီး ဘာတစ်ခုမှ တတ်လိုက်မှာမဟုတ်ပါဘူး။ ဒီလိုပညာရေးမျိုးမှာတော့ သင့် ပိုက်ဆံတွေ မသုံးသင့်ပါဘူး။

၅။ ဒီပညာရေးပလက်ဖောင်းက ကလေးတွေရဲ့ လိုအပ်ချက်ကိုရော ဖြည့်ဆည်းပေးရဲ့လား။

တချို့ပညာရေးပလက်ဖောင်းတွေ ဖွင့်ထားပြီး ကလေးတွေကို အတန်းချိန်အတွင်း အင်တာနက်ကို အသုံးပြုခွင့်ပေးပြီး သူတို့ကို ဂရုမစိုက်တာမျိုးရှိပါတယ်။ ဒီတော့ သူတို့တွေ အာရုံမစိုက်နိုင်တာက မဆန်းလှပါဘူး။ သေချာကြီးကြပ်ထားတဲ့ ပလက်ဖောင်းကတော့ ကလေးတွေကို ပိုပြီးအာရုံစူးစိုက်စေပါတယ်။ နောက်ထပ် ဖြစ်တတ်တဲ့ ပြဿနာကတော့ လူကြီးတွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ ပညာရေးပလက်ဖောင်းတစ်ခုကို ကလေးတွေကို သင်ပေးတဲ့အခါ အသုံးပြုတာမျိုးပါ။ ဒီလို ကိုက်ညီမှုမရှိတဲ့ ပလက်ဖောင်းက စာသင်ယူမှုကို အကြီးအကျယ်ထိခိုက်စေပြီး ဗဟုသုတတွေလည်း ထိထိရောက်ရောက်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျောင်းဖွင့်တဲ့နေ့မှာ လုပ်ပေးမယ့် အခမဲ့ သရုပ်ပြသင်ခန်းစာကို တက်ရောက်နိုင်အောင် ကြိုးစားကြည့်ပါ၊ ဒါဆိုရင် ဒီပညာရေးပလက်ဖောင်းနဲ့ သင်ကြားတဲ့နည်းလမ်းက တကယ်ပဲ သင့်ကလေးအတွက် သင့်တော်ရဲ့လားဆိုတာကို သင်မြင်တွေ့ရမှာပါ။

၆။ နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံး မေးခွန်းတစ်ခုကတော့၊ ဆရာတွေက ဘယ်သူတွေလဲ။

ကျောင်းကောင်းကောင်းတစ်ကျောင်းဟာ အမြဲမပြတ်ပြောင်းလဲနေတဲ့ digital literacy နဲ့ coding တွေကို နားလည်သဘောပေါက်ရုံသာမက ကလေးတွေရဲ့ သင်ယူမှုပုံစံနဲ့ကိုက်ညီတဲ့ နည်းနဲ့သင်ပေးနိုင်တဲ့ ဆရာမျိုးကို လိုအပ်ပါတယ်။ သူတို့ဟာ ငယ်ရွယ်ပြီး ကျောင်းသားတွေလေးစားအားကိုပြီး ယုံကြည်ရတဲ့ ဆရာမျိုးတွေဖြစ်ဖို့လိုပါတယ်။ ကလေးတွေဟာ သူတို့ဆရာတွေအပေါ် သံယောဇဥ်တွယ်တတ်ကြပါတယ်။ ဒါဟာ သူတို့ဘဝမှာ သိပ်ကိုအရေးကြီးတဲ့ ပတ်သက်မှုဖြစ်ပြီး ပညာသင်ကြားဖို့အတွက် ကလေးတွေရဲ့ ရေရှည်သဘောထားကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ သင်စဥ်းစားထားတဲ့ ကျောင်းတိုင်းက ဆရာတွေကို အမြဲတမ်းစစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့။


ဒီမေးခွန်းတွေဟာ သင့်ကလေးအတွက် digital literacy နဲ့ coding ကို ရွေးချယ်ရာမှာ အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သင့်အတွက် ရနိုင်မယ့် ပညာရေးအတွက်ရွေးချယ်စရာတွေကိုလည်း သေချာကြည့်ဖို့ အကြံပေးလိုပါတယ်၊ သူတို့တွေရဲ့ websites တွေကို သေချာဖတ်ကြည့်တာ၊ ထောက်ခံချက်တွေနဲ့ သုံးသပ်ချက်တွေကို ရှာကြည့်တာ၊ ပထမဆုံး အတွေ့အကြုံရှိထားတဲ့ ကလေးတွေနဲ့မိဘတွေကို စကားပြောကြည့်တာမျိုးဖြစ်ပါတယ်။

Logiscool မှာတော့ ငယ်ရွယ်ပြီး အသိအမှတ်ပြု ဆရာတွေကပဲ ကလေးတွေရဲ့လိုအပ်ချက်အလိုက် ဖန်တီးထားတဲ့ စိတ်ချယုံကြည်ရတဲ့ ပလက်ဖောင်းနေတစ်ဆင့် စာသင်ပေးပါတယ်။ သူတို့သင်ပေးနေတဲ့ ပျော်ရွှင်စရာသင်ရိုးညွှန်းတမ်းဟာ ကလေးတွေရဲ့ အသက်အရွယ်နဲ့ ဉာဏ်ပညာအဆင့်ကို လိုက်ပြီး တီထွင်ထားတာဖြစ်လို့ အမြဲစိတ်တက်ကြွစေပြီး အောင်မြင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခမဲ့ ကျောင်းဖွင့်မယ့်နေ့ကို သင့်ကလေးနဲ့အတူ လိုက်လာပြီး ထူးခြားပြီး အကျိုးများတဲ့ Logiscool သင်ကြားမှုအတွေ့အကြုံကို မြည်းစမ်းကြည့်လိုက်ပါ။

နောက်ထပ် အချက်အလက်၊ https://www.logiscool.com/my-mm