Logiscool က အာဖရိကမှာ ကျောင်းတွေဖွင့်ထားပါတယ်

၉ လိုင် ၂၀၂၁

လတ်တလောမှာတော့ ကျွန်တော်တို့ ကျောင်းကွန်ရက်ကို နောက်ထပ် တိုက်ကြီးတစ်တိုက်ဆီကို ချဲ့ထွင်ဖွင့်လှစ်ထားတာကြောင့် တောင်အာဖရိကတိုက်နဲ့ နိုင်ဂျီးရီးယားက ကလေးတွေဟာ Logiscool ကျောင်းရဲ့နည်းလမ်းတွေနဲ့ ပရိုဂရမ်းမင်းအပြင် digital literacy ရဲ့ တခြားပညာတွေကိုလည်း သင်ယူနိုင်ပါပြီ။ အာဖရိကတိုက်မှာ တခြား ဟန်ဂေရီပညာရေးအဖွဲ့အစည်းမှ ခြေမချနိုင်သေးတဲ့အတွက် ဒါဟာ တကယ်ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်လို့ ပြောရမှာပါ။

Logiscool တွဲဖက်တည်ထောင်သူ Anita Breuer သည် Business Woman မဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းမှာ ပါလာပါတယ်။

Logiscool ရဲ့ တွဲဖက်တည်ထောင်သူနဲ့ စီအီးအို Anita Breuer ဟာ Business Woman မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါလာပါတယ်။ ဒီနိုင်ငံတကာမဂ္ဂဇင်းဟာ ပညာရေးနယ်ပယ်ကနေစပြီး ခရီးသွားလုပ်ငန်းနဲ့ logistics ကဏ္ဍအထိ အမျိုးသမီးတွေ ဦးဆောင်နေတဲ့ လုပ်ငန်းခွဲအကြောင်းကို အဓိက အသားပေးဖော်ပြပေးပြီး ကမ္ဘာအနှံ့က အမျိုးသမီးစွန့်ဦးထွင်သူတွေကို အတုယူအားကျစေဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းထဲမှာ Anita က Logiscool စတင်ဖြစ်လာရတဲ့အကြောင်းနဲ့ လက်ရှိမှာရော အနာဂတ်မှာပါ digital literacy ကို ကလေးတွေဆီ တတ်နိုင်သလောက် ပို့ဆောင်ပေးသွားမယ့်တာဝန်တွေအကြောင်းကို ဆွေးနွေးသွားပါတယ်။ ဒီမဂ္ဂဇင်းကို ဒီမှာဖတ်နိုင်ပါတယ်၊ https://www.global-franchise.com/reports/business-women-issue-6

Logiscool ဟာ Global Franchise Awards နောက်ဆုံးဆန်ခါတင် ဖြစ်ပါတယ်

Logiscool သည် Global Franchise Awards ၏ Children and Education ခေါင်းစဉ်အောက်တွင် ဆန်ခါတင်စာရင်းဝင်ဖြစ်ခဲ့ကြောင်း ဝမ်းသာအားရစွာ ကြေညာအပ်ပါသည်။

Global Franchise Awards သည် လုပ်ငန်းနယ်ပယ်တွင် ဂုဏ်သိက္ခာအရှိဆုံးဆုဖြစ်ပြီး သူတို့၏ ကဏ္ဍတွင် ပိုမိုသာလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်သူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ကို ဆန်ခါတင်အဖြစ် သတ်မှတ်ခြင်းအတွက် အလွန်ဂုဏ်ယူပြီး ထိုသို့ချီးမြှင့်ခံရခြင်းသည် Logiscool မိသားစုဝင်များ၏ ကြိုးစားအားထုတ်မှုများက အရာထင်ကြောင်းပြသလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဤအသိအမှတ်ပြုမှုအတွက် မိဘများ၊ကလေးများနှင့် Logiscoolအပေါ်တွင် ယုံကြည်ပေးသော ကမ္ဘာအနှံ့မှ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များအား ကျေးဇူးအထူးပင်တင်ရှိပါတယ်။