Logiscool ကို နိုင်ငံတကာပညာရေးအသိအမှတ်ပြုအဖွဲ့အစည်းက အကောင်းဆုံးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

၇ ဖေ ၂၀၂၂

ဂုဏ်သတင်းအကြီးဆုံး ပညာရေးအသိအမှတ်ပြုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Education Alliance Finland (EAF) က Logiscool ရဲ့ သင်ရိုးညွှန်းတမ်းနှင့် ပညာရေးပလက်ဖောင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအဖွဲ့အစည်းထဲမှာ စံချိန်စံနှုန်းတွေနဲ့အညီ နိုင်ငံတကာပညာရေးအဖွဲ့တွေကို စိစစ်အကဲဖြတ်ပေးတဲ့ ဖင်လန်လူမျိုးပညာရေးမှူးတွေနဲ့ ပညာရေးသုတေသီတွေ ပါဝင်ပါတယ်။

Logiscool တွဲဖက်တည်ထောင်သူ Anita Breuer သည် Business Woman မဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းမှာ ပါလာပါတယ်။

Logiscool ရဲ့ တွဲဖက်တည်ထောင်သူနဲ့ စီအီးအို Anita Breuer ဟာ Business Woman မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါလာပါတယ်။ ဒီနိုင်ငံတကာမဂ္ဂဇင်းဟာ ပညာရေးနယ်ပယ်ကနေစပြီး ခရီးသွားလုပ်ငန်းနဲ့ logistics ကဏ္ဍအထိ အမျိုးသမီးတွေ ဦးဆောင်နေတဲ့ လုပ်ငန်းခွဲအကြောင်းကို အဓိက အသားပေးဖော်ပြပေးပြီး ကမ္ဘာအနှံ့က အမျိုးသမီးစွန့်ဦးထွင်သူတွေကို အတုယူအားကျစေဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းထဲမှာ Anita က Logiscool စတင်ဖြစ်လာရတဲ့အကြောင်းနဲ့ လက်ရှိမှာရော အနာဂတ်မှာပါ digital literacy ကို ကလေးတွေဆီ တတ်နိုင်သလောက် ပို့ဆောင်ပေးသွားမယ့်တာဝန်တွေအကြောင်းကို ဆွေးနွေးသွားပါတယ်။ ဒီမဂ္ဂဇင်းကို ဒီမှာဖတ်နိုင်ပါတယ်၊ https://www.global-franchise.com/reports/business-women-issue-6

Logiscool က အာဖရိကမှာ ကျောင်းတွေဖွင့်ထားပါတယ်

လတ်တလောမှာတော့ ကျွန်တော်တို့ ကျောင်းကွန်ရက်ကို နောက်ထပ် တိုက်ကြီးတစ်တိုက်ဆီကို ချဲ့ထွင်ဖွင့်လှစ်ထားတာကြောင့် တောင်အာဖရိကတိုက်နဲ့ နိုင်ဂျီးရီးယားက ကလေးတွေဟာ Logiscool ကျောင်းရဲ့နည်းလမ်းတွေနဲ့ ပရိုဂရမ်းမင်းအပြင် digital literacy ရဲ့ တခြားပညာတွေကိုလည်း သင်ယူနိုင်ပါပြီ။ အာဖရိကတိုက်မှာ တခြား ဟန်ဂေရီပညာရေးအဖွဲ့အစည်းမှ ခြေမချနိုင်သေးတဲ့အတွက် ဒါဟာ တကယ်ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်လို့ ပြောရမှာပါ။