Easter eggs – ကွန်ပျူတာကမ္ဘာရဲ့ အသေးဆုံးလျှို့ဝှက်ချက်များ

Digitalization
Logiscool
၁၁ ပြီ ၂၀၂၂

ကွန်ပျူတာဂိမ်းတွေ ( တခြားပရိုဂရမ်တွေမှာပါ) မတိုင်ခင်တည်းက Easter eggs အကြောင်းကို သင်ကြားဖူးကောင်း ကြားဖူးမှာပါ။ ဒါပေမဲ့ သူတို့က အမှန်တကယ် ဘာတွေလဲ။

အတိုချုပ်ပြောရရင် Easter eggဆိုတာ အံ့သြစရာတစ်ခုအဖြစ်ထားထားတဲ့ ပရိုဂရမ်တစ်ခုရဲ့ လျှို့ဝှက်အစိတ်အပိုင်းပါ။ အဲဒါက ပုံရိပ်တစ်ခုဟာသတစ်ခုဖြစ်နိုင်သလို တခြားဂိမ်းရဲ့ ကာရိုက်တာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီထက်ပိုပြီးကြီးတဲ့ လျှို့ဝှက်အဆင့်ကြီးတစ်ခုလုံးလည်းဖြစ်နိုင်ပါတယ်။ တခြားမီဒီယာတွေမှာလည်း Easter egg ကိုရှာနိုင်ပါသေးတယ်၊ movie DVDs မှာတောင် လျှို့ဝှက်အချက်တွေပါနိုင်ပါသေးတယ်၊ နောက်ပြီး ကာတွန်းစာအုပ်တွေနဲ့ ရုပ်ရှင်တွေမှာတောင် အမြင်စူးရှတဲ့သူတွေ မမြင်နိုင်တဲ့ လျှို့ဝှက်မက်ဆေ့ချ်တွေတောင် ပါနိုင်ပါတယ်။

Easter egg ရဲ့ အယူအဆက ခရစ်ယာန်တို့ရဲ့နေ့ထူးနေ့မြတ် Easter အကြောင်းရိုးရာပုံပြင်တွေကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။ ဆေးရောင်သုတ်ထားတဲ့ Eggs တွေဟာ Easter ပွဲတော်အမျိုးမျိုးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ဒီထဲက တစ်ခုကတော့ Easter egg ရှာပွဲပဲဖြစ်ပါတယ်၊ ဥယျာဥ်ထဲမှာဖြစ်ဖြစ် အိမ်ထဲမှာဖြစ်ဖြစ် တကယ့် ဥ အစစ်ပဲဖြစ်ဖြစ် ချောကလက်ပဲဖြစ်ဖြစ် ဖွက်ထားပြီး ကလေးတွေကို အဲဒါကို အရင်ရှာရပါတယ်။ အလားတူပဲ လျှို့ဝှက်ပစ္စည်းလေးတစ်ခုဖြစ်တဲ့ Computer Easter eggs တွေကိုလည်း ဒီရိုးရာပွဲတော်အတိုင်း နာမည်ပေးထားတာပါ။

အပြာရောင်နောက်ခံရှေ့က Big-toothed Dopefish

Big-toothed Dopefish က ၁၉၉၁ ခုနှစ် ဂိမ်းဖြစ်တဲ့ Commander Keen in Goodbye, Galaxy ထဲမှာ ပထမဆုံးစတင်ပါလာတာပါ။ နောက်ပိုင်းမှာတော့ တခြားဂိမ်းတွေထဲက လျှို့ဝှက်ချက်ပေါင်း တစ်ဒါဇင်ကျော်ကျော်နဲ့အတူ ဂိမ်းလောကရဲ့ အကြီးကျယ်ဆုံး ဟာသတွေထဲကတစ်ခုဖြစ်လာပါတယ်။

ပထမဆုံးလူသိများတဲ့ computer Easter egg ကတော့ ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းတုန်းက ကွန်ပျူတာ mainframe ကြီးထဲမှာ ဖုံးကွယ်ထားပြီး ၇၀ ပြည့်လွန်ကာလမှာတော့ ကွန်ပျူတာဂိမ်းတချို့မှာ ပါလာပါတယ်။ ဒါပေမဲ့ လျှို့ဝှက် Easter eggs တွေလို့ နာမည်ပေးဖို့အကြံရတာကတော့ ၁၉၈၀ တုန်းက ဂိမ်းဖြစ်တဲ့ Adventure for the Atari 2600မှာပါ။ အဲဒီတုန်းက Atari Inc.ရဲ့ ပိုင်ရှင်က သူတို့ရဲ့ ပရိုဂရမ်မာတွေကို ဂိမ်းတွေထဲမှာ ကျေးဇူးတင်ဖော်ပြတာမျိုးကို ခွင့်မပြုထားပါဘူး။ ဒါဟာ တခြားပြိုင်ဘက်တွေက ဒီလိုဂိမ်းမျိုးကို ဖန်တီးနိုင်တဲ့သူတွေကို သိရှိသွားပြီး Atari ကနေ သူတို့ကို ခေါ်ထုတ်သွားမှာစိုးလို့ ကြိုတင်တားဆီးကာကွယ်ထားတဲ့ သဘောပါ။ ဒါဟာ ဂိမ်းပရိုဂရမ်မာတွေအတွက်တော့ လစာကောင်းတဲ့ နာမည်ကျော်တွေ မဖြစ်လာအောင် တားမြစ်ထားတဲ့သဘောလည်းဖြစ်ပါတယ်။ Adventure ကိုတီထွင်သူ Warren Robinettအပါအဝင် ပရိုဂရမ်မာတော်တော်များများက ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြပြီး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူက လျှို့ဝှက်ချက်တစ်ခုကို ပရိုဂရမ်ရေးပြီး ဂိမ်းထဲကို ထည့်ခဲ့ပါတယ်၊ တကယ်လို့ ကစားသူက သီးခြားအက်ရှင်တစ်ခုခုကို လုပ်ဆောင်နိုင်ခဲ့ရင် အဲဒီဂိမ်းကစားသူဟာ ဂိမ်းထဲက လျှို့ဝှက်အခန်းကို ရှာတွေ့သွားမှာဖြစ်ပြီး အဲဒီထဲမှာ Warren Robinett ဖန်တီးသည်ဆိုတဲ့ စာကိုပါ တွေ့ရမှာပါ။ အဲဒီအခန်းက လျှို့ဝှက်အခန်းဖြစ်တာကြောင့် Robinett ရဲ့သဌေးက တကယ့်ဂိမ်းကစားသူတချို့ရှာတွေ့ပြီးမှသာ သိရှိသွားပါတယ်။ Robinett ရဲ့ သဌေးကလည်း ဒီလျှို့ဝှက်ချက်တွေက တကယ်ကောင်းတဲ့ အကြံဖြစ်ပြီး ဂိမ်းကစားသူတွေကို ဒီလိုလျှို့ဝှက်ချက်တွေ ပိုများများရှာဖို့ တိုက်တွန်းနိုင်တာကို သိသွားပါတယ်။ အဲဒီကစပြီး သူ့အဖွဲ့ကို အလားတူ လှည့်ကွက်တွေထည့်ဖို့တိုက်တွန်းအားပေးရင်းနဲ့ အခုတော့ Easter eggs ဆိုပြီး ခေါ်လာကြတာပါ။

မီးခိုးနဲ့ပန်းရောင်နောက်ခံပေါ်က Adventure ထဲရှိ လျှို့ဝှက်အခန်းနဲ့ အပြာရောင် message

Easter egg လို့တကယ်တမ်းဖြစ်ပေါ်လာတဲ့ ပထမဆုံးကွန်ပျူတာဂိမ်း Adventure ထဲက လျှို့ဝှက်အခန်းနဲ့ မက်ဆေ့ချ်

ဂျင်နီက ပုလင်းထဲကထွက်လာပါပြီ၊ နောက်ပြီး ဂိမ်းတွေမှာ Easter eggs တွေကို ပိုပိုပြီး ထည့်လာပါပြီ၊ တချို့ အလေးအနက်ထားတဲ့ ပရိုဂရမ်တွေမှာတောင် နည်းနည်းထည့်လာပါပြီ။Excel 97 က flight simulator gameတစ်ခုလုံးကို အထဲမှာ ဖွက်ထားပြီး သီးခြားလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပြီး complicated code တစ်ခုကို ထည့်မှသာ အဲဒါက အသက်ဝင်လာမှာဖြစ်ပါတယ်.

ခရမ်းရောင် screen ဘေးက Excel 97

Excel 97 ကို ပုံမှန်အသုံးပြုပုံ (ဘယ်) နဲ့ hidden flight simulator ပါပုံ (ညာ)

Google ကတော့ Easter eggs တွေအများကြီးရှိတယ်ဆိုပြီး လူသိများပါတယ်၊ ရှာဖွေဖို့ကတော့ မှန်ကန်တဲ့ စာတစ်ခုကို ရိုက်ထည့်ကြည့်ရုံပါပဲ။ အဲဒီထဲကတချို့ကိုပြောရမယ်ဆိုရင် do a barrel rollpac-man ဒါမှမဟုတ် minesweeperဆိုပြီး ရိုက်ထည့်ကြည့်ပါ။ ဒါမှမဟုတ် Google မှာမရှာချင်ဘူးဆိုရင်လည်း YouTube မှာစမ်းကြည့်ပါ၊ ကြိုက်တဲ့ဗီဒီယိုတစ်ခုခုကိုဖွင့်ပါ၊ ပြီးရင် awesomeဆိုပြီး စာရိုက်ကြည့်ပါ၊ ဗီဒီယိုပြနေတဲ့ ဘားကို ကြည့်လိုက်ပါ။

တကယ်လို့ သင်က Logiscool ရဲ့ newsletter ဆောင်းပါးတွေကို ဖတ်ထားတယ်ဆိုရင် ကျွန်တော်တို့က မတူညီတဲ့ Minecraft-themed holiday camps တွေ၊ workshops တွေ ဖွင့်ထားတယ်ဆိုတော့ နာမည်အရမ်းကြီးတဲ့ Minecraft ဂိမ်းအကြောင်းကို သင် (အနည်းဆုံးတော့) သတိထားမိမှာပါ။ အဲဒီ camps တွေ၊ workshops တွေမှာ ကလေးတွေဟာ ပျော်စရာကောင်းတဲ့နည်းနဲ့ digital literacy နဲ့ programming တွေကို သင်ရမှာပါ။ Minecraft မှာ ပျော်စရာတွေပါပြီး Easter eggs ကိုလည်းဖွက်ထားပါသေးတယ်။ ဒါပေမဲ့ ဒီထဲကအတော်များများကတော့ နှစ်တစ်နှစ်ရဲ့ သတ်မှတ် ရက်တွေ၊ အချိန်တွေ (Halloween၊ Christmas လိုမျိုး) မှသာ ရနိုင်ပါတယ်။ ဒါမှမဟူတ် ဂိမ်းရဲ့ ဗားရှင်းအဟောင်းမှာပဲ ရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်အမြဲတမ်းစစ်ဆေးနိုင်တဲ့ နည်းတစ်နည်းတော့ရှိပါတယ်၊ သက်တံ့ရောင်စုံတစ်ခုလုပ်ဖို့ ပစ္စည်းတစ်ခုကို နာမည်ပေးပါ၊ အဲဒါကို သိုးတစ်ကောင်ကိုပေးပါ၊ ပြီးတော့ သိုးကိုနာမည်ပေးပါ jeb_" (quotation marks မပါရ)။

ဒါဆိုရင်တော့ ကွန်ပျူတာပေါ်မှာ သင့်အနေနဲ့ Easter eggs တွေကို ပျော်ပျော်ကြီး ရှာနိုင်ပါစေလို့ Logiscool ကဆုတောင်းပေးလိုက်ပါတယ်။