Python ပရိုဂရမ်းမင်း၏ အနှစ်သာရများ

Coding & Tech
Logiscool
၃၁ ဇန် ၂၀၂၃

Python ပရိုဂရမ်မင်းဘာသာရပ်သည် နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်သည်ကို သင်သိပါသလား။ သင်တို့ဖတ်ရှုခဲ့တာ မှန်ပါသည်၊ ယနေ့ခေတ်၏ အကျော်ကြားဆုံး coding ဘာသာရပ်သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေခဲ့သည်မှာ နှစ်သုံးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ အာမခံချက်မြင့်၍ ဝင်ငွေများစွာရသော IT အလုပ်တစ်ခုကို လိုချင်သူတိုင်းသည် Python ပရိုဂရမ်မင်းကို စိတ်ဝင်စားကြသည်။

သင့်ကလေးသည် coding နှင့် Python ပရိုဂရမ်မင်းကို စိတ်ဝင်စားပါက သင့်ကလေး ကောလိပ်တက်ချိန်အထိ စောင့်နေရန်မလိုတော့ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ သင်ကလေးများ နောက်ပိုင်းတွင် ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် အရေးပါသောအခြေခံအချက်များကို သင်ကြားပေးမည့် coding သင်ရိုးပေါင်း များစွာရှိပါသည်။

အောက်တွင်ရှိသော ကျွန်ုပ်တို့၏ဆောင်းပါးတွင် Python ပရိုဂရမ်မင်းဘာသာရပ်နှင့် ကလေးများအနေဖြင့် ငယ်ရွယ်ချိန်တွင် သင်တန်းများတက်ရောက်ထားပါက ရရှိမည့်အကျိုးကျေးဇူးများကို ဖော်ပြထားသည်။

Python ပရိုဂရမ်းမင်း၏ သမိုင်းကြောင်းအကျဥ်းချုပ်

ABC ပရိုဂရမ်မင်းဘာသာရပ်ကို အစားထိုးရန်အတွက် Guido van Rossum သည် Python ကို ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် စတင်ဖန်တီးခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် Python 0.9.0 အဖြစ် စတင်ထုတ်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော Python 2.0 တွင် အသုံးဝင်သော လုပ်ဆောင်ချက်များစွာကို ထည့်သွင်းခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော Python 3.0 သည် ယခင်ထွက်ခဲ့ပြီးသော version များနှင့် အပြည့်အစုံ ပေါင်းစပ်အသုံးမပြုနိုင်သည့် အရေးပါသော အဆင့်မြှင့်တင်မှုများပါဝင်သည်။ Python ပရိုဂရမ်မင်း 2.0 သည် ၂၀၂၀ ခုနှစ်တွင် ရပ်နားသွားခဲ့သည်။

Python သည် အခမဲ့သုံးနိုင်ပြီး သင်ယူရန်လွယ်ကူသည့်အတွက် ၎င်းကိုစတင်မိတ်ဆက်စဥ်ကတည်းက ထိပ်ဆုံး ပရိုဂရမ်မင်းဘာသာရပ်များတွင် ပါဝင်နေခြင်းဖြစ်သည်။ Python ကို ကုမ္ပဏီကြီးများဖြစ်သော Spotify၊ Google နှင့် Netflix တို့တွင်လည်း အသုံးပြုသည်။

Python ပရိုဂရမ်းမင်းသင်ကြားပြီးနောက် ပျော်ရွှင်နေသည့် ဆယ်ကျော်သက်အရွယ်မိန်းကလေး

ကလေးများအတွက် Python ပရိုဂရမ်းမင်း

ကလေးများသည် လက်ရှိတွင်အများဆုံး အသုံးပြုလျက်ရှိသည့် ပရိုဂရမ်းမင်းဘာသာရပ်တွေထဲက တစ်ခုသင်ယူထားလျှင်

ကလေးများအတွက် coding သည် အကျိုးကျေးဇူးများစွာရနိုင်ပါသည်။ Logiscool တွင် ကျွန်ုပ်သည် Python programming ၏ အခြေခံများကို ကလေးများ၏အသက်အရွယ်အလိုက် ဆော့ကစားသည့်နည်းဖြင့် သင်ယူလေ့လာနိုင်ရန် ထူးခြားပြီးပျော်စရာကောင်းသည့်နည်းလမ်းဖြင့် သင်ကြားပေးပါသည်။

သင်ယူရန် မည်သည့်အရွယ်က အကောင်းဆုံးပါလဲ။

မိဘများသည် Coding ကို စောစီးစွာသင်ကြားခြင်းက ပို၍ကောင်းမွန်ကြောင်း သိရှိသွားပြီးနောက် ကလေးများအတွက် coding သင်တန်းများ ပိုပိုပြီး များပြားလာပါသည်။ ထို့ကြောင့် အသက် ၁၃ နှစ်ကနေ ၁၈ နှစ်ကြားကလေးများအတွက် Python programming သင်ရိုးကို သင်ရန်အကြံပြုပါသည်။ ထိုသင်ရိုးသည် ကျွန်ုပ်တို့၏ အဆင့်မြင့် coding သင်ရိုးများထဲကတစ်ခုဖြစ်ပြီး တက်ရောက်ရန်အတွက် Logiscool ဝင်ခွင့်စာမေးပွဲ သို့မဟုတ် Logiscool Mix Advanced Programming သင်ရိုးကို မဖြစ်မနေပြီးစီးထားရန်လိုအပ်ပါသည်။ သင်ခန်းစာများကို စာသင်ခန်းထဲတွင်သာမက အွန်လိုင်းမှာပါ အဖွဲ့ငယ်လေးများဖြင့် သင်ကြားပေးပါသည်။ ထို့အပြင် တချို့သောအကြောင်းပြချက်များကြောင့် တစ်ဦးချင်းသင်ယူလိုပါကလည်း ဖြစ်နိုင်ပါသည်။

ကလေးများ ဘာတွေသင်ယူရမှာလဲ။

Python ပရိုဂရမ်မင်းဘာသာရပ်သည် ယနေ့ခေတ်တွင် အကျော်ကြားဆုံးနှင့် တိုးတက်မှုအမြင့်ဆုံး ဘာသာရပ်များမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ကမ္ဘာပေါ်တွင်အကျော်ကြားဆုံး coding သင်ရိုးများမှ တစ်ခုဖြစ်သည်။ ဗီဒီယိုဂိမ်းများနှင့် အက်ပ်များထုတ်လုပ်ဖန်တီးခြင်း၊ data mining နှင့် အချက်အလက်စိစစ်ခြင်း၊ robotics နှင့် AI ကဲ့သို့သော မရေမတွက်နိုင်သည့် နယ်ပယ်များစွာတွင် အသုံးပြုနိုင်သည်။

Logiscool ရှိ အခြားသော ကလေးများအတွက် coding သင်တန်းများကဲ့သို့ Python ပရိုဂရမ်မင်းတွင်လည်း ပျော်ရွှင်ဖွယ်ရာများကို အခြေပြုထားသောနည်းလမ်းများကို အသုံးပြု၍ သင်ကြားသွားမည်ဖြစ်သည်။ ကျောင်းသားများသည် ပထမနှစ်ဝက်တွင် Python ပရိုဂရမ်းမင်း၏ အခြေခံအချက်များကို လေ့လာရမည်ဖြစ်ပြီး ဒုတိယနှစ်ဝက်တွင် ပိုမိုအဆင့်မြင့်သော ကဏ္ဍများကို သင်ကြားရမည်ဖြစ်သည်။ ဤသင်တန်းသည် ဂိမ်းဖန်တီးမှုထက်ကျော်လွန်သော ပရောဂျက်များအပေါ် အခြေခံပြီး Python တွင် မည်သည်တို့ကိုလုပ်ဆောင်နိုင်မည်ကို ပြသသွားမည်ဖြစ်သည်။

coding သင်ရိုးပြီးဆုံးချိန်တွင် သင်တန်းသားများသည် Python ပရိုဂရမ်မင်းကို အကူအညီမလိုဘဲ ယုံကြည်ချက်ရှိရှိ အသုံးပြုသွားနိုင်မည်ဖြစ်သည်။ Python ပရိုဂရမ်းမင်း သင်ရိုး၏ တတိယနှစ်ဝက်ကို ပြီးမြောက်ပါက ကျောင်းသားများသည် များစွာသောရွေးချယ်စရာများကို ရွေးချယ်ရန် အသင့်ဖြစ်နေမည်ဖြစ်သည်၊

  • အခမဲ့ဖြစ်သော်လည်း စာရင်းသွင်းရန်လိုအပ်သည့် Logiscool ၏ Python စာမေးပွဲကို ဖြေဆိုမည်။ လူကိုယ်တိုင်လာရောက်ရန်လိုပြီး ဒေသခံဘာသာစကားဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။ ကျောင်းမှ စာမေးပွဲအောင်မြင်ကြောင်းလက်မှတ်ကို ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကျောင်းသားများထံ ပေးအပ်သွားမည်ဖြစ်သည်-

  • အသိအမှတ်ပြု Python Programmer ဝင်ခွင့် စာမေးပွဲ (PCEP) ကိုဖြေဆိုမည်-

  • အချက်အလက်သိပ္ပံ၊ စက်ပိုင်းဆိုင်ရာလေ့လာမှုများကို ခန့်မှန်းတွက်ချက်မှုနှင့် AI လိုအပ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရန် neural network များကို လက်တွေ့အသုံးချနည်းများကဲ့သို့ ဗဟုသုတများကို အတွင်းကျကျပိုမိုသိရှိစေနိုင်မည့် Python ဖြင့် Artificial Intelligence (ဉာဏ်ရည်တု) နှင့် Data Science များကိုလေ့လာခြင်းအတန်းကို ဆက်လက်တက်ရောက်မည်-

ယခုအသိပညာဗဟုသုတများကို နောက်တွင် မည်ကဲ့သို့ အသုံးချနိုင်သနည်း။

Python ပရိုဂရမ်ရေးဆွဲခြင်းသည် သင်ယူရန်လွယ်ကူခြင်း၊ ချိန်ညှိနိုင်ခြင်းနှင့် လုပ်ဆောင်မှုစနစ်များစွာတွင် ကိုက်ညီခြင်းတို့ရှိသည်။ programming ဘာသာရပ်အများစုနှင့် နှိုင်းယှဉ်ကြည့်ပါက Python ၏ syntax သည် ကျွန်ုပ်တို့အတွက် ဖတ်ရှုရလွယ်ကူပါသည်။ ၎င်းသည် အခြားပရိုဂရမ်ရေးဆွဲခြင်းဘာသာရပ်များထက် လူသားဘာသာစကားနှင့် ပိုမိုဆင်တူသောကြောင့် ကလေးများအတွက် ကောင်းမွန်သောရွေးချယ်မှုတစ်ခု ဖြစ်စေပါသည်။

သင့်၏ကလေးတွင် အသုံးဝင်ပြီး အနာဂတ်တွင်ပါ အသုံးပြုနိုင်သည့် စွမ်းရည်များဖွံ့ဖြိုးတိုးတက်စေလိုပါက Python programming သင်ရိုးကို တက်ရောက်ရန် ကျွန်ုပ်တို့မှ အကြံပြုလိုပါသည်။ ဤဘာသာရပ်သည် နာမည်ကျော်ပြီး အလွန်အသုံးဝင်ရုံသာမက Python ပရိုဂရမ်ရေးဆွဲခြင်းသည် နယ်ပယ်အမျိုးအစားပေါင်းများစွာတွင် အကောင်းဆုံးဖြေရှင်းနည်းတစ်ခု ဖြစ်လာ၍ Python developer များသည် လိုအပ်ချက်မြင့်မားသည်။ Python programmer သို့မဟုတ် developer တစ်ယောက်၏ အလုပ်စဝင်ဝင်ချင်း ပျမ်းမျှလစာသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀.၀၀၀ မှ ၁၁၀.၀၀၀ အထိရှိသည်။

ကလေးများအတွက် ကုတ်ရေးဆွဲခြင်းအတန်းများသည် အခြေခိုင်သည့် အောင်မြင်သောအနာဂတ်အလုပ်အကိုင်တစ်ခုကို ဖန်တီးပေးသည့်အပြင် အရေးပါသောစွမ်းရည်များကိုပါ တိုးတက်စေမည်ဖြစ်သည်။ ၎င်းတို့တွင် ဥပမာအားဖြင့် ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းများနှင့် ခွဲခြမ်းစိတ်ဖြာစဉ်းစားနည်းများ၊ ပြဿနာဖြေရှင်းနည်းစွမ်းရည်များအပြင် STEM အကြောင်း ပိုမိုနားလည်နိုင်ခြင်းတို့ ပါဝင်ပါသည်။

Python programming သည် ယခုမှစတင်လေ့လာမည့်သူများအတွက်လည်း အဆင်ပြေပြီး ကလေးများအတွက် သင်ပေးသည့် coding အတန်းအများစုတွင် ဖြစ်လေ့ဖြစ်ထရှိသည့် မချင့်မရဲဖြစ်မှုများ ဖြစ်ပေါ်လာနိုင်ခြေကို လျှော့ချပေးသည်။ Python သည် ယနေ့ခေတ်စီးပွားရေးတွင် လိုအပ်ချက်မြင့်မားသည့် AI၊ အချက်အလက်သိပ္ပံနှင့် စက်ပစ္စည်းလေ့လာမှုများအတွက် ရွေးချယ်စရာဘာသာရပ်တစ်ခုအဖြစ် ရှိနေမည်ဖြစ်သည်။ ၎င်းနယ်ပယ်များသည် ကျွန်ုပ်တို့၏အနာဂတ်စီးပွားရေးနှင့် နည်းပညာတွင် များစွာဆက်နွယ်မှုရှိနေခြင်းကြောင့် Python programming ကို လေ့လာခြင်းဖြင့် ရေရှည်အကျိူးရှိမှုများ ရရှိနိုင်မည်မှာ သေချာပါသည်။