ကျွန်တော်တို့နဲ့အတူ Godot engine ရဲ့အရေးကြီးဆုံး အင်္ဂါရပ် ၅ ခုကို လေ့လာလိုက်ပါ!

Coding & Tech
Logiscool
၁၁ အောက် ၂၀၂၃

Godot ဆိုတာ MIT license ကနေထုတ်ထားတဲ့ အခမဲ့အသုံးပြုလို့ရပြီး 2D နဲ့ 3D ဂိမ်းတွေကို ကစားနိုင်တဲ့ ဂိမ်းအင်ဂျင်တစ်ခုပဲဖြစ်ပါတယ်။ အဲဒါကို အစပိုင်းမှာတော့ လက်တင်အမေရိက ကုမ္ပဏီအနည်းစုအတွက် တီထွင်ခဲ့တာဖြစ်ပေမဲ့ အဲဒါကိုထုတ်ပြီးနောက် ကမ္ဘာတစ်ဝန်းက ဗီဒီယိုဂိမ်းကစားသူတွေကြားမှာ တဖြည်းဖြည်းနဲ့ ရေပန်းစားလာပါတယ်။

Godot engine က နားလည်ရလွယ်ကူတာကြောင့် ဗီဒီယိုဂိမ်းတွေ ထွင်ဖို့စိတ်ဝင်စားတဲ့ ကလေးတွေအတွက်တော့ တကယ့်ကို အခွင့်အရေးကောင်းကြီး တစ်ခုပါပဲ။ ဒါပေမဲ့လည်း ဒီလိုသင်တန်းတစ်ခုကို သင့်ကလေးမတက်မီ Godot အကြောင်းကို သင်အသေးစိတ်သိအောင် လုပ်ထားစေချင်ပါတယ်။

ကျွန်တော်တို့ရဲ့ဆောင်းပါးထဲမှာ အသုံးပြုရလွယ်တဲ့ ဒီဂိမ်းအင်ဂျင်အကြောင်း ထဲထဲဝင်ဝင်ဖော်ပြထားပြီး သူ့ရဲ့အရေးကြီးလုပ်ဆောင်ချက်တွေနဲ့ ပါဝင်ပုံတွေကိုလည်း ပြောပြထားပါသေးတယ်။

Godot engine ဆိုတာဘာလဲ။

Godot Engine ဆိုတာ တစ်ခုတည်းမှာ အစုံအလင်ပါဝင်ပြီး ပလက်ဖောင်းအစုံမှာ အခမဲ့အသုံးပြုလို့ရတဲ့ game engine ဖြစ်ပါတယ်။

Godot ဆိုတဲ့နာမည်ကတော့ Samuel Beckett ရဲ့ Waiting for Godot ကနေ ပေးထားတာဖြစ်ပြီး အဓိပ္ပာယ်ကတော့ ဒီဂိမ်းအင်ဂျင်မှာ ထပ်ထပ်ပြီးထည့်သင့်တဲ့ အသစ်အဆန်းတွေရှိနေတာကြောင့် ဒီအင်ဂျင်က ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။

Godot ရည်ရွယ်ချက်ကတော့ အသုံးပြုသူတွေကို ဂိမ်းတီထွင်တဲ့လောကထဲမှာ တစ်သားတည်းဖြစ်သွားစေချင်တဲ့ ရည်ရွယ်ချက်ပါ။ developers တွေဟာ music၊ images၊ textures စတဲ့ content creation tools တွေကိုပဲ အသုံးပြုပြီး ပုံကြမ်းကနေ ဂိမ်းတစ်ခုကို ဖန်တီးသွားနိုင်မှာပါ။ Game components - codes ကနေစပြီး graphics assets - တွေကိုတော့ ကွန်ပျူတာရဲ့ ဖိုင် system (database အစား)ထဲမှာသိမ်းထားပါတယ်။ ဒီ storage mode ကတော့ ဂိမ်းတီထွင်တဲ့အဖွဲ့တွေကို version tracking ကိုသုံးထားတဲ့ source code ပေါ်မှာ အတူတကွ အလုပ်လုပ်နိုင်အောင် စီမံပေးထားတာပါ။

ဒါကို ပလက်ဖောင်းအမျိုးမျိုးမှာ သွင်းထားနိုင်ပြီး ပလက်ဖောင်းတစ်ခုချင်းစီအတွက် သီးခြား settings ချိန်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ဒါက ဘာအတွက်အသုံးပြုတာလဲ။

Godot engine ကို 2D နဲ့ 3D ဂိမ်းတွေ ဖန်တီးတဲ့နေရာမှာ အသုံးပြုပါတယ်။

Godot engine က လောလောဆယ်တော့ အောက်ပါပလက်ဖောင်းတွေကို ထောက်ပံ့ပေးပါတယ်၊

  • Windows

  • macOS

  • Linux

  • Android

  • iOS

  • BlackBerry 10

  • FreeBSD

  • OpenBSD / DragonFly BSD

  • HTML5

  • Windows Runtime (WinRT)

  • Universal Windows Platform (UWP)

စမတ်ဖုန်းပေါ်မှာ Godot engine ကိုအသုံးပြုနေတဲ့ ဆယ်ကျော်သက်ကောင်လေး

Godot engine ကို ဘယ်လိုရယူနိုင်သလဲ?

Godot ရဲ့ အကြီးမားဆုံးကောင်းကျိုးတစ်ခုကတော့ အခမဲ့အသုံးပြုခွင့်ရတာဖြစ်ပြီး အထက်မှာ သင်မြင်ခဲ့တဲ့အတိုင်း ကွန်ပျူတာနဲ့ ဖုန်း operating systems အများစုကို ပံ့ပိုးပေးပါတယ်။ တကယ်လို့ သင့်ကလေးက ဒါကို စမ်းကြည့်ချင်တယ်ဆိုရင် Godot engineကို ဒီနေရာမှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

Godot engine မှာ ဘာ versions တွေရှိလဲ?

Godot မှာ standard နဲ့ mono ဆိုပြီး version ၂ ခုရှိပါတယ်။ အဓိက ကွာခြားချက်ကတော့ mono version က C# coding language ကို ပံ့ပိုးပေးထားပြီး standard version ကတော့ Godot ကိုယ်ပိုင် GDScript ဆိုတဲ့ scripting language ကိုပံ့ပိုးပေးပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ သူတို့ရဲ့ scripts တွေကို ရေးနိုင်သလို mono version မှာလုပ်နိုင်တဲ့အရာမှန်သမျှကိုလည်း ဒီမှာလုပ်နိုင်ပါတယ်။ GDScript ရဲ့ syntax က Python ကနေ အများအားဖြင့် ဆင်းသက်လာတယ်ဆိုပေမဲ့ Python ပံ့ပိုးပေးထားတဲ့ ဒီဘာသာစကားရဲ့အင်္ဂါရပ်တွေအားလုံးကို မပံ့ပိုးပေးပါဘူး။ Godot Engine content အတွက် သီးခြား စိတ်ကြိုက် syntax features တွေအများအပြားတောင် ပါဝင်ပါသေးတယ်။

Godot engine ရဲ့ အဓိကအင်္ဂါရပ်တွေက ဘာတွေလဲ။

Godot engine ရဲ့ အဓိကအင်္ဂါရပ်တွေကတော့ ဂိမ်းကစားသူတွေအများစုကြားမှာ ရေပန်းစားလာခဲ့သည့် သူ့ရဲ့အားသာချက်တွေပဲ ဖြစ်ပါတယ်။

၁။ Node-based scene system

Godot engine က node-based scene system ကိုအသုံးပြုပြီး ဒီမှာဆိုရင် node တစ်ခုချင်းစီဟာ ဂိမ်းတစ်ခု ဒါမှမဟုတ် application တစ်ခုရဲ့ သီးခြားသွင်ပြင်တစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ရှုပ်ထွေးတဲ့ scenes နဲ့ hierarchies တွေကို အလွယ်တကူဖန်တီးနိုင်ပြီး ပရောဂျက်တစ်ခုလုံးအတွင်း assets တွေကိုပြန်ပြီးအသုံးပြုနိုင်ပါတယ်။

၂။ Built-in tools

Godot ထဲမှာ animation-၊ tilemap-၊ level-တို့လို built-in tools တွေအများအပြားပါဝင်ပြီး ဂိမ်း assets တွေကို အလွယ်တကူဖန်တီးပြီး စီမံနိုင်ဖို့အတွက် visual shader editor တစ်ခုလည်းပါဝင်ပါတယ်။

၃။ အားကောင်းတဲ့ 2D နဲ့ 3D ဂရပ်ဖစ်များ

Godot engine က game assets တွေကို ဖန်တီးပြီး animation လုပ်ဖို့အတွက် built-in tools အများအပြားနဲ့ 2D နဲ့ 3D ဂရပ်ဖစ်တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် နာမည်ကျော်ပုံရိပ်အများအပြားနဲ့ 3D file formats တွေကိုလည်း ပံ့ပိုးပေးထားပါသေးတယ်။

၄။ Open-source လိုင်စင်

Godot က MIT license အောက်မှာ မှတ်ပုံတင်ထားပြီးသားဖြစ်တာကြောင့် သူ့ကို အခမဲ့ အသုံးပြုတာ၊ ပြင်ဆင်တာနဲ့ ဖြန့်ချိတာတွေ ပြုလုပ်နိုင်ပြီး တစ်ကိုယ်တော် developers နဲ့ ဝါသနာရှင်တွေအတွက်တော့ စံပြရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။

၅။ Physics engine

Godot မှာ 2D နဲ့ 3D physics နှစ်မျိုးလုံးကို ပံ့ပိုးပေးနိုင်တဲ့ built-in physics engine တစ်ခုရှိပြီး ဂိမ်းတွေနဲ့ တခြား အပြန်အလှန်တုံ့ပြန်မှုရှိတဲ့ applications တွေကို အလွယ်တကူပေါင်းထည့်လို့ရစေပါတယ်။

ကလေးများသည် Logiscool တွင် Code ရေးနည်း အွန်လိုင်းသင်တန်းများကို တက်ရောက်နိုင်ပါတယ်

Godot ကို ဘယ်လိုလေ့လာမလဲ?

တကယ်လို့ သင့်ကလေးက programming၊ game development ဒါမှမဟုတ် Godot engine အကြောင်း ပိုပြီးလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ လက်ရွေးစင် Logiscool ကလေးတွေအတွက် coding သင်တန်းတွေကို လေ့လာကြည့်သင့်ပါတယ်။ Godot သင်တန်းက အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အရွယ်ကျောင်းသားတွေအတွက် သင့်တော်ပြီး ဒီအတွက် MIX 312 သင်တန်းအောင်မြင်ထားတာ ဒါမှမဟုတ် Logiscool ဝင်ခွင့်စာမေးပွဲဖြေဆိုထားဖို့တော့ လိုပါတယ်။ Godot/Python programming သင်တန်းအတွင် ကလေးတွေဟာ အနာဂတ်မှာအသုံးချနိုင်တဲ့ အသိပညာတွေကို ဆော့ကစားနိုင်တဲ့နည်းလမ်းတွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကနေ ရရှိသွားမှာပါ။ ဒီသင်တန်းကို Godot engine အပြင် Python programming ရဲ့အခြေခံအချက်တွေကို အသုံးပြုပြီး ဂိမ်းတီထွင်မှုအတွက် မရှိမဖြစ်လိုအပ်တာတွေကို သင်ပေးသွားမှာပါ။ Logiscool က ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ ဝါရင့်ဆရာတွေကလည်း ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးစာသင်ကြားနိုင်အောင်လို့ သေချာစွာ လုပ်ဆောင်ပေးသွားမှာပါ။