သင့်ကလေးအတွက် အမှန်ဆုံး camp ရွေးရန် အချက် 7 ချက်

ပညာရေး
Logiscool
၁၄ ဇွန် ၂၀၂၂

ကျောင်းပိတ်ချိန်ရောက်လာပြီဆိုတော့ သင့်ကလေးအတွက် holiday camp ကို ရှာဖွေရမယ့်အချိန်ရောက်လာပါပြီ။ မိဘတွေနဲ့ ကလေးတွေဟာ ဒီခေတ်မှာ ရွေးစရာနည်းတွေအများကြီးနဲ့ မကြာခဏအခက်ကြုံရပါတယ်။ ပြီးတော့ သင့်ကလေးတွေအတွက် ပျော်စရာကောင်းပြီး အသုံးလည်းဝင်တဲ့ နေရာတစ်ခုကို ရှာဖို့အတော်ခက်လာပါပြီ။ ဒါကြောင့် သင် အကောင်းဆုံးရွေးချယ်နိုင်ဖို့ ကျွန်တော်တို့က အကြံပြုချက်တချို့ကို စုဆောင်းပေးထားပါတယ်။

သင့်ကလေးက သက်သောင့်သက်သာနေရတဲ့အခြေအနေကို ဘယ်လောက်ထိ စွန့်ပစ်နိုင်မလဲ။

လူတွေနဲ့ ကလေးငယ်တွေဟာ အကျင့်တစ်ခုခုကို ထပ်ကာတလဲလဲလုပ်တတ်လေ့ရှိပါတယ်၊ တစ်ခုခုက သူတို့အတွက် အဆင်ပြေသွားပြီဆိုတာနဲ့ နောက်တစ်ကြိမ် ဖြစ်နိုင်ရင် ဒါကိုပဲ သူတို့ရွေးချယ်မှာပါ။ဒါက စိတ်ဝင်စားမှုနယ်ပယ်ကို ကျုံ့သွားစေပြီး ကောင်းတဲ့ အတွေ့အကြုံအသစ်တွေကို မရနိုင်ပါဘူး။ ဖြစ်နိုင်ရင်တော့ သင့်ကလေးအတွက် အသစ်အဆန်းတွေကို ရှာဖွေပေးပါ၊ အရင်နှစ်က သူတို့လုပ်ခဲ့တဲ့အရာနဲ့ မတူတဲ့အသစ်အဆန်းတစ်ခုပေါ့။ စိတ်ဆန္ဒအသစ်တွေနဲ့ အရာဝတ္ထုအသစ်တွေကို လေ့လာရတာကလည်း အရေးကြီးပါတယ်။ အကြောင်းကတော့ သင်ယူခြင်းက ဦးနှောက်ကို သွေးထားတဲ့ဓာလိုမျိုးထက်စေတာကြောင့် သင့်ကလေးက ကျောင်းမှာလည်း စာသင်နှစ်စတက်ရတဲ့အခါ ပိုပြီးစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ အားကစားလုပ်သလို တေးဂီတလေ့ကျင့်သလိုမျိုးနဲ့အလားတူပါတယ်၊ တကယ်လို့ အားကစားပညာရှင်တစ်ယောက် ဒါမှမဟုတ် ဂီတပညာရှင်တစ်ယောက်က အားလပ်ချိန်တစ်ခုလုံးမှာ ဘာကိုမှမလေ့ကျင့်ဘဲ ထားလိုက်မယ်ဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ နောက်ထပ်စာသင်နှစ်မှာ လုံးဝကို ကျဆင်းသွားမှာပါ။

သဘာဝအားဖြင့် သင့်ကလေးက တစ်ခုခုကိုမလုပ်ချင်ဘူးဆိုရင် သင့်အနေနဲ့ အတင်းအကြပ်တိုက်တွန်းတာမျိုး မလုပ်ရပါဘူး။ အစွန်းနှစ်ဖက်ကြားက အကောင်းဆုံးဖြေရှင်းနည်းကတော့ သူတို့သိထားပြီး ကြိုက်နှစ်သက်တဲ့အရာကို မတူညီတဲ့ပုံမျိုးနဲ့ချိတ်ဆက်ပေးနိုင်မယ့် camp တစ်ခုကို ရှာပေးဖို့ပါပဲ။ တကယ်လို့ သင့်ကလေးက Minecraft ဒါမှမဟုတ် Roblox ကို ကစားရတာကြိုက်တယ်ဆိုရင် အဲဒါတွေကနေတစ်ဆင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာ ဒါမှမဟုတ် ဂိမ်းအဆင့်အသစ်ကို ဖန်တီးတာတွေကို သိသွားနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဒါကို ဆော့ကစားရင်းနဲ့ physics သို့ programming ရဲ့အသိပညာတွေကိုပါ ရသွားနိုင်ပါတယ်။

logiscool laptop လက်တော့ရှေ့က တီရှပ်ဝတ်ထားတဲ့ ကောင်လေးများ

ပညာသားပါပါ ရွေးချယ်မှုတစ်ခု၊ ဆော့လို့ပါရတဲ့ digital literacy camps

ကလေးတွေဟာ ငယ်စဥ်တည်းကပဲ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ထိတွေ့ရတာဖြစ်ပေမဲ့ ဒီပစ္စည်းတွေကို အသုံးပြုရုံနဲ့ သူတို့မှာ ဒစ်ဂျစ်တယ်အသိပညာတွေ မရသွားဘူးလို့ လေ့လာမှုအများအပြားက ပြောပါတယ်။ ဒါပေမဲ့လည်း ကွန်ပျူတာကို အသိဉာဏ်ရှိရှိအသုံးပြုဖို့၊ အောင်မြင်တဲ့ အနာဂတ်ကိုတည်ဆောက်ဖို့အတွက်တော့ ဒီစွမ်းရည်တွေက လိုအပ်ပါတယ်။ ကျောင်းပိတ်ရက်တွေက ဒီအတားအဆီးတွေကို ချိုးဖျက်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ။ သင့်ကလေးအတွက် digital graphics၊ video၊ image creation၊ designing computer games၊ robotics၊ exploring Minecraf၊Roblox တွေကတစ်ဆင့် သိပ္ပံနဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ ကွန်ပျူတာနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဆော့ကစားရင်း သင်ယူနိုင်မယ့် camp မျိုးကို တက်ကြည့်သင့်တယ်မဟုတ်ဘူးလား။ ဒါပေမဲ့ ကလေးတွေဟာ ဒီလိုသင်ယူမှုတွေကို ဟန်ချက်ညီညီသင်ယူနိုင်ဖို့၊ ပျော်စရာကောင်းတဲ့လှုပ်ရှားမှုတွေ၊ စိတ်အပန်းဖြေစရာနည်းတွေနဲ့ သင်ယူနိုင်ဖို့ ဒီ camp က နေ့တဝက်ခွင့်ပေးထားတာကြောင့် ကလေးတွေဟာ မနက်ကနေ ညနေအထိ screen ရှေ့မှာပဲ ထိုင်ပြီးသင်ယူရမှာမဟုတ်ပါဘူး။ သင့်ကလေးဟာ digital gadgets နဲ့ games တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအများကြီးထဲကနေ သူတို့အကြိုက်တွေ့စေမယ့် အရာတစ်ခုခုကို ရှာတွေ့သွားမှာဖြစ်လို့ ဒီရွေးချယ်မှုဟာ တကယ်ကိုထိုက်တန်တဲ့ ရွေးချယ်မှုပါပဲ။

တုတ်အပြာတွေနဲ့ ဂိမ်းကစားနေတဲ့ camp ထဲကလေးတွေ

Camp နဲ့ သူ့ရဲ့လည်ပတ်ပုံကို သုတေသနလုပ်ခြင်း

ပညာရေးအဖွဲ့အစည်းတိုင်းက အရည်အသွေးတူတူ မပေးနိုင်တဲ့အတွက် သင့်အတွက် စိတ်ဝင်စားစရာ camp ကိုရှာတွေ့ရင် သေချာစုံစမ်းလေလာသင့်ပါတယ်။ သူတို့ website နဲ့ အွန်လိုင်းပေါ်က သူတို့အကြောင်းတွေကို သင်ဖတ်ကြည့်ပြီးသွားပြီဆိုတာနဲ့ သူတို့ကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းကြည့်တာက အကောင်းဆုံးပါပဲ။ သင်မေးလို့ရမယ့်မေးခွန်းတွေအတွက် ကျွန်တော်တို့ရဲ့ အကြံပြုချက် 7 ခုကိုပေးပါမယ်၊

  1. camp ရဲ့ ဆရာတွေနဲ သင်တန်းနည်းပြတွေရဲ့ နောက်ခံပညာရည်မှတ်တမ်းတွေ၊ ကျွမ်းကျင်မှုတွေက ဘာတွေလဲ။ ကလေးတွေကို မိတ်ဆက်ပေးမယ့် ဘာသာရပ်ကို သူတိုကောင်းကောင်းတတ်ကျွမ်းဖို့ မျှော်လင့်ကြတာက သဘာဝကျပါတယ်။ ဒါပေမဲ့ ဒါတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ သူတို့နဲ့အတူ ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ ပညာရေးမှူးတွေလည်း ရှိဖို့ အရေးကြီးပါတယ်၊ သူတို့ဟာ ကလေးတွေပါတဲ့ အဖွဲ့တစ်ခုလုံးကို ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းကောင်းသိထားလို့ပါပဲ။

  2. ကလေးတွေကို ဘယ်လိုဗဟုသုတတွေ သူတို့ပေးမှာလဲ၊ နောက်ပြီး ဘယ်နည်းလမ်းကို သူတို့အသုံးပြုမှာလဲ။ သင့်အနေနဲ့ အကြာကြီးစောင့်ခဲ့ရတဲ့ နွေရာသီအားလပ်ရက်မှာ ကလေးတွေကို သာမန်ကျောင်းတစ်ကျောင်းလို သင်ပေးတဲ့ သင်တန်းမျိုးထက် သူတို့အတွက် သေချာဖန်တီးပေးထားပြီး ကစားလို့ရတဲ့အပြင် စိတ်လှုပ်ရှားစရာ ပညာတွေကို ဖန်တီးပေးတဲ့ ကျောင်းမျိုးမှာပဲ ထားချင်မှာကအသေအချာပါပဲ။

  3. camp မှာ အဖွဲ့အရွယ်အစားက ဘယ်လောက်လဲ၊ ကလေးဘယ်နှယောက်ကို လူကြီးတစ်ယောက်ပေးမှာလဲ။ ကလေးတွေအများကြီးပါတဲ့ အဖွဲ့ကို ကောင်းကောင်းမကြည့်ပေးနိုင်တာက ကလေးတွေရဲ့ အတွေ့အကြုံတွေကို ပိုဆိုးစေတဲ့အပြင် ပိုပြီးတောင် အန္တရာယ်များတာက သိသာပါတယ်။

  4. ဒါအပြင် အဖွဲ့ဖွဲ့တဲ့အခါ အသက်အရွယ်အပိုင်းအခြားသတ်မှတ်ပုံကိုလည်း မေးသင့်ပါတယ်။ အသက်ရွယ်တူကလေးတွေဟာ အချင်းချင်းတည့်ကြပြီး အသက်အရွယ်အလိုက် တာဝန်တွေကိုလည်း ပိုပြီးကောင်းကောင်းမွန်မွန်ဖြေရှင်းနိူင်တဲ့အပြင် သူငယ်ချင်းအသစ်တွေလည်း အလွယ်တကူရသွားနိုင်ပါတယ်။

  5. Camp menu အကြောင်းမေးမြန်းပါ။ သင့်ကလေးအတွက်လိုအပ်တဲ့ အထူးဓာတ်စာမျိုးကို camp က ပေးနိုင်တာကို သေချာအောင်မေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာမျိုးထက် မုန့်အချိုတွေနဲ့ သရေစာတွေကို ပိုအားပေးတဲ့ နေရာမျိုးကို ရှောင်ပါ။

  6. Camp days တွေရဲ့ အချိန်ဇယားနဲ့ အဖွဲ့အစည်းအကြောင်းကို မေးပါ။ အဲဒီမှာ ကလေးတွေက ဘာကိုပဲသင်ရပါစေ သူတို့အတွက် အားလပ်ချိန်ရဖို့ကလည်း အရေးကြီးပါတယ်၊ ဒါပေမဲ့ ဒီအားလပ်ချိန်ကို ကျောင်းဝင်းထဲ လျှောက်သွားနေမယ့်အစား အဓိပ္ပာယ်ရှိရှိကုန်ဆုံးဖို့ကလည်း အရေးကြီးပါတယ်။ အားလပ်ချိန်မှာ ကလေးတွေနဲ့အတူ ကြီးကြပ်သူတွေ၊ ပညာရေးမှူးတွေ ရှိမရှိမေးပါ။

  7. Camp ရှိတဲ့နေရာကိုလည်း စုံစမ်းပါ၊ သင့်ကလေး ယူသွားရမယ့် ပစ္စည်းတွေ (ဥပမာ- ငွေသား၊ ရေကူးဝတ်စုံ၊ အခန်းတွင်းဝတ်အဝတ်အစား) ကိုလည်း အတိအကျမေးပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အားလပ်ချိန်ပေးမှာလဲ။ သတ်မှတ်နေရာက အခွင့်မရှိတဲ့ ဘယ်သူမဆို ကလေးတွေနဲ့ ထိတွေ့ခွင့်မရတဲ့အတွက် ပြင်ပကမ္ဘာနဲ့ သီးခြားဖြစ်ပြီး ဘေးကင်းပါတယ်။ ဒါ့အပြင် ပညာရေးပရိုဂရမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်း camp စီစဥ်သူက ပံ့ပိုးပေးထားပါတယ်။

နောက်ဆုံး ဆုံးဖြတ်ချက်မချခင် ဒီမေးခွန်းတွေကို မေးဖြစ်ဖို့ အရေးကြီးပါတယ်။ ပြန်ဖြေပေးတဲ့အကြောင်းအရာတွေအပြင် ပြန်ဖြေသူရဲ့ လေယူလေသိမ်းနဲ့ အသိပညာအဆင့်အတန်းကလည်း ဒီ camp ရဲ့ အရည်အသွေးနဲ့ စိတ်ချရမှုကို ဖော်ပြပေးပါတယ်။

Logiscool မှာ ကျွန်တော်တို့ဟာ programming၊ robotics၊ creative creator၊ Minecraft နဲ့ Roblox camps တွေကို ဘေးကင်းစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ အဖွဲငယ်လေးတွေဖွဲ့ပြီး အသိအမှတ်ပြု သင်တန်းနည်းပြတွေက သင်ကြားပေးပြီး ကလေးတွေကို ကွန်ပျူတာနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေအတွက် အနာဂတ်မှာအသုံးဝင်မယ့်ပညာရပ်ကို သင်ကြားပေးဖို့နဲ့ ဒီပညာရပ်ကို အသက်အရွယ်အလိုက် ဖန်တီးပေးထားပြီး ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တစ်နေ့တာရဲ့ နေ့တစ်ဝက်ကို အဓိပ္ပာယ်ရှိတဲ့ အားလပ်ချိန်တစ်ခုကို ကျွန်တော်တို့ campers တွေအတွက် ပံ့ပိုးပေးထားပါတယ်။ ဒါဟာ သူတို့ရဲ့သူငယ်ချင်းအသစ်တွေနဲ့အတူ စိတ်အပန်းဖြေရင်း အားပြန်မွေးဖို့အတွက်အခွင့်အရေး ပေးလိုက်တာပဲဖြစ်ပါတယ်။ ကလေးတိုင်းဟာ digital surfaces တွေကို စိတ်ပါဝင်စားတာကြောင့် ကျောင်းအားလပ်ချိန်မှာ သူတို့ပိုတော်ပြီး အသိဉာဏ်ပိုရှိလာအောင် သင်ယူခွင့်ပေးလိုက်ရင် မကောင်းဘူးလား။ ကလေးတိုင်း သူတို့အကြိုက်အကြောင်းအရာတွေကို ရှာဖွေနိုင်တဲ့ ကျွန်တာ်တို့ရဲ့ camps တွေကို ဒီမှာကြည့်လိုက်ပါ၊

https://www.logiscool.com/my-mm/programs/camps

သင်နဲ့အနီးဆုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းကို ဆက်သွယ်လိုက်ပါ၊ သင့်ကို အသေးစိတ်အချက်အလက်တွေကို ဝမ်းမြောက်ဝမ်းသာ မျှဝေပေးသွားမှာပါ။

သင့်ကလေးတွေအတွက် ပျော်စရာကောင်းတဲ့စိန်ခေါ်မှုတွေ၊ စိတ်လှုပ်ရှားစရာအရာတွေရှိပြီး Camp တစ်ခုလုံးကို အောင်မြင်စေမယ့် ကျွန်တော်တို့ရဲ့ အခမဲ့ Camp Challenge နေ့ကိုလာခဲ့လိုက်ပါ၊

https://www.logiscool.com/my-mm/programs/camp-challenge