ပုံဆွဲပြိုင်ပွဲ 2023

Logiscool ရဲ့ အငယ်တန်း ဒီဇိုင်းနာလုပ်လိုက်ပါ။

စည်းမျဥ်းများကို ကြည့်လိုက်ပါ
Scoolcode actor အဖြစ် သင်မြင်ချင်တဲ့ ထူးခြားတဲ့ ဇာတ်ကောင်ကို စိတ်ကူးကြည့်ရင်းနဲ့ ပုံဆွဲပြီး ဆေးရောင်ခြယ်လိုက်ပါ။ သင့်ရဲ့ အနုပညာလက်ရာကို ကျွန်တော်တို့ဆီကို အောက်တိုဘာ ၂၀ နဲ့ နိုဝင်ဘာ ၁၀ ကြား 18:00 GMT မှာ ယူလာခဲ့ပါ။ နိုင်ငံတကာ TOP 10 drawings က Scoolcode မှာ အသက်ဝင်လာတော့မှာပါ။
၁။ ဖန်တီးပါ
သင်ရဲ့ ကိုယ်ပိုင် Scoolcode actor ကိုဖန်တီးပြီး၊ ပုံဆွဲ/ဆေးခြယ်ကာ နာမည်ပေးလိုက်ပါ။
၂။ ပေးပို့ပါ ဒါမှမဟုတ် ယူလာပါ
သင့်ရဲ့ Logiscool ကျောင်းကို အနုပညာလက်ရာ ယူလာခဲ့ပါ ဒါမှမဟုတ် အဲဒါကို အရည်အသွေးကောင်းကောင်းဖန်တီးပြီး အီးမေးနဲ့ သင့်ရဲ့ School Coordinator ကိုပေးပို့လိုက်ပါ။
၃။ စာရင်းသွင်းခြင်း
သင့်ရဲ့ School Coordinator က သင့်ကို ပြိုင်ပွဲအတွက် စာရင်းသွင်းပေးပါလိမ့်မယ်။
၄။ မဲပေးမှု စတင်ခြင်း
နိုဝင်ဘာ ၄ရက် ကစပြီး သင့် Logiscool ကျောင်းရဲ့ Facebook ပေါ်မှာ သင်ဆွဲထားတဲ့ပုံကို မဲပေးဖို့ သူငယ်ချင်းတွေကို တိုက်တွန်းပါ။
၅။ အမျိုးသားအဆင့်
သင်တန်းနည်းပြတွေ ရွေးချယ်ထားတဲ့ TOP 3 drawings နဲ့ ၁ ပုံကို Logiscool အမျိုးသားစင်တာကို ပေးပို့သွားမှာပါ။ အဲဒီမှာ ပညာရှင်ဂျူရီတွေက TOP 10 ကိုရွေးချယ်ပေးသွားမှာပါ။
၆။ နိုင်ငံတကာအဆင့်
အမျိုးသားအဆင့်ရှိ အကောင်းဆုံးပုံကို နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ ယှဥ်ပြိုင်သွားမှာပါ။ အဲဒီမှာ ဂျူရီတွေက TOP 10 ကိုဆုံးဖြတ်ပေးသွားမှာပါ။ Scoolers တွေဟာ MyLogiscool မှာ နောက်ဆုံးဆန်ခါတင် ၁၀ ဦးအတွက် မဲတွေပေးနိုင်ပါတယ်။
၇။ TOP 10
TOP 10 drawings တွေကို Logiscool ရဲ့ဒီဇိုင်နာက ဒစ်ဂျစ်တယ်နည်းနဲ့ အသက်သွင်းလိုက်ပြီး Scoolcode actors တွေထဲမှာထည့်ပေးလိုက်ပါတယ်။ အဲဒီမှာဆိုရင် သူတို့က သင့်ပရောဂျက်အသစ်တွေအတွက် ဇာတ်ဆောင်တွေဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံး ပုံသုံးပုံကို ဖန်တီးနိုင်သူတွေကို Logiscool’s Junior Designer ဆုကို ချီးမြှင့်ပေးသွားမှာပါ။

ဝင်ခွင့် သတ်မှတ်ချက်များ

  • ပေးပို့မယ့် ပုံက A4 ပုံဆွဲစာရွက်ပေါ်မှာ အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ လက်နဲ့ဆွဲထားတဲ့ပုံဖြစ်ရပါမယ်။ ကြိုက်တဲ့ပုံဆွဲပစ္စည်း (color pencils၊ fine point markers၊ felt tip markers၊ color pens၊ watercolor၊ crayon၊ oil pastel သို့ mixed) ကို အသုံးပြုပြီး တတ်နိုင်သလောက် အရောင်အသွေးစုံလင်အောင် ရေးဆွဲပါ။

  • ပြိုင်ပွဲဝင်တစ်ယောက်ကို တစ်ပုံပဲပြိုင်နိုင်ပါတယ်။

  • ဒီပုံတွေထဲမှာ နာမည်ကြီးပြီး မူပိုင်ခွင့်ရှိထားတဲ့ ဇာတ်ကောင်တွေ (ကာတွန်းနဲ့ ရုပ်ပြစာအုပ် သူရဲကောင်း စတာတွေ)ကို ရေးခွင့်မရှိပါဘူး။

  • သင့်ရဲ့ ကျောင်းမန်နေဂျာ ဒါမှမဟုတ် School coordinator က ဒီပြိုင်ပွဲမှာ သင့်ကို စာရင်းသွင်းပေးထားမှသာ ဝင်ပြိုင်လို့ရမှာပါ။

  • နိုဝင်ဘာ ၁၀၊ 18:00 CET မတိုင်ခင်ပေးပို့ထားတဲ့ ပုံများကိုသာ လက်ခံသွားပါမယ်။

  • ကျွန်တော်တို့မှာ ဒါနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲခွင့်စတဲ့ လုပ်ပိုင်ခွင့်တွေ ရှိထားပါတယ်၊ ဝင်ခွင့်သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ပုံတွေကိုတော့ အကဲဖြတ်ပေးသွားမှာမဟုတ်ပါဘူး။

  • ဒီပုံဆွဲပြိုင်ပွဲကို Scoolers (Logiscool ကျောင်းသားများ) အတွက်သာ ဖွင့်ပေးထားပါတယ်။

Scoolcode actor တွေကို မြင်ချင်လှပြီဆိုတော့ ကဲ ပုံဆွဲပြိုင်ပွဲကို စလိုက်ကြတာပေါ့။

အရင်နှစ်တွေရဲ့အကောင်းဆုံးလက်ရာတွေကို အားကျပြီး ယှဥ်ပြိုင်လိုက်ပါ။

2023

2022

2021

2020

2019