အကောင်းဆုံးပညာရေးပလက်ဖောင်းကို ရွေးချယ်လိုက်ပါ။

သင့်ကလေးကို ဒစ်ဂျစ်တယ်ပညာတွေ ကူညီသင်ကြားပေးဖို့အတွက်ပါ
သင်တန်းတစ်ခုကို ရွေးချယ်ပါ။

MyLogiscool

ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးပလက်ဖောင်းဟာ digital literacy နဲ့ coding ကို သင်ကြားဖို့အတွက် အကောင်းဆုံးနေရာဖြစ်ရုံသာမက အံ့မခန်းအစီအစဥ်တွေရှိပြီး ဘေးကင်းစိတ်ချရတဲ့ နိုင်ငံတကာပညာရေး ရပ်ဝန်းတစ်ခုလည်းဖြစ်ပါသေးတယ်။

digital literacy နဲ့ coding သင်ဖို့ MyLogiscool ဘာကြောင့်ထူးခြားပြီး အကောင်းဆုံးဖြစ်ရတာလဲ။

screen ပေါ်က ပရိုဂရမ်းမင်းကိုပြထားတဲ့ လက်တော့ရှေ့မှာထိုင်နေတဲ့ ကောင်မလေးနဲ့ ကောင်လေး
ထူးခြားတဲ့ coding ပညာရေးပလက်ဖောင်း

ဒီနေ့ခေတ် coding ပညာရေးမှာ အဓိကပြဿနာကြီးနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးတွေအတွက် ပုံမှန်ဆိုရင် visual blocks နဲ့စတင်သင်ပေးပါတယ်။ ဒီ visual blocks တွေဟာ ကလေးတွေအတွက် ရှုပ်ထွေးပြီး လူကြီးတွေအတွက် ပျင်းစရာသိပ်ကောင်းပါတယ်။ နောက်ထပ်အခက်အခဲကတော့ blocks ပြီးရင် text-based coding ကို ပထမဆုံးသင်ရတဲ့ စိုးရိမ်ထိတ်လန့်မှုပဲဖြစ်ပါတယ်။

  • ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ visual coding နည်းလမ်းက အသက်အရွယ်အားလုံး အသိပညာအဆင့်အားလုံးအတွက် အကောင်းဆုံး ညှိပေးထားပါတယ်။
  • ကျွန်တော်တို့ ပလက်ဖောင်းကနေ visual coding ကနေ text-based coding ကို လွယ်ကူပျော်ရွှင်စရာနည်းလမ်းနဲ့ ကူးပြောင်းနိုင်အောင် ဖန်တီးပေးထားပါတယ်။
  • ကျွန်တော်တို့ သင်ခန်းစာတွေအားလုံးကို ကျောင်းသားတွေရဲ့ ဗဟုသုတနဲ့ စွမ်းရည်တွေ တိုးအောင် အဓိကအာရုံစိုက်ထားပါတယ်။
  • သင်တန်းတစ်ခုနဲ့တစ်ခုကြားမှာ သူတို့ဟာ အထူးပရောဂျက်တွေနဲ့ သင်ခဲ့တာတွေနဲ့ဆိုင်တဲ့ အခက်အခဲတွေကို MyLogiscool မှာ လက်တွေ့လေ့ကျင့်နိုင်ပါတယ်။
လက်တော့ပရိုဂရမ်းမင်းရှေ့က တီရှပ်အပြာဝတ် ကောင်လေးသုံးဦး
ကမ္ဘာ့နံပါတ်-၁ ပညာရေးရပ်ဝန်း

Logiscool ရဲ့ ကလေးတွေဟာ ကျွန်တော်တို့ရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Mylogiscool မှာဆိုရင် သူတို့တွေဟာ သူတို့ရဲ့အသိပညာတွေကို နည်းအမျိုးမျိုးနဲ့ တိုးမြှင့်နိုင်ပါတယ် - လုံခြုံဘေးကင်းတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စာသင်ခန်းတွေမှာလည်း တက်ရမှာပါ။

သူတို့ဟာ

  • သူတို့ကိုယ်ပိုင်ဂိမ်းတွေ၊ ပဟေဠိတွေကို မျှဝေပေးနိုင်ပြီး သက်တူရွယ်တူတွေရဲ့ အထင်ကြီးအားကျမှုကို ရနိုင်သလို ကမ္ဘာအနှံ့က ပရောဂျက်တွေကိုလည်း တွေ့နိုင်ခြင်း
  • စိတ်လှုပ်ရှားရတဲ့ ဉာဏ်စမ်းတွေ၊ ပဟေဠိ၊ အမှတ်မြင့်တဲ့ ဂိမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးတက်လာခြင်း
  • အမြဲတမ်းပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ အသစ်အဆန်းတွေ၊ ခေတ်စားနေတာ၊ နာမည်ကြီးနေတဲ့ အကြောင်းအရာတွေကို သိရှိသွားနိုင်ခြင်း
  • ကျွန်တော်တို့ mission တွေမှာပါဝင်ပြီး ဆုတွေ ရယူနိုင်ခြင်း။
  • ကျွန်တော်တို့ရဲ့ တံခါးပိတ်ထားတဲ့ အထူးဂိမ်းအခန်းတွေမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ ကစားနိုင်ခြင်း။
MyLogiscool က ဘာလို့ထူးခြားတာလဲ။

Logiscool ရဲ့ ပလက်ဖောင်းကို တစ်ချက်ကြည့်လိုက်ပြီး digital literacy ကို သင်တဲ့နေရာမှာ ကျွန်တော်တို့က အကောင်းဆုံးအဖြေတွေကို ကမ်းလှမ်းရတဲ့အကြောင်းကို ကြည့်လိုက်ပါ။

mix mode - ကလေးတွေအတွက် အကူးအပြောင်း ပိုပြီးလွယ်ကူစေရန်

Visual coding ကနေ text based programming ကို အလွယ်တကူပြောင်းလို့ရအောင် ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ပညာရေးပလက်ဖောင်းကို တီထွင်ထားပါတယ်။
blox coding icon

Blox coding

Building blocks တွေနဲ့ coding ပညာရေးကို စတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ visual coding နည်းက ဘယ်အသက်အရွယ်မတွက်ဆို အမြဲသင့်တော်ပါတယ်။

mix coding icon

Mix coding

ဒုတိယအဆင့်အနေနဲ့ ကျောင်းသားတွေက MIX mode နဲ့ codes တွေစရေးရမှာဖြစ်ပါတယ်၊ အဲဒီမှာ သူတို့အနေနဲ့ building blox နဲ့ ext-based languages ကို အပြိုင်တွေ့ရမှာဖြစ်ပါတယ်။

text coding icon

Text coding

visual blocks ကို သူတို့သေချာတတ်ကျွမ်းသွားတာ သေချာပြီဆိုတာနဲ့ ကျွန်တော်တို့က နောက်ထပ် text-based programming ဘာသာရပ်တွေဖြစ်တဲ့ Python၊ Unity၊ Godot၊ C# တို့ကို ဆက်ပြီးသင်ပေးပါတယ်။

ချက်ချင်းအောင်မြင်မှု

ဘာသာစကား 15 မျိုးဖြင့် ရနိုင်ပါတယ်

coding ရဲ့ အဓိကမူဝါဒများ

အသက်အရွယ်မရွေး၊ အသိပညာအနည်းအများမရွေး အားလုံးနဲ့ သင့်တော်ခြင်း

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်းတစ်ခု - MyLogiscool

သာမန်ထက်ထူးခြားတဲ့ အကျိုးအမြတ်အဖြစ် Logiscool ကျောင်းသားတွေဟာ ကျွန်တော်တို့ရဲ့ ပညာရေးပလက်ဖောင်းကို အခမဲ့ ဝင်ရောက်နိုင်ပါတယ်။ သူတို့အတွက် MyLogiscool ကို အထူးတီထွင်ထားတာပါ။
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။

အသစ်စက်စက်ခေတ်ရေစီးကြောင်းတွေ၊ ဒစ်ဂျစ်တယ်လောကရဲ့ အမြဲပြောင်းလဲနေတဲ့ ရေပန်းအစားဆုံး အကြောင်းအရာတွေကို ပျော်ရွှင်ပြီး စိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ စူးစမ်းရှာဖွေဖို့အတွက်

ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားစရာ ဉာဏ်စမ်းတွေ၊ ပဟေဠိတွေ၊ အမှတ်မြင့်ဂိမ်းတွေနဲ့ စိန်ခေါ်မှုတွေက သူတို့ရဲ့ အသိပညာတွေကို နည်းမျိုးစုံနဲ့ တိုးတက်စေဖို့

သင်တန်းတွေမှာ သူတို့သင်ယူခဲ့ရတာတွေကို လေ့ကျင့်ဖို့

သူတို့ကိုယ်ပိုင်ဂိမ်းတွေကို မျှဝေပြီး ကမ္ဘာအနှံ့က သက်တူရွယ်တူတွေရဲ့ ပရောဂျက်တွေကို အားကျအတုယူစေဖို့

ကျွန်တော်တို့ရဲ့ ပျော်စရာဂိမ်းတွေမှာပါဝင်ပြီး အကောင်းစားဆုတွေရရှိဖို့

ကျွန်တော်တို့ရဲ့ တံခါးပိတ်ထားတဲ့အထူးဂိမ်းတွေမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ ကစားဖို့

သက်သေခံမှုများ

ကျွန်တော်တို့ရဲ့ သတင်းတွေနဲ့ ပရိုဂရမ်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ရယူချင်ပါသလား။

ကျွန်တော်တို့ရဲ့ မိဘများအတွက် သတင်းလွှာကို Subscribe လုပ်ပြီး ကျွန်တော်တို့ blog ရဲ့နောက်ဆုံးတင်တဲ့ ပို့စ်များအတွက် အသိပေးချက်ကို ရယူလိုက်ပါ။



ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ကျွန်တော်တို့ကို follow ထားပါ။