လေးစားရပါသော သုံးစွဲသူသို့၊

ဥရောပသမ္မဂ၏ General Data Protection Regulation (GDPR) သည် ဟန်ဂေရီနိုင်ငံတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဥရောပသမ္မဂတွင်ပါဝင်သော နိုင်ငံများတွင်လည်း ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်နေ့မှစတင်၍ ပူးပေါင်းဆောင်ရွက်လာခဲ့သည်။ Logiscool Ltd. သည် လက်ရှိပြဌာန်းထားပြီး အကျိုးသက်ရောက်နေသော ဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး GDPR ဥပဒေအသစ်များနှင့်လည်း ကိုက်ညီစေရန် တတ်နိုင်သမျှအကောင်းဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ အသစ်ပြုပြင်ထားသော ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို ဤနေရာတွင် ဖတ်ရှုနိုင်သော်လည်း အရေးကြီးသော အချက်များကို အောက်တွင် အကျဉ်းချုပ်၍ဖော်ပြထားသည်။

မည်သည့် ကိုယ်ရေးဒေတာများကို သိမ်းဆည်းထားပြီး ဘာအတွက်ပါလဲ။

ကျွန်ုပ်တို့သည် Logiscool ကျောင်းကိုအခြေပြု၍ ပြုလုပ်သော အတန်းများ၊ camp များနှင့် ပွဲအခမ်းအနားများ၏ စာရင်းသွင်းမှုများအတွက် သင်ဖြည့်သွင်းခဲ့သော အချက်အလက်များကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ဆက်လက်လုပ်ဆောင်ပါသည်၊

အတန်း/camp ရှိချိန်

အတန်းများ/camp များကို စီမံဆောင်ရွက်ချိန်တွင် သင်ဖြည့်သွင်းခဲ့သော အချက်အလက်များကို စာရင်းသွင်းခြင်းပလက်ဖောင်းတွင် လိုအပ်သည်။

ဤအချက်အလက်များကို တက်ရန်ရွေးထားသည့် Logiscool ကျောင်းတွင် ရွေးချယ်ထားသော အတန်းများ/camp များကို စီစဉ်ပေးနေသော ကျွန်ုပ်တို့၏မိတ်ဖက်များနှင့် ကျွန်ုပ်တို့နှင့်အချက်အလက်ကောက်ယူသူ သဘောတူညီချက်ရရှိထားသူများဖြင့် မျှဝေသွားမည်ဖြစ်သည်။

Google / Facebook ဝင်ရောက်မှုများ ရှိခဲ့ပါက

သင်သည် ကျွန်ုပ်တို့၏စာမျက်နှာကို Google သို့မဟုတ် Facebook အကောင့်ဖြင့် ဝင်ခဲ့ပါက ကျွန်ုပ်တို့သည် သင်၏ အသုံးပြုသူအကောင့်အတွက် Google သိုမဟုတ် Facebook တွင် သင်ဖြည့်သွင်းခဲ့သော နာမည်၊ လိင်အမျိုးအစားနှင့် e-mail လိပ်စာတို့ကို သိမ်းဆည်းရန် ခွင့်ပြုချက်ကိုရရှိမည်ဖြစ်သည်။

သတင်းလွှာ စာရင်းသွင်းမှု

သင်သည် ကျွန်ုပ်တို့၏သတင်းလွှာကို စာရင်းသွင်းခဲ့ပါက သင်စာရင်းသွင်းစဉ်တွင် ထည့်သွင်းခဲ့သော e-mail လိပ်စာကို သိမ်းဆည်းထားမည်ဖြစ်သည်။

အတန်း / camp ပြီးသည့်အချိန်တွင်

  • အတန်းနှင့် camp ကာလပြီးဆုံးသည့်အချိန်တွင် အောက်ဖော်ပြပါအချက်အလက်များကိုသာ သိမ်းဆည်းသွားမည်ဖြစ်သည် (အများဆုံး ၈ နှစ်အထိသာ)၊

  • သင့်အမည်၊ e-mail လိပ်စာနှင့် ဖုန်းနံပါတ် - နောက်ပိုင်းတွင် သင်အခြားတစ်ခုအတွက် စာရင်းသွင်းလာပါက သင့်ကိုသိရှိစေနိုင်ရန်

  • အမည်၊ လိင်အမျိုးအစား၊ မွေးဖွားသည့်ရက်စွဲ၊ ၊ သင်ငယ်စဉ်ကကျောင်းတက်ခဲ့သောခုနှစ်၊ ငွေတောင်းလွှာပို့ရမည့် လိပ်စာ၏ ZIP ကုတ်နှင့် သင်ငစဉ်ကတက်ခဲ့သောကျောင်းအမည်နှင့် တည်နေရာ (မြို့/ရပ်ကွက်) တို့အပြင်

  • သင်ယခင်က စာရင်းသွင်းခဲ့သော Logiscool ကျောင်း၏ အမည်နှင့် အတန်း / camp အချက်အလက်များ - သင်နောက်တစ်ကြိမ် ထပ်မံတက်ရောက်ပါက အသင့်တော်ဆုံးအတန်း သို့မဟုတ် အဖွဲ့ကို ညွှန်းပေးနိုင်စေရန်

လုပ်ဆောင်မှုအတွင်း သင်ဖြည့်သွင်းခဲ့သည် သင်နှင့် သင့်ကလေးနှင့်သက်ဆိုင်သော အခြားအချက်အလက်အားလုံးကို သင်တန်း / camp ကာလပြီးဆုံးချိန်တွင် ကျွန်ုပ်တို့၏စနစ်မှဖျက်ခြင်း သို့မဟုတ်၎င်းကို မည်သည့်လူပုဂ္ဂိုလ်မှ ချိတ်ဆက်၍မရနိုင်သော ဖော်ပြ၍မရသောနည်းလမ်းဖြင့် အမည်မဖော်ပြဘဲသိမ်းဆည်းထားခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

ဒေတာများကို ဘာအတွက်အသုံးပြုတာလဲ။

ကျွန်ုပ်တို့သည် သင်ဖြည့်သွင်းထားသော အချက်အလက်များကို အဖွဲ့အစည်းနှင့် Logiscool ၏ သင်တန်းများ၊ camp များနှင့် ပွဲအစီအစဥ်များအတွက် အသုံးပြုသည်။ ဤလုပ်ငန်းစဥ်တွင် Logiscool Ltd. သို့မဟုတ် ဒေသခံ Logiscool တွင် လုပ်ငန်းဆောင်ရွက်နေသော စာချုပ်ချုပ်ဆိုထားသည့် မိတ်ဖက်များသည် သင့်ထံသို့ e-mail များပို့ခြင်း သို့မဟုတ် လိုအပ်ပါက သင့်ဖုန်းကိုဆက်သွယ်ခြင်းအပြင် ငွေးတောင်းလွှာပေးပို့ခြင်းလုင်ငန်းစဥ်အတွက် အချက်အလက်များကို အသုံးပြုမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် အရည်အသွေးတိုးတက်ရေးရည်ရွယ်ချက်ဖြင့် စာရင်းဇယားပြုလုပ်ရန် အချက်အလက်များကို အမည်မဖော်ဘဲ အသုံးပြုနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအချက်အလက်များကို ဖော်ပြ၍မရသောနည်းလမ်းဖြင့် သိမ်းဆည်းထားသည်။

ကျွန်ုပ်တို့၏သတင်းလွှာကို subscribed လုပ်ထားပါက Logiscool Ltd. နှင့် Logiscool ကျောင်းတစ်ခုတွင် လုပ်ငန်းဆောင်ရွက်နေသော စာချုပ်ချုပ်ဆိုထားသည့် မိတ်ဖက်များသည် သင့်ထံသို့ e-mail ဖြင့်ဆက်သွယ်ခြင်း၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့် အထူးသဖြင့် သင်တန်းများနှင့် camp များအပြင် ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် ပွဲအခမ်းအနားများကို အသိပေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် unsubscribe@logiscool.com သို့ အီမေးလ်တစ်စောင်ပို့ပါက ကျွန်ုပ်တို့၏သတင်းလွှာများကို အချိန်မရွေး unsubscribe လုပ်နိုင်ပါသည်။

ဒေတာများကို ကျွန်ုပ်တို့ ဘယ်နေရာတွင် သိမ်းဆည်းပြီး သင့်ဒေတာများကို ဘယ်သူတွေနဲ့မျှဝေထားသလဲ။

သင်နှင့် သင့်ကလေး၏အချက်အလက်များကို Logiscool Ltd ၏ ကိုယ်ပိုင် virtual ဆာဗာများတွင်သိမ်းဆည်းထားပြီး ၎င်းတို့လုံခြုံမှုရှိစေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်သွားမည်ဖြစ်သည်။

Logiscool အတန်းများ၊ camp များနှင့် ပွဲအစီအစဥ်များ၏ အဖွဲ့အစည်းများအတွက် လိုအပ်သောအချက်အလက်များကို Logiscool Ltd နှင့် အချက်အလက်စနစ်တကျပို့ဆောင်မှုဆိုင်ရာ သဘောတူညီချက်ယူထားသော ဒေသခံ Logiscool ၏ မိတ်ဖက်များဖြင့် မျှဝေသွားမည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ မိတ်ဖက်များမှလည်း သင်၏အချက်အလက်များကို ကျွန်ုပ်တို့ကဲ့သို့ သတိပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သေချာစေမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို သေချာစေရန်အတွက်လည်း ကျွန်ုပ်တို့သည် အခြားကုမ္ပဏီများ၏ ဝန်ဆောင်မှုများကို အသုံးပြုနေခြင်းဖြစ်သည့်အတွက် ဤအကြောင်းအရာနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများကို အောက်တွင်ဖတ်ရှုနိုင်သည်၊

  • ကျွန်ုပ်တို့၏ virtual ဆာဗာများသည် Microsoft Azure ၏ cloud ဆာဗာများမှတစ်ဆင့် ဆောင်ရွက်နေခြင်းဖြစ်သည် Microsoft ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများကို (အင်္ဂလိပ်ဘာသာဖြင့်) ဤနေရာတွင်ဖတ်ရှုနိုင်သည်။

  • ကျွန်ုပ်တို့၏ အချက်အလက်သိုလှောင်ရေးဆာဗာများအတွက် MongoDB Atla ကို အသုံးပြုထားသည် MongoDB, Inc ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများကို (အင်္ဂလိပ်ဘာသာဖြင့်) ဤနေရာတွင်ဖတ်ရှုနိုင်သည်။

  • ကျွန်ုပ်တို့၏ သတင်းလွှာများကို ပို့ဆောင်ရာတွင် ကျွန်ုပ်တို့သည် Mailchimp ကိုသုံးပြီး ဒီအတွက် သင်၏အမည်နှင့် e-mail လိပ်စာတို့ကို အသုံးပြုပါသည် (ကျွန်ုပ်တို့၏သတင်းလွှာကို subscribed လုပ်ထားပါက)။ ဤနေရာကိုနှိပ်လိုက်ပါက Mailchimp, Inc. ၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ မူဝါဒများကို (English ဘာသာဖြင့်) ဖတ်ရှုနိုင်သည်။

  • ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်တွင် အသုံးပြုနိုင်သော ချက်ချင်းစာပြန်သည့် အထောက်အကူပေးရေးဝန်ဆောင်မှုကို tawk.to မှ ထောက်ပံ့ပေးထားသည်။ tawk.to ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများကို ဤနေရာတွင်ဖတ်ရှုနိုင်သည်

  • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်သည် သင်တို့၏ browser တွင် ကောင်းမွန်စွာလုပ်ဆောင်ခြင်းမရှိပါက trackjs.com ၏အကူအညီဖြင့် ကျွန်ုပ်တို့ထံအသိပေးသည်။ trackjs.com ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများကို ဤနေရာကိုနှိပ်လိုက်ပါကဖတ်ရှုနိုင်သည်။

  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝက်ဘ်စာမျက်နှာအသုံးပြုမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းရန် Google Analytics ကိုအသုံးပြုသည်။ Google Analytics ၏ လုပ်ဆောင်ချက်များကို Google ၏ ကိုယ်ပိုင်မူဝါဒများဖြင့် စည်းကမ်းကြပ်မတ်ထားပြီး ဤနေရာတွင် ပိုမိုဖတ်ရှုနိုင်ပါသည်။

သတင်းလွှာကို မည်ကဲ့သို့ unsubscribe ပြန်လုပ်နိုင်ပါသလဲ။

Newsletter (သတင်းလွှာ)၏ အောက်ခြေရှိ Unsubscribe လင့်ခ်ကို နှိပ်လိုက်လျှင် သို့မဟုတ် unsubscribe@logiscool.comလိပ်စာသို့ အီးမေးလ်တစ်စောင်ပို့ခြင်းဖြင့် သင်သည် အချိန်မရွေး unsubscribe ပြန်လုပ်နိုင်ပါသည်။

ကျွန်ုပ်ဒေတာများကို ဖျက်ပေးဖို့ မည်သို့ တောင်းဆိုနိုင်ပါသလဲ။
သိမ်းထားသည့်ဒေတာများကို ကြည့်ဖို့ မည်သို့တောင်းဆိုနိုင်ပါသလဲ။

နောက်ထပ်မေးမြန်းလိုသည်များရှိသည့်အခါတွင်ဖြစ်စေ ကျေးဇူးပြု၍ datamanagement@logiscool.com သို့ အီးမေးလ်ပေးပို့လိုက်ပါ၊ ကျွန်ုပ်တို့က မကြာမီအချိန်တွင်း သင့်ကိုပြန်ဆက်သွယ်ပေးပါမည်။