Digital Creator Workshops

3D Design Workshop

ဒီ workshop က ကျောင်းသားတွေကို ဒီဇိုင်းနဲ့ virtual 3D shapes တွေ အသုံးပြုပုံ၊ 3D printing ရဲ့အတိတ်နဲ့အနာဂတ်အကြောင်းတွေနဲ့ စက်မှုလုပ်ငန်းနဲ့ အာကာသစူးစမ်းရှာဖွေရေးတွေမှာ သူတို့ရဲ့အလားအလာရှိပုံတွေအကြောင်းကို သင်ယူရမှာပါ။ သူတို့ဟာ application ရဲ့နယ်ပယ်အမျိုးမျိုးအကြောင်း လေ့လာရမှာဖြစ်တဲ့အပြင် သူတို့ကိုယ်ပိုင်ပုံစံတွေကိုလည်း ဒီဇိုင်းဆွဲရဦးမှာဖြစ်ပါတယ်။

3D Design Workshop

12-15 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၅ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

ရှုထောင့်အမျိုးမျိုးရှိတဲ့ စိတ်ကူးများ

ကျွန်တော်တို့ရဲ့ 3D Design Workshop က ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကမ္ဘာကြား ဖွင့်ထားတဲ့တံခါးတစ်ချပ်ဖြစ်ပါတယ်။ ကလေးတွေဟာ ပရိဘောဂဒီဇိုင်း၊ အတွင်းအလှပြင်ဆင်ခြင်းနဲ့ ဗိသုကာပညာတို့လို application နယ်ပယ်အမျိုးမျိုးအကြောင်းကို လေ့လာရမှာပါ။ ဒီ workshop ဟာ software design ကို အဓိကအာရုံစိုက်ထားပေမဲ့ သင့်ကလေးဟာ နောက်ပိုင်းမှာ သူတို့ပြီးစီးထားတဲ့ 3D အရာတွေကို ကျွန်တော်တို့ရဲ့ 3D printer ဒါမှမဟုတ် laser cutter ဆီကို ပေးပို့နိုင်ပါတယ်။ ဒီနည်းနဲ့ သူတိုဟာ သူတို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေကို ဆွတ်ခူးသွားနိုင်မှာဖြစ်ပါတယ်။

Highlights

ဒီ workshop က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

3D designs ဖန်တီးခြင်းနဲ့ 3D printing methods အမျိုးမျိုးကို နားလည်သဘောပေါက်ခြင်း

3D printing ရဲ့ ရာဇဝင်နဲ့ အနာဂတ်အကြောင်း သင်ယူခြင်း

3D sketches ကို တကယ့်building blocks (LEGO) ပုံစံသို့ ပြောင်းခြင်း

လိုအပ်ချက်များ

ဒီ workshops အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool workshop အတွက်၊ဒီ workshop အတွက် လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း workshops တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း workshop မှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ school coordinators တွေကလည်း ဒီ workshop မစခင်တည်းက အပေါ်က software သွင်းဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ထပ်ပေးသွားဦးမှာပါ။
3D Design Workshop

12-15 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၅ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။