Digital Creator Camps

Adventure Game Creator

ကျွန်တော်တို့ရဲ့ holiday camp အတွင်း ကလေးတွေဟာ သူတို့ကိုယ်ပိုင် ဒစ်ဂျစ်တယ်စွန့်စားခန်းဂိမ်းတွေကို ဖန်တီးနိုင်မှာပါ။ coding အသိပညာတွေ ရှိဖို့မလိုပါဘူး။ ကလေးတိုင်းအတွက် လိုအပ်တာကတော့ ဂိမ်းကိုချစ်တဲ့စိတ်နဲ့ သူတို့ရဲ့အကန့်အသတ်မဲ့တီထွင်စွမ်းတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ဇာတ်လမ်းတစ်ခုကို ဖန်တီးရမှာဖြစ်ပြီး ထူးထွေဆန်းပြားတဲ့ကမ္ဘာတစ်ခုကို ဖန်တီးကာ အဲဒီမှာ သဲထိတ်ရင်ဖိုတာဝန်တွေနဲ့ လျှို့ဝှက်ပဟေဠိတွေကို ဖြေရှင်းဖို့ အသင့်ဖြစ်နေတဲ့ သူရဲကောင်းတွေနဲ့ပြည့်နေမှာပါ။ ဒါဆို ဒါတွေအားလုံး ပြီးသွားတော့ရော။ ဒါဆိုရင်တော့ စပြီးတော့ ဂိမ်းကစားလို့ရပြီပေါ့။ ဒီ camp ပြီးဆုံးသွားရင်တော့ ကလေးတွေဟာ သူတို့ကိုယ်ပိုင်လုပ်ထားတဲ့ ဂိမ်းကို ပိုင်ဆိုင်သွားမှာပါ။

Adventure Game Creator Camp

10-15+ နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

အကန့်အသတ်မဲ့ တီထွင်ဖန်တီးမှု

game development လမ်းကြောင်းပေါ်ကို သင့်ကလေးကို လျှောက်လှမ်းခိုင်းပြီး သူတို့ရဲ့ တီထွင်မှုစွမ်းရည်ကို တိုးတက်စေလိုက်ပါ။ ဒီ camp အတွင်း ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဂိမ်းတွေကို ဖန်တီးရမှာဖြစ်ပြီး သူတို့ရဲ့ ကာရိုက်တာတွေရဲ့ ကံတရားကို အဆုံးအဖြတ်ပေးပြီး အထူးတောင်းဆိုချက်တွေကို ဖန်တီးရမှာပါ။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေက အတားအဆီးမဲ့ပါပဲ။

Highlights

camp အတွင်း ကလေးတွေ သင်ယူသွားနိုင်မယ့်အကြောင်းအရာကတော့၊

2D design၊ tile mapping၊ actors၊ animations

သူတို့ကိုယ်ပိုင် စွန့်စားခန်းဂိမ်းတွေကို ဖန်တီးပုံ

Objects

Variables (global၊ local၊ binary switches)

Interactions၊ event controls (clicking၊ colliding၊ etc.)

Loops

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

Camp အတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်.

ဒီ camp ကို ကျွန်တော်တို့ ကျောင်းဖွင့်ထားတဲ့နေရာများမှာပဲ ရနိုင်ပါတယ်။

Adventure Game Creator Camp

10-15+ နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။