ပရိုဂရမ်းမင်း Camps

Android APP

ဒီ camp မှာတော့ ကလေးတွေဟာ သူတို့ကိုယ်ပိုင် mobile software ကိုတီထွင်ပြီး application development အတွက် လိုအပ်တဲ့ ဒီဇိုင်းနဲ့ ပရိုဂရမ်းမင်းစွမ်းရည်တွေကို MIT's App Inventor၊ visual development environment ကို အသုံးပြုပြီး သင်ယူနိုင်မှာပါ။

Android APP Camp

10-15+ နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ပဟေဠိတစ်ခုလိုပါပဲ။

ဒီ camp မှာ ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေကို ပဟေဠိတွေရဲ့အစိတ်အပိုင်းတွေကို ဆက်သလိုမျိုး အလွယ်တကူနဲ့ သင်ယူသွားရမှာပါ။ မှန်မှန်ကန်ကန်သိထားတဲ့အသိပညာ ဗဟုသုတနဲ့ဆိုရင် ဘယ်သူမဆို ကမ္ဘာအနှံ့မှာ အောင်မြင်မှုရနိုင်တဲ့ application တစ်ခုကို ဖန်တီးနိုင်မှာပါ။ သင့်ကလေးက ဒီလိုအောင်မြင်လာမယ့်လူဖြစ်လာနိုင်ပါတယ်။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

MIT ရဲ့ App Inventor software ကိုအသုံးပြုပြီး သူတို့ကိုယ်ပိုင် mobile phone applications တွေကို ပရိုဂရမ်ရေးပြီး ဒီဇိုင်းထွင်ခြင်း

အခြေခံဒီဇိုင်းနဲ့ ဂိမ်းတီထွင်မှုစွမ်းရည်တွေကို လေ့လာပြီး mobile application ရဲ့စိတ်ဝင်စားစရာအချက်တွေကို သင်ယူခြင်း

သူငယ်ချင်းတွေနဲ့ မျှဝေနိုင်တဲ့ အမိုက်စားဂိမ်းတွေကို ဖန်တီးလိုက်ပါ။

ပရိုဂရမ်းမင်းရဲ့ အခြေခံသီအိုရီတွေကို လေ့လာခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • ကျွန်တော်တို့ရဲ့ in-Logiscool camps အတွက်၊ ကလေးတွေဟာ Google account နဲ့ Android phone ဒါမှမဟုတ် tablet တစ်ခုလိုအပ်မှာပါ၊ ဒါမှသာ သူတို့ရဲ့ applications အသစ်တွေကို ချက်ချင်းပဲ စမ်းကြည့်နိုင်မှာပါ။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ Google အကောင့်နဲ့ Android phone ဒါမှမဟုတ် tablet အပြင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
Android APP Camp

10-15+ နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။