ပရိုဂရမ်းမင်း Workshops

App Creation Workshop

ဒီနေ့ကမ္ဘာကြီးမှာ အရာအားလုံးအတွက် smartphone app တစ်ခုတော့ ရှိစမြဲပါ။ တကယ်တော့ တစ်ခါတလေ မှန်ကန်တဲ့ app တစ်ခုကိုရွေးရတာက တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေနဲ့ ကွက်တိကိုက်ညီတဲ့ app တစ်ခုကို ရိုးရိုးလေးဖန်တီးလိုက်တာက ပိုပြီမကောင်းဘူးလား။ ကျွန်တော်တို့ workshop က ကလေးတွေဟာ iPhones နဲ့ Androids နှစ်ခုလုံးအတွက် သူတို့ကိုယ်ပိုင် apps တွေကို ပြုလုပ်နည်းကို သင်ယူရမှာပါ။ ရိုးရိုးမိုဘိုင်းဂိမ်းတွေ၊ တစ်နေ့တာရဲ့ စကားပုံတွေ ဒါမှမဟုတ် applications တွေက သင့်ကို ဈေးဝယ်တဲ့နေရာ၊ လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ နေ့စဥ်ကျန်းမာရေးနဲ့ညီတဲ့အစားတွေ စားတဲ့နေရာမှာ ကူညီပေးပါတယ်။

App Creation Workshop

13+ နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၁၀ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

အသုံးပြုသူဘဝမှ developer ဘဝသို့

ဒီ workshop က ကျောင်းသားတွေကို Thunkable app development ပလက်ဖောင်း အသုံးပြုနည်းကို သင်ပေးသွားမှာပါ။ Thunkable က smartphone ရဲ့ အစွမ်းတွေဖြစ်တဲ့ image ဒါမှမဟုတ် sound recognition၊ barcode ဒါမှမဟုတ် QR code scanning ကို အသုံးချပြီး သင့်ကလေးကို apps ဖန်တီးဖို့အတွက် ကူညီနိုင်ပါတယ်။ သူတို့ဟာ မိုဘိုင်းဂိမ်း၊ ကယ်လိုရီရေပေးတဲ့ app ဒါမှမဟုတ် သင်စိတ်ထဲရှိတဲ့ ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်ပါတယ်။ ဒီ workshop က သင့်ကလေးကို visual programming ရဲအခြေခံအရသာကိုလည်း မြည်းစမ်းစေမှာပါ။ ဒီ workshop အဆုံးမှာတော့ သူတို့ဟာ Google Play ဒါမှမဟုတ် App Store မှာပါ တင်ထားလို့ရနိုင်တဲ့ app တစ်ခုကို ဖန်တီးသွားနိုင်မှာပါ။

Highlights

ဒီ workshop က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

Android နဲ့ iPhone အတွက် apps များဖန်တီးခြင်း

အသုံးပြုရလွယ်ကူတဲ့ mobile app ဒီဇိုင်းရဲ့ အခြေခံမူသဘောတရားများ

ဖုန်းရဲ့ functions နဲ့ sensors (ဥပမာ- calls၊ sms၊ gyroscope၊ camera) ကိုအသုံးပြုပြီး apps တွေကို တီထွင်ဖန်တီးခြင်း

ရှုပ်ထွေးတဲ့ functions ကိုအသုံးပြုခြင်း (ဥပမာ၊ အသံ နဲ့ မျက်နှာကို မှတ်သားခြင်း၊ ပုံရိပ် and စာသားကို မှတ်သားမိခြင်း၊ အလိုအလျောက် ဘာသာပြန်ခြင်း)

Thunkable app development software ကိုအသုံးပြုပုံ

visual programming ကတစ်ဆင့် ပရိုဂရမ်းမင်းအခြေခံသဘောတရားများ

လိုအပ်ချက်များ

ဒီ workshops အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool workshop အတွက်၊ဒီ workshop အတွက် လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း workshops တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း workshop မှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ school coordinators တွေကလည်း ဒီ workshop မစခင်တည်းက အပေါ်က software သွင်းဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ထပ်ပေးသွားဦးမှာပါ။
App Creation Workshop

13+ နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၁၀ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။