Programming သင်တန်းများ

AI ရဲ့ အခြေခံအချက်များ နဲ့ Data Science

403

ဒီသင်တန်းကို တက်ရောက်သူတွေဟာ data science နဲ့ artificial intelligence အကြောင်းကို ကောင်းကောင်းသိသွားမှာပါ။ အွန်လိုင်း software အမျိုးမျိုးနဲ့ Scoolcode ရဲ့ အကူအညီနဲ့ ကလေးတွေဟာ သက်ဆိုင်ရာအကြောင်းအရာရဲ့ အခြေခံသဘောတရားတွေကို ရင်းနှီးကျွမ်းဝင်သွားမှာပါ။

AI ရဲ့ အခြေခံအချက်များ နဲ့ Data Science 403 သင်တန်း

12+ နှစ်အတွက်

online, Classroom

မရှိမဖြစ်ဖြေဆိုရန်လိုအပ်ချက်များ၊ MIX 312 သင်ရိုး သို့မဟုတ် အဆင့်မြင့် ပရိုဂရမ်းမင်းသင်ရိုးများအတွက် Logiscool ၏ဝင်ခွင့်စာမေးပွဲ

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

နောက်တစ်ဆင့်ကို တက်လှမ်းလိုက်ပါ။

သင်တန်းချိန်အတွင်း ကျွန်တော်တို့က AI နဲ့ data science ရဲ့အခြေခံအချက်တွေကို ပျော်စရာကောင်းတဲ့နည်းတွေ၊ အားကျစရာဥပမာတွေနဲ့ မိတ်ဆက်သင်ကြားပေးသွားမှာပါ။ ကျောင်းသားတွေအနေနဲ့ machine learning ကိုအခြေခံထားတဲ့ algorithms ပါတဲ့ software ကို စမ်းကြည့်ခွင့်ရမှာပါ။ ဒါ့အပြင် Scoolcode ထဲမှာလည်း smart algorithms ကို ပရိုဂရမ်ရေးနိုင်ဦးမှာပါ။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

အွန်လိုင်း software အကူအညီဖြင့် (machine) learning၊ numeric models နဲ့ kNN algorithms တွေကို မိတ်ဆက်ပေးခြင်း။

Adventure game ကိုဖန်တီးပြီးတော့ decision tress တွေကို သိရှိလာခြင်း

အွန်လိုင်း ကိရိယာတွေနဲ့ Scoolcode ကိုအသုံးပြုပြီး ဂိမ်းပုံစံရေးဆွဲခြင်း (data sets တွေဖြင့် သင်ကြားခြင်း၊သင်ယူခြင်း)

Scoolcode ပရိုဂရမ်းမင်းဖြင့် breadth နဲ့ depth ကို ပထမဆုံးရှာကြည့်ခြင်း

Artificial intelligence ကို Scoolcode ဂိမ်းတွေထဲကို ပရိုဂရမ်းရေးဆွဲခြင်း

data sets ကနေ data visualization အကြောင်း သင်ယူခြင်း - data ကနေ အလုံးစုံအချက်အလက်တွေကို ထုတ်ယူခြင်းနဲ့ ပြသခြင်း

Artificial Intelligence နယ်ပယ်ထဲက လူတွေရဲ့ တာဝန်ရှိမှုနဲ့ ကျင့်ဝတ်နဲ့ဆိုင်ရာ ပြဿနာများ

AI-based software ကိုအသုံးပြုပြီး image processing နဲ့ generation၊ text writing နဲ့ music production ကို မိတ်ဆက်ပေးခြင်း

လိုအပ်ချက်များ

Scoolers တွေဟာ MIX 312 သင်တန်း ဒါမှမဟုတ် အဆင့်မြင့်ပရိုဂရမ်းမင်းသင်တန်းတွေအတွက် Logiscool ရဲ့ ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုထားဖို့ လိုပါတယ်။ ဒီသင်တန်းအတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။

လိုအပ်တဲ့ software

  • Logiscool ကျောင်းရှိ Offline၊ ကျောင်းသားတွေမှာ Google အကောင့်တစ်ခုရှိရပါမယ်။ ဒီသင်တန်းအတွက် လိုအပ်သမျှပစ္စည်းတွေကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်းသင်တန်းတွေမှာပါဖို့ဆိုရင် မရှိမဖြစ်လိုတာကတော့ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး၊ mouse တစ်ခု၊ Google အကောင့်တစ်ခုရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာကိုလည်း အသုံးပြုနိုင်ပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
AI ရဲ့ အခြေခံအချက်များ နဲ့ Data Science 403 သင်တန်း

12+ နှစ်အတွက်

online, Classroom

မရှိမဖြစ်ဖြေဆိုရန်လိုအပ်ချက်များ၊ MIX 312 သင်ရိုး သို့မဟုတ် အဆင့်မြင့် ပရိုဂရမ်းမင်းသင်ရိုးများအတွက် Logiscool ၏ဝင်ခွင့်စာမေးပွဲ

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။