Programming သင်တန်းများ

BLOX

161

သင့်ကလေးကို အနာဂတ်မှာ အသုံးပြုနိုင်တဲ့ စွမ်းရည်တွေပိုင်ဆိုင်စေချင်ပါသလား။ ဒါဆိုရင် သူတို့နဲ့လိုက်ဖက်ပြီး လိုအပ်တဲ့ ပရိုဂရမ်းမင်းစွမ်းရည်တွေကို ရိုးရှင်းလွယ်ကူပြီး ဆော့ကစားတဲ့နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့က သင်ကြားပေးပြီး အနာဂတ်မှာ အောင်မြင်သွားအောင် ကူညီပေးပါရစေ။

ဖွင့်မည့်ရက်များ
BLOX 161 သင်တန်း
15-17 lessons

အတွက် 3-5အတန်းတက်သူများ

online, Classroom, 1-on-1

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Code ရေးတာကို လူတိုင်းသင်ယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။

သင်တန်းတက်နေတဲ့ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေကို သင်ယူရမှာဖြစ်ပြီး ကွန်ပျူတာဂိမ်းတွေဖန်တီးတာ၊ အသင်အပြကောင်းတဲ့ နည်းပြတွေအကူအညီနဲ့ ပိုပြီးရှုပ်ထွေးတဲ့ပရောဂျက်တွေကို လုပ်ဆောင်နိုင်တာစတာတွေကို ရရှိသွားမှာပါ။

ကလေးတွေဟာ visual coding ကိုအသုံးပြုပြီး ပရောဂျက်အမျိုးမျိုးကို ကိုင်တွယ်ရမှာဖြစ်ပြီး ရောင်စုံ blocks တွေနဲ့ ပရိုဂရမ်တွေကို စပြီးတည်ဆောက်ရမှာပါ။ ဒီမိတ်ဆက်နည်းလမ်းတွေရဲ့အကူအညီနဲ့ ကလေးတွေဟာ ပျော်ရွှင်တက်ကြွစရာကောင်းတဲ့နည်းနဲ့ ပရိုဂရမ်းမင်းနဲ့အခြေခံအချက်တွေကို သင်ယူနိုင်မှာပါ။ ဒီသင်တန်းပြီးဆုံးသွားရင်တော့ ကလေးတွေဟာ ပိုပြီးခက်ခဲတဲ့ မော်ဂျူးတွေကိုလေ့လာပြီး ပညာရှင်အဆင့် coding ဖန်တီးနိုင်တဲ့ လမ်းကြောင်းပေါ်ကို ဆက်သွားနိုင်မှာပါ။ နောက်ပြီး ဒီသင်တန်းက coding အပြင် algorithmic နဲ့ analytical thinking တို့လို ဘဝမှာလိုအပ်တဲ့စွမ်းရည်တွေကိုလည်း ရရှိအောင် အထောက်အကူပြုပါတယ်။

Highlights

သင့်ကလေးအသက်အရွယ်နဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းများရှိရာ ကမ္ဘာ့အဆင့်မီ ပညာရေးပလက်ဖောင်း

15-17 သင်ခန်းစာများ

တစ်ဦးချင်းလမ်းညွှန်ပြခြင်း

စိတ်ဝင်စားစရာ ပရောဂျက်အမျိုးမျိုး

Programming ဉာဏ်စမ်းပဟေဠိများ

Programming tools တွေကို ၂၄/၇ တစ်ပတ်လုံး အသုံးပြုနိုင်ခွင့်

အောင်မြင်မှုမှတ်တမ်း

သင့်ကလေး ဘာတွေသင်ရမှာလဲ၊

Programming၊ algorithmic နှင့် analytical thinking စွမ်းရည်များ၊

ဆော့ကစားတဲ့နည်းလမ်းနဲ့ သင်္ချာရဲ့အခြေခံသဘောတရားကို လေ့လာခြင်း

loops ကိုအသုံးပြုပြီး commands ထပ်ကျော့ပုံကို လေ့လာခြင်း

conditions နဲ့ if-statements တွေကို အသုံးပြုခြင်း

drawings တွေဖန်တီးဖို့ ပရိုဂရမ်းမင်းကို အသုံးပြုခြင်း

game ကာရိုက်တာတွေကို စကားပြောအောင်လုပ်ပေးခြင်း

variables နဲ့ data handling ကို ရင်းနှီးကျွမ်းဝင်အောင်လုပ်ခြင်း

Basic logic operators (and၊ or၊ not)ကို နားလည်ပြီး သူတို့ကို ပိုပြီးကောင်းတဲ့အခြေအနေတွေဖြစ်အောင် ဖန်တီးပေးနိုင်ခြင်း

built-in variables တွေနဲ့ ရင်းနှီးကျွမ်းဝင်လာပြီး သူတို့ကို objects နဲ့ backdrops တွေရဲ့ စရိုက်လက္ခဏာတွေ၊ measure time နဲ့ positioning တွေကို သိအောင်လုပ်ပေးနိုင်ခြင်း

Game functionalities နားလည်သဘောပေါက်ခြင်းနဲ့ ဖန်တီးခြင်း

ပရိုဂရမ်တစ်ခုကို စတင်ဖို့ မတူညီတဲ့ အစပြုခြင်းတွေကို အသုံးပြုခြင်း

game objects နဲ့ ကာရိုက်တာတွေကို သတ်မှတ်စင် အဆင့်ပေါ်သို့ ရွှေ့ပြောင်းခြင်း

Soft skills၊

ပြဿနာဖြေရှင်းခြင်းနဲ့ algorithmic thinking

ကိုယ့်ဘာသာယုံကြည်မှု

အာရုံစူးစိုက်မှုနဲ့ တိကျမှု

အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း

ပြောဆိုဆက်ဆံရေး

နည်းပညာအတွက် လိုအပ်ချက်များ

အွန်လိုင်းအတန်းများအတွက်၊ အင်တာနက်ချိတ်ထားတဲ့ လက်တော့ သို့ ကွန်ပျူတာတစ်လုံး၊ Chrome browser၊ မိုက်ခရိုဖုန်းတစ်ခုလိုအပ်မှာပါ။ နားကြပ်နဲ့ webcam လည်းရှိထားသင့်ပါတယ်။

အွန်လိုင်းအတန်းနဲ့ coding အတွက်လိုအပ်တဲ့ software ကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။

မရှိမဖြစ်များ

ကလေးများက ကြိုတင်သင်တန်းတက်ဖို့ မလိုပါ။

BLOX 161 သင်တန်း
15-17 lessons

အတွက် 3-5အတန်းတက်သူများ

online, Classroom, 1-on-1

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

အောက်ပါနေရာများမှာ ရနိုင်ပါတယ်

သင်ရွေးထုတ်ထားသည့် အမျိုးအစားကို ရွေးချယ်ပါ၊
Filter အားလုံးကို ပြန်သတ်မှတ်ခြင်း
နောက်ထပ် filter နည်းလမ်းများ

Loading...
BLOX 161 သင်တန်း
သင်ရွေးထုတ်ထားသည့် အမျိုးအစားကို ရွေးချယ်ပါ၊
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။