Robotics Camps

Cozmo

ဒီ camp အတွင်း ကလေးတွေဟာ လိမ္မာပါးနပ်ပြီး တကယ့်သက်ရှိ robot Cozmo ရဲ့အကူအညီနဲ့ code ရေးနည်းကို သင်ရမှာပါ။ သူ့ရဲ့ ရယ်စရာအသံအထူးပြုလုပ်ချက်နဲ့ အံ့သြစရာဂိမ်းတွေကြောင့် မကြာခင်မှာပဲ သင့်ကလေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်လာမှာပါ။ ဒီစက်ရုပ်ရဲ့ မျက်နှာကိုထောက်လှမ်းနိုင်တဲ့ software က သူ့ရဲ့လူသားသူငယ်ချင်းကို ခွဲခြားနိုင်ပြီး ကစားဖို့ ဖိတ်ခေါ်လို့ရဦးမှာပါ။

Cozmo Camp

7-10 နှစ်အတွက်

Classroom

မရှိိမဖြစ်၊ ၂ တန်းအဆင့်ကသာစနိုင်မည်

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Play and code!

commands တွေကို ပရိုဂရမ်ရေးရတာကြောင့် ကလေးတွေဟာ Cozmo ကို ဒိုးလှိမ့်ပုံ၊ ဘောလုံးကစားပုံနဲ့ ဆူမိုကစားပုံကို သင်ပေးနိုင်မှာပါ။ သူတို့ဟာ Olympic Games pentathlon အတွက်လည်း Cozmo ကိုလေ့ကျင့်ခိုင်းလို့တောင် ရပါသေးတယ်။ ဒါ့အပြင် ကလေးတွေဟာ ဒီ robot ကို phone ဒါမှမဟုတ် tablet တွေနဲ့လည်း ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ artificial intelligence ကျေးဇူးကြောင့် Cozmo ဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သူတို့လမ်းကြောင်းကို ရှာနိုင်တဲ့အတွက် ကလေးတွေဟာ စက်ရုပ်ကို လွတ်လွတ်လပ်လပ်လွှတ်ထားလို့ရပါတယ်။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

Programming နဲ့ algorithmic thinking ရဲ့အခြေခံအချက်များကို လေ့လာခြင်း

Robotics ရဲ့အခြေခံအချက်တွေကို နားလည်သဘောပေါက်ခြင်း

ကိုယ့် Robot အတွက် ဂိမ်းတွေဖန်တီးပြီး ကိုယ့်ရဲ့ စိတ်ကူးတွေ၊ ပြဿနာဖြေရှင်းနိုင်တဲ့အစွမ်းတွေကို အသုံးချကြည့်လိုက်ပါ။

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

Camp အတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်.

ဒီ camp ကို ကျွန်တော်တို့ ကျောင်းဖွင့်ထားတဲ့နေရာများမှာပဲ ရနိုင်ပါတယ်။

Cozmo Camp

7-10 နှစ်အတွက်

Classroom

မရှိိမဖြစ်၊ ၂ တန်းအဆင့်ကသာစနိုင်မည်

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။