Programming သင်တန်းများ

Digital Discovery

112

မိဘတွေအနေနဲ့ ဒစ်ဂျစ်တယ်ပညာဟာ လက်ရှိမှာရော အနာဂတ်မှာပါ အရေးကြီးတဲ့ပညာတစ်ခုအဖြစ် သိလာကြပါပြီ။ ကျွန်တော်တို့ရဲ့ အထူးသင်တန်းတွေမှာ အသင်အပြကောင်းတဲ့ နည်းပြတွေဟာ သင့်ကလေးကို ကိုယ့်ဘာသာယုံကြည်မှုတိုးလာပြီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေအပါအဝင် အွန်လိုင်းပလက်ဖောင်းတွေကို ဉာဏ်ရှိရှိအသုံးပြုတတ်လာအောင် ကူညီပေးသွားမှာပါ။ သင်တဲ့နေရာမှာလည်း ဆော့ကစားတဲ့ပုံ၊ ပျော်စရာကောင်းပြီး နားလည်လွယ်တဲ့ပုံမျိုးနဲ့ သင်ပေးသွားမှာပါ။

Digital Discovery 112 သင်တန်း

2-3အတန်းတက်သူများအတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ Digital Discovery 111 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေးရဲ့ ဒစ်ဂျစ်တယ်စွမ်းရည်တွေကို မြှင့်တင်ပေးလိုက်ပါ။

ကလေးအများစုလိုပဲ သင့်ကလေးကလည်း အိမ်မှာဖြစ်စေ အပြင်မှာဖြစ်စေ smart phone ဒါမှမဟုတ် tablet တွေနဲ့ကြီးပြင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တို့ကလေးကို အနာဂတ်ဒစ်ဂျစ်တယ်လောကမှာ ကူညီလမ်းပြပေးဖို့ critical thinking နဲ့ တခြားသိသင့်တာတွေကို သင်ပေးလိုက်ပါ။ ဒီသင်တန်းမှာ algorithmic thinking နဲ့ ပရိုဂရမ်းမင်း၊ digital content creation အပြင် အင်တာနက်အသုံးပြုပုံနဲ့ ဘေးကင်းစိတ်ချရေးအကြောင်းတွေ သင်ပေးမှာပါ။ ဒါအပြင် ကလေးတွေကို computer hardware၊ digital devices နဲ့ robotics တွေနဲ့မိတ်ဆက်ပေးသွားမှာပါ။ ကျွန်တော်တို့နဲ့အတူ သင့်ကလေးဟာ လိုအပ်တဲ့စွမ်းရည်တွေကို ဆော့ကစားတဲ့နည်းနဲ့ သင်ကြားပြီး ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်မှာ ပျော်ရွှင်သွားမှာပါ။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

Algorithmic thinking

Programming၊ block-based coding နဲ့ calculation မှ နားလည်လွယ်တဲ့ visual ပလက်ဖောင်းများကတစ်ဆင့် text-based coding သို့ရောက်အောင် ဖန်တီးခြင်း

ဒစ်ဂျစ်တယ်အကြောင်းအရာဖန်တီးမှု- 3D ဂိမ်းဒီဇိုင်း၊ ဒစ်ဂျစ်တယ်ပုံဆွဲမှု၊ ရုပ်ပုံနှင့် ဗီဒီယိုတည်းဖြတ်မှု၊ စာသားနှင့် တင်ပြမှုတည်းဖြတ်ခြင်း။

အင်တာနက်အသုံးပြုခြင်းနဲ့ ဘေးကင်းစိတ်ချရေး၊ အွန်လိုင်းလုံခြုံရေး၊ အွန်လိုင်းကျင့်ဝတ်နဲ့ အွန်လိုင်းပေါ်က ပြောဆိုဆက်သွယ်ခြင်း

computer hardware နဲ့ digital devices တွေအား အခြေခံအသုံးပြုနည်း

Robotics

လိုအပ်ချက်များ

Digital Discovery 111 သင်တန်း ပြီးဆုံးခြင်း။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊ ပါဝင်တက်ရောက်ရန်အတွက် Google အကောင့်တစ်ခုလိုအပ်ပါတယ်။ လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက online camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်းသင်တန်းတွေမှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး၊ Google အကောင့်တစ်ခုနဲ့ မောက်စ်တစ်ခုလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
Digital Discovery 112 သင်တန်း

2-3အတန်းတက်သူများအတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ Digital Discovery 111 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။