Programming သင်တန်းများ

Digital Discovery

121

သင့်ကလေးကို digital space ထဲက သူတို့အတွက်နေရာကို ရှာဖွေခွင့်ပြုလိုက်ပါ။ ဒစ်ဂျစ်တယ်ပညာဟာ လက်ရှိအတွက်ရော အနာဂတ်အတွက်ပါ မရှိမဖြစ်အရေးပါတဲ့ ပညာဖြစ်လာပါပြီ။ ကျွန်တော်တို့ရဲ့ အထူးသင်တန်းမှာ ကလေးတွေဟာ သူတို့အမှန်တကယ်စိတ်ဝင်စားမှုကို သိရှိစေဖို့ ဒစ်ဂျစ်တယ်အကြောင်းအရာအမျိုးမျိုးကို သင်ယူရမှာပါ။ ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေဟာ ကလေးတွေ ကိုယ့်ဘာသာယုံကြည်မှုရှိလာအောင်နဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ဉာဏ်ရှိရှိအသုံးပြုတတ်လာအောင် ကူညီလမ်းပြပေးသွားမှာပါ။

ဖွင့်မည့်ရက်များ
Digital Discovery 121 သင်တန်း

အတွက် 9-11 နှစ်, 3-4အတန်းတက်သူများ

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေးရဲ့ ဒစ်ဂျစ်တယ်စွမ်းရည်တွေကို မြှင့်တင်ပေးလိုက်ပါ။

Coding က ပညာရပ်ဆိုင်ရာ သုတေသနတွေကစပြီး animation နဲ့ design တွေအထိ နယ်ပယ်အမျိုးမျိုးမှာ မရှိမဖြစ်အရေးပါလာပါပြီ။ ဒါပေမဲ့လည်း မူလတန်းကျောင်းတွေက IT နဲ့ ဒစ်ဂျစ်တယ်ပညာရပ်တွေက ခေတ်နဲ့မမီတော့ပါဘူး။ ဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ ကလေးတွေဟာလည်း ဒစ်ဂျစ်တယ်ပစ္စည်းတွေကို စိတ်လွတ်ကိုယ်လွတ်အသုံးပြုနေကြပါတယ်။ ဒီတော့ သူတို့ကို ရိုးရိုးသုံးစွဲသူတွေအဆင့်ကနေ digital creator တွေဖြစ်လာတဲ့အထိ ကူညီပေးလိုက်ပါ။

Highlights

ဒီသင်တန်းက ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

အင်တာနက်လုံခြုံရေးနဲ့ ကိုယ်ရေးလျှို့ဝှက်မှုအခြေခံအချက်များ၊ ကိုယ်ရေးအချက်အလက်၊ စိတ်ချရတဲ့ browsers၊ အရေးကြီးသတင်းအချက်အလက်တွေကို အသုံးပြုခြင်းနဲ့ မျှဝေခြင်း၊ အွန်လိုင်းကျင့်ဝတ်နဲ့ အွန်လိုင်းပေါ်က ပြောဆိုဆက်သွယ်ရေး

Digital content creation၊ digital drawing၊ image နဲ့ video editing၊ text၊ presentation နဲ့ spreadsheet editing

ပရိုဂရမ်းမင်းကို တဖြည်းဖြည်းချင်း မိတ်ဆက်ပေးခြင်း၊ block-based coding နဲ့ calculation မှ နားလည်လွယ်တဲ့ visual ပလက်ဖောင်းများကတစ်ဆင့် text-based coding သို့ရောက်အောင် ဖန်တီးခြင်း

ပရိုဂရမ်းမင်းရဲ့အခြေခံအချက်များ၊ algorithmic thinking၊ cycles၊ variable management (time-logical variables)၊ random numbers နဲ့ ပရိုဂရမ်းမင်းအမျိုးမျိုးကို မိတ်ဆက်ပေးခြင်း

Web development နဲ့ web design ရဲ့အခြေခံအချက်များ

ကွန်ပျူတာ hardware ရဲ့ အခြေခံအချက်များနဲ့ လုပ်ဆောင်ပုံကို သင်ယူခြင်းနဲ့ နားလည်အောင်ပြုလုပ်ခြင်း

Robotics၊ robot တွေကို တည်ဆောက်ခြင်းနဲ့ ပရိုဂရမ်ရေးဆွဲခြင်း (Bee-Bot, mBot)

လိုအပ်ချက်များ

ဒီ course အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊ ပါဝင်တက်ရောက်ရန်အတွက် Google အကောင့်တစ်ခုလိုအပ်ပါတယ်။ လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်းသင်တန်းတွေမှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး၊ Google အကောင့်တစ်ခုနဲ့ မောက်စ်တစ်ခုလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
Digital Discovery 121 သင်တန်း

အတွက် 9-11 နှစ်, 3-4အတန်းတက်သူများ

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

အောက်ပါနေရာများမှာ ရနိုင်ပါတယ်

သင်ရွေးထုတ်ထားသည့် အမျိုးအစားကို ရွေးချယ်ပါ၊
Filter အားလုံးကို ပြန်သတ်မှတ်ခြင်း
နောက်ထပ် filter နည်းလမ်းများ

Loading...
Digital Discovery 121 သင်တန်း
သင်ရွေးထုတ်ထားသည့် အမျိုးအစားကို ရွေးချယ်ပါ၊
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။