Digital Creator Workshops

ကလေးတွေအတွက် Digital Illustration Workshop

သင့်ကလေးက ပုံဆွဲရတာကို သဘောကျတယ် ဒါမှမဟုတ် illustrations ဖန်တီးပုံကို စိတ်ဝင်စားပြီး သူတို့ကိုယ်ပိုင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ workshop က သူတို့အတွက်ပါပဲ။ ကျွန်တော်တို့က digital drawing နဲ့ illustrations တွေရဲ့အခြေခံအချက်တွေကို သင်ကြားပေးပါတယ်။ ဒီ workshop မှာ တက်မယ့်သူတွေဟာ သူတို့ရဲ့ digital art စွမ်းရည်တွေ တိုးတက်သွားမှာဖြစ်ပြီး အလုပ်အတွက် လိုအပ်တဲ့ IT ပစ္စည်းတွေကို အသုံးပြုတတ်သွားမှာပါ။

ကလေးတွေအတွက် Digital Illustration Workshop

8-10 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၅ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

မနက်ဖြန်ရဲ့ ဖန်တီးသူများအတွက်

ဒီ workshop မှာပါဝင်တဲ့သူတွေဟာ digital drawing နဲ့ illustration ရဲ့အခြေခံအချက်တွေကို သင်ရမှာဖြစ်ပြီး နာမည်ကျော် အခမဲ့ software ကိုလည်း အသုံးပြုရမှာပါ။ သူတို့တွေဟာ သက်ဆိုင်ရာ art သမိုင်းကြောင်းနဲ့ drawing သီအိုရီတွေကိုလည်း လေ့လာခွင့်ရဦးမှာလည်း ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ သူတို့ကိုယ်ပိုင် ကာရိုက်တာတွေကို ဖန်တီးပြီး digital environment တစ်ခုမှာ ဒါတွေကို ထားလို့ရမှာပါ၊ digital formats နဲ့ styles အမျိုးမျိုးကို စမ်းသပ်ရင်း သူတို့ရဲ့ကိုယ်ပိုင် style ကိုလည်း စူးစမ်းရှာဖွေလို့ရသွားမှာပါ။ ပါဝင်သူတွေအနေနဲ့ ဒီသင်တန်းအဆုံးမှာ ပြုလုပ်မယ့် virtual exhibition သူတို့ရဲ့ဖန်တီးမှုလက်ရာတွေကို ဒီအဖွဲ့နဲ့ ဖိတ်ကြားထားတဲ့ မိဘတွေကို ပြသနိုင်မှာပါ။

Highlights

ဒီ workshop က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

art history နဲ့ digital drawing သီအိုရီနဲ့ illustration

digital illustration ကို သင်ယူခြင်း၊ characters နဲ့ illustrations အမျိုးမျိုးကို ဖန်တီးခြင်း၊ illustration styles နဲ့ techniques ကို စမ်းသပ်ခြင်း

အခြေခံပရိုဂရမ်းမင်းနဲ့ illustrated characters ကို animation လုပ်ခြင်း

creativity၊ digital skills နဲ့ algorithmic thinking ကို မြှင့်တင်ပေးခြင်း

လိုအပ်ချက်များ

ဒီ workshops အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool workshop အတွက်၊ဒီ workshop အတွက် လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း workshops တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း workshop မှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ school coordinators တွေကလည်း ဒီ workshop မစခင်တည်းက အပေါ်က software သွင်းဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ထပ်ပေးသွားဦးမှာပါ။
ကလေးတွေအတွက် Digital Illustration Workshop

8-10 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၅ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။