Programming သင်တန်းများ

ဒစ်ဂျစ်တယ်ကို မိတ်ဆက်ခြင်း

101

ဒစ်ဂျစ်တယ်စွမ်းရည်တွေကို လေ့လာတာကလည်း ဘာသာစကားတစ်ခုကို လေ့လာရသလိုပါပဲ။ ပိုလွယ်လေ ပိုကောင်းလေပါ။ ဒီသင်တန်းကတော့ ကလေးငယ်တွေအတွက် ဒစ်ဂျစ်တယ်စွမ်းရည်ရဲ့အခြေခံအချက်တွေနဲ့ algorithmic thinking ကို သင်ပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ အောင်မြင်စေဖို့အတွက် အုတ်မြစ်တစ်ခုချပေးလိုက်တာလည်း ဖြစ်ပါတယ်။

Digital Intro 101 သင်တန်း
၁ တန်းရဲ့ ဒုတိယစာသင်နှစ်တွင်သာ

Classroom, 1-on-1

အများဆုံး၊ 12 ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေးကို ယုံကြည်မှုရှိရှိနဲ့ ဒစ်ဂျစ်ကမ္ဘာရဲ့ သုံးစွဲသူတစ်ဦးဖြစ်ခွင့်ပေးလိုက်ပါ။

အသက်အငယ်ဆုံးကလေးတွေရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် စီမံထားတဲ့ ဒီသင်တန်းက ကျောင်းသားတွေကို ကွန်ပျူတာအလုပ်လုပ်ပုံ၊ mouse ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနည်းတွေကို သင်ပေးပါတယ်။ သူတို့ဟာ လက် ၁၀ ချောင်းနဲ့ စာရိုက်တတ်သွားမှာဖြစ်ပြီး အင်တာနက်လုံခြုံရေးအကြောင်းကိုပါ သင်ရမှာပါ။ နောက်ပြီး ဆန်းသစ်တီထွင်ထားတဲ့ ဂိမ်းတွေအပြင် logical games တွေကိုပါ ကစားရင်းနဲ့ algorithmic thinking ရဲ့အခြေခံအုတ်မြစ်ကိုပါ ရရှိသွားဦးမှာပါ။

ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေအနေနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ ပိုပြီးယုံကြည်မှုရှိရှိ၊ အသိဉာဏ်ရှိရှိနဲ့ အသုံးပြုတတ်လာစေဖို့ပဲဖြစ်ပါတယ်။ ဒီသင်တန်းက ကိုယ်လက်လှုပ်ရှားမှုစွမ်းရည်၊ အာရုံခံစားနိုင်စွမ်းနဲ့ လမ်းညွှန်ချက်တွေနောက် လိုက်နိုင်စွမ်းအပြင် မျက်လုံးနဲ့လက် ဟန်ချက်ညီပေါင်းစည်းနိုင်စွမ်းကိုပါ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်လို့ မူလတန်းကျောင်းသားတွေအတွက် ကျောင်းတွင်းစွမ်းဆောင်ရည်တွေကို ကောင်းစေပါတယ်။ စိတ်လှုပ်ရှားစရာကောင်းပြီး ဆန်းသစ်တီထွင်ထားတဲ့ တာဝန်တွေအပြင် logical games တွေကိုပါကစားရင်းနဲ့ ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေကို မြည်းစမ်းရမှာဖြစ်ပြီး machinesတွေရဲ့ အယူအဆကိုပါ လေ့လာရမှာပါ။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

digital gadgets နဲ့ applications တွေကို ဘေးကင်းကင်းနဲ့ အသုံးပြုခြင်း

အသိဉာဏ်ကြီးကြီး၊ ယုံကြည်မှုရှိရှိနဲ့ ကွန်ပျူတာကို ဘေးကင်းစွာ အသုံးပြုခြင်း

အင်တာနက်ပေါ် လုံခြုံရေး

အစောပိုင်း ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်၊ မျက်လုံးနဲ့လက် ပေါင်းစည်းလှုပ်ရှားမှု၊ logic နဲ့ creativity ဖွံ့ဖြိုးတိုးတက်မှု

လိုအပ်ချက်များ

ကလေးတွေက ကြိုတင်သင်တန်းတက်ထားဖို့မလိုပါဘူး။ ဒါပေမဲ့ ဒီသင်တန်းဟာ မူလတန်းကျောင်းမှာ ပထမတန်းရဲ့ ဒုတိယစာသင်နှစ်ကို တက်နေရတဲ့ ကလေးတွေတော့ ဖြစ်ဖို့လိုပါတယ်။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
Digital Intro 101 သင်တန်း
၁ တန်းရဲ့ ဒုတိယစာသင်နှစ်တွင်သာ

Classroom, 1-on-1

အများဆုံး၊ 12 ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။