Programming သင်တန်းများ

Godot/ Python

412

သင့်ကလေးက အနာဂတ်အတွက် အထောက်အကူပေးမယ့် စွမ်းရည်တွေကို သင်ယူချင်ပါသလား။ နောက်ပြီး ဒီသင်တန်းမှာက စာသင်တာကို ပျော်စရာကောင်းတဲ့နည်းနဲ့ သင်ပေးတာပါ။ ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေကလည်း သူတို့ကို အသုံးများတဲ့ ပရိုဂရမ်းမင်းဘာသာစကားတစ်ခုဖြစ်တဲ့ Python ရဲ့အခြေခံအချက်တွေနဲ့ ကွန်ပျူတာဂိမ်းတွေ တီထွင်ရာမှာလည်း ကူညီသင်ပြပေးသွားမှာပါ။

Godot/Python 412 သင်တန်း

12-18 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ Godot/Python 411 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Python နဲ့ ဂိမ်းတွေ တီထွင်ဖန်တီးလိုက်ပါ

ဒီသင်တန်းကာလအတွင်း ကျွန်တော်တို့ရဲ့ကျောင်းသားတွေဟာ open-source ဂိမ်းအင်ဂျင်ဖြစ်တဲ့ Godot ကိုသိရှိသွားမှာဖြစ်ပြီး Python ပရိုဂရမ်းမင်းဘာသာကို အသုံးပြုပြီး 2D နဲ့ 3D computer နဲ့ mobile games တွေကို တီထွင်သွားနိုင်မှာပါ။

သင့်ကလေးက coding အကြောင်းနည်းနည်းသိထားတဲ့သူလား (ဥပမာ- Scoolcode MIX ထဲက ဒါမှမဟုတ် တခြားပလက်ဖောင်း)။ သူတို့ကိုယ်တိုင်ရော text-based programming ကိုစမ်းကြည့်ချင်ပါသလား။ ဂိမ်းတွေတီထွင်ရတာကို သူတို့ကြိုက်ပါသလား။

ဒါဆိုရင် Godot သင်တန်းက သူတို့အတွက် အမှန်ကန်ဆုံးရွေးချယ်မှုပါပဲ။ ဒီသင်တန်းတက်လိုက်ရင် သူတို့ဟာ ဂိမ်းတီထွင်မှုရဲ့အခြေခံအချက်တွေကို သိရှိသွားပြီး Python ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေကိုလည်း သင်ယူရမှာပါ။ Python ဆိုတာ ဒီနေ့ခေတ်ရဲ့အကျော်ကြားဆုံးပရိုဂရမ်းမင်းဘာသာစကားတစ်ခုဖြစ်ပြီး game နဲ့ app developmentတွေ၊ data mining နဲ့ analysis၊ robotics နဲ့ machine learning အပြင် artificial intelligence မှာတောင် အသုံးပြုထားပါတယ်။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

2D နဲ့ 3D ဂိမ်းတွေ ဖန်တီးခြင်း

Python ပရိုဂရမ်းမင်းကို သိရှိစေခြင်း

ကွန်ပျူတာနဲ့ မိုဘိုင်းဂိမ်း ဖန်တီးခြင်း

လိုအပ်ချက်များ

Godot/Python 411 သင်တန်း ပြီးဆုံးခြင်း။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊ကျောင်းသားတွေအနေနဲ့ Google အကောင့်တစ်ခု ဒါမှမဟုတ် flash driveတစ်ခုလိုပါလိမ့်မယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်းသင်တန်းတွေမှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
Godot/Python 412 သင်တန်း

12-18 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ Godot/Python 411 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။