ပရိုဂရမ်းမင်း Workshops

Hacker Workshop

သင့်ရဲ့ကလေးသည် ပရိုဂရမ်ရေးဆွဲခြင်းနှင့် နှင့် စဉ်းစားတွေးခေါ်ရသည့် ဂိမ်းတွေကို ဖြေရှင်းရခြင်းကို နှစ်သက်ပါက ဒီအစီအစဉ်က သူတို့အတွက်ပဲဖြစ်ပါသည်။ ဒါဟာ ကလေးတွေအတွက် ပရိုဂရမ်ရေးဆွဲခြင်းအကြောင်း အတွေးအခေါ်တွေကို သိသွားစေပြီး အတွေ့အကြုံရသွားနိုင်သည့် မဟာအခွင့်အရေးတစ်ခုပဲဖြစ်ပါသည်။ ကလေးများအနေဖြင့် ဟက်ကာတွေအဖြစ် တစ်ရက်တာနေထိုင်ပြီး ပဟေဠိတွေ၊ ဉာဏ်စမ်းတွေကိုဖြေရှင်းပြီး secret codes ကိုဖြေရှင်းပေးပြီး algorithmic thinking အကြောင်း အနည်းငယ်သိရှိသွားနိုင်ပါသည်။ ကျွန်ုပ်တို့ကလည်း အင်တာနက်လုံခြုံရေးနဲ့ သူတို့ အွန်လိုင်းပေါ်မှာတည်ရှိနေမှုအကြောင်းတွေကိုပါ ပြောပြပေးသွားမှာဖြစ်ပါသည်။

Hacker Workshop

7-12 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကြာချိန်၊ ၁၂၀ မိနစ်

ထူးခြားဆန်းပြားသည့် codes နှင့် riddles...

စဉ်းစားတွေးခေါ်ရပြီး စိတ်လှုပ်ရှားစရာဂိမ်းများကို ကစားခြင်းဖြင့် ကလေးများသည် algorithmic thinking နှင့် ပရိုဂရမ်ရေးဆွဲခြင်းအခြေခံအချက်များကို သိနိုင်သည့်အပြင် သူတို့လေးတွေရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းတွေ၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ တိုးတက်စေမှာဖြစ်ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကလေးများက coding အကြောင်းကို ဆက်လက်လေ့လာလိုပါက ကျွန်ုပ်တို့ရဲ့ Hacker Camp ကို အစအဆုံးတက်ရောက်နိုင်ပါသည်။

Highlights

Workshopအတွင်း ကလေးများဟာ အောက်ပါအချက်များကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်

MyLogiscool ဂိမ်းနှင့် Mini Quiz တစ်ခုကို ကစားခြင်း

Logiscool Escape Room ကို ဖြေရှင်းခြင်း

algorithmic thinking (ပြဿနာဖြေရှင်းပုံ ဖြေရှင်းနည်း) ကို မိတ်ဆက်ပေးခြင်း

အင်တာနက်လုံခြုံရေးအကြောင်း လေ့လာခြင်း

လိုအပ်ချက်များ

ဤပွဲတွင် ပါဝင်ရန်အတွက် ကလေးများသည် ယခင်သင်တန်း သို့မဟုတ် ဗဟုသုတများမလိုအပ်ပါ။ သို့သော် ကျောင်းသားတစ်ယောက်သည် Hacker ကုတ်ရေးသည့်စခန်းတွင် ပါဝင်ထားပြီးသားဖြစ်လျှင် ဤပွဲတွင်ပါဝင်ရန်ကို ကျွန်ုပ်တို့က မထောက်ခံပါ။

လိုအပ်တဲ့ software

ဤပွဲအတွက် လိုအပ်သောကိရိယာများအားလုံးကို ကျွန်ုပ်တို့မှ ပံ့ပိုးပေးပါသည်။

Hacker Workshop

7-12 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကြာချိန်၊ ၁၂၀ မိနစ်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။