ပရိုဂရမ်းမင်း Camps

စပြီးသင်မယ့်သူတွေအတွက် Intensive Programming Camp

နှစ်ပတ်တာ ရက်တိုအားလပ်ရက် camp တွင် ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့ အခြေခံသဘောတရားတွေကို သင်ယူရမှာပါ။ variable ကဘာလဲနဲ့ algorithms အလုပ်လုပ်ပုံကို သိရှိသွားမှာဖြစ်ပြီး သူတို့ကိုယ်ပိုင် ခပ်မိုက်မိုက်ဂိမ်းများကိုလည်း ဖန်တီးသွားနိုင်မှာဖြစ်ပါတယ်။

စပြီးသင်မယ့်သူတွေအတွက် Intensive Programming Camp

12-14 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

စိတ်လှုပ်ရှားစရာကမ္ဘာအသစ်အတွက် ဖွင့်ပေးလိုက်ပါ။

Scoolcode ဆိုတာ ကလေးတွေအတွက် coding ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ သင်ယူနိုင်ဖို့ တီထွင်ထားတဲ့ ကျွန်တော်တို့ရဲ့ အထူးသီးသန့် ပညာရေးပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီထဲမှာ ရွေးချယ်စရာ animated characters နဲ့ dynamic backgrounds တွေပါပြီး တီထွန်ဆန်းသစ်နိုင်စွမ်းကို ရစေပါတယ်။ ပရိုဂရမ်းမင်းဆိုတာ အနာဂတ်အောင်မြင်မှုအတွက် အဓိကသော့ချက်တစ်ခုပါ။ ဒီအခြေခံကို လေ့လာခြင်းအားဖြင့် ကလေးတွေဟာ ဒစ်ဂျစ်တယ်အနာဂတ်မှာ ဘဝရဲ့ ကဏ္ဍမျိုးစုံအတွက် အကျိုးကျေးဇူးရှိစေမယ့် ဗဟုသုတတွေကို တည်ဆောက်နိုင်မှာပါ။

Highlights

ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့ အခြေခံအချက်တွေကို ဆတိုးပြီး သင်သွားရမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဒီပညာရေးပလက်ဖောင်းကို သင့်ကလေးရဲ့ အသက်အရွယ်နဲ့ ဉာဏ်ပညာအဆင့်ပေါ် မူတည်ပြီး colorful digital blocks၊ games နဲ့ programming commands တွေအပြင် written code တွေနဲ့ရောစပ်ထားပါတယ်။

ကလေးတွေဟာ သူတို့ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း ခပ်မိုက်မိုက်ဂိမ်းတွေကို ဖန်တီးနိုင်မှာဖြစ်ပြီး တီထွင်ဖန်တီးမှုစွမ်းရည်နဲ့ တစ်ဦးချင်းအတွေးအခေါ်တွေလည်း တိုးတက်သွားမှာဖြစ်ပါတယ်။

camp အတွင်း ကလေးတွေဟာ အချင်းချင်းတည်ဆောက်ထားတဲ့ ရှုပ်ထွေးတဲ့ ပရောဂျက်တွေကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဒီ camp ပြီးဆုံးသွားပြီဆိုတာနဲ့ သူတို့ဟာ စက်တင်ဘာမှာ Logiscool မှာပဲ ပရိုဂရမ်းမင်းကို ဒုတိယစာသင်နှစ်ကျောင်းသားအဖြစ်နဲ့ ဆက်ပြီးသင်ယူသွားနိုင်မှာပါ။

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

တကယ်လို့ သင့်ကလေးက အရင်တုန်းက Scoolcode coding camp ကိုမသွားဖူးသေးဘူးဆိုရင် ဒီ camp ကိုတက်ကြည့်ဖို့ အကြံပြုပါတယ်။

လိုအပ်တဲ့ software

  • in-Logiscool camp အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ ကလေးတွေဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
စပြီးသင်မယ့်သူတွေအတွက် Intensive Programming Camp

12-14 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။