Digital Creator Camps

Junior Designer

ဒီ camp မှာတော့ ကလေးတွေဟာ တကယ့်လက်တွေ့ ပရောဂျက်တွေကို စမ်းကြည့်ရမှာပါ၊ သူတို့ဟာ တကယ့်လက်တွေ့ assignments တွေကနေတစ်ဆင့် ဒီဇိုင်နာတွေရဲ့ နေ့စဥ်ဘဝကို တွေ့ကြုံခံစားသွားရမှာပါ။ ဒီ camp အတွင်း ကလေးတွေဟာ professional image editing tools တွေအသုံးပြုပုံကို လေ့လာရမှာဖြစ်ပြီး typography ရဲ့အခြေခံအချက်တွေကို သင်ယူရမှာပါ၊ ဒါ့အပြင် သူတို့ဟာ သိပ်ကောင်းတဲ့ presentation တစ်ခုပြင်ဆင်ပုံကိုလည်း သင်ယူရမှာပါ။

Junior Designer Camp

10-15+ နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေးတွေကို သူတို့ကိုယ်ပိုင် တံဆိပ်ကို ဒီဇိုင်းထွင်ခွင့်ပေးလိုက်ပါ။

သင့်ကလေးတွေက graphic design ကောင်းကောင်းလုပ်တာကို စိတ်ဝင်စားပါသလား။ သူတို့ကိုယ်တိုင်အတွက် အံ့သြစရာ website တစ်ခုဖန်တီးချင်နေပါသလား။ ဒီ camp အတွင်း ကလေးတွေဟာ ဒါတွေအားလုံးကို စမ်းကြည့်နိုင်မှာဖြစ်ပြီး သူတို့ကိုယ်ပိုင်တံဆိပ်ကိုလည်း စတင်တည်ဆောက်နိုင်မှာပါ၊ သူတို့ကိုယ်ပိုင် လိုဂိုတွေဒီဇိုင်းထွင်နိုင်ဖို့ ကျွန်တော်တို့က ကူညီပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး သူတို့ဟာ သူတို့ရဲ့အပတ်စဥ်လုပ်ထားတဲ့ T-shirts၊ promotional graphics တွေနဲ့ တခြားလက်ရာတွေကိုလည်း သူတို့ရဲ့ စူပါ website ကနေတစ်ဆင့် ကမ္ဘာကြီး ပြသနိုင်ဦးမှာပါ။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

image editing နဲ့ content creation ရဲ့အခြေခံအချက်တွေကို သင်ယူလေ့လာခြင်း

vector design၊ logos နဲ့ brands တွေအကြောင်း သင်ယူလေ့လာခြင်း

web design နဲ့ visual design ရဲ့အခြေခံအချက်တွေကို သင်ယူလေ့လာခြင်း

အင်တာနက်လုံခြုံရေးအကြောင်း လေ့လာခြင်း

typography၊ memes နဲ့ စိတ်ခွန်အားပေးတဲ့ ပုံရိပ်တွေရဲ့ မရှိမဖြစ်လိုအပ်ချက်တွေအကြောင်းကို နားလည်သဘောပေါက်ခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ ပစ္စည်းတွေ၊နားကြပ်တွေအပြင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
Junior Designer Camp

10-15+ နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။