ပရိုဂရမ်းမင်း Camps

Kodu 3D Game Design

Microsoft က ကလေးတွေအတွက် အထူးဒီဇိုင်းထွင်ထားတဲ့ visual programming ကို ဖန်တီးပေးထားပါတယ်။ အဲဒီမှာဆိုရင် ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဂိမ်းတွေကို ဒီဇိုင်းထွင်နိုင်မှာပါ။ KODU နဲ့ဆိုရင် ကလေးတွေဟာ သူတို့စိတ်ကူးတွေကို ဖြန့်ထုတ်ပြီး ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးနိုင်မှာပါ၊ သူတို့ဟာ 3D နဲ့ မြေယာရှုခင်းတွေကို တည်ဆောက်ပြီး သူတို့ကိုယ်ပိုင် သူရဲကောင်းတွေနဲ့အတူ အဲဒီကို ပြောင်းရွှေ့နိုင်မှာပါ။

Kodu 3D Game Design Camp

7-11 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

KODU ရဲ့ ထူးထွေဆန်းကြယ်ကမ္ဘာက ကြိုဆိုပါတယ်။

သင့်ကလေးကို ကျွန်တော်တို့ camp မှာ ပါဝင်စေလိုက်ပါ၊ ဒီမှာဆိုရင် သူတို့ဟာ electronic turtles ကို လိုက်ဖမ်းနိုင်တာ၊ Rambo နဲ့ဘေးချင်းယှဥ်ချတာ ဒါမှမဟုတ် ရှုပ်ထွေးပြီး အခက်အခဲတွေများတဲ့ ဝင်္ကာပါတွေတည်ဆောက်တာတွေ လုပ်နိုင်မှာပါ။ ကျွန်တော်တို့ camp ကိုလာပြီးရင်တော့ ကလေးတွေဟာ အိမ်က ကွန်ပျူတာမှာ KODU ကိုအသုံးပြုပြီး ဂိမ်းကို ဆက်ပြီးတီထွင်နိုင်မှာပါ။ KODU ဆိုတာကတော့ ကလေးတွေ ဇာတ်လမ်းတစ်ခုဆင်ပြီး ကာရိုက်တာတွေဖန်တီးနိုင်တဲ့ နေရာဖြစ်လို့ သူတို့အိပ်မက်တွေက လက်တွေ့ဖြစ်လာတော့မှာပါ။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

သူတို့ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးပြီး စိတ်လှုပ်ရှားစရာဂိမ်းတွေကို ဒီဇိုင်းထွင်ခြင်း

programming နဲ့ algorithmic thinking ရဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတွေကို ပျော်ရွှင်ဆော့ကစားတဲ့နည်းနဲ့ သင်ယူခြင်း

သူတို့ရဲ့ logical thinking နဲ့ problem solving စွမ်းရည်တွေကို လက်တွေ့လေ့ကျင့်ပေးခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ ပစ္စည်းတွေ၊နားကြပ်တွေအပြင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
Kodu 3D Game Design Camp

7-11 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။