Robotics Camps

LEGO BOOST

camp အတွင်း ကလေးတွေဟာ robotics နဲ့ coding ရဲ့အခြေခံသဘောတရားတွေကို သင်ယူရမှာဖြစ်သလို orientation၊ color နဲ့ sound မှတ်သားခြင်းလိုမျိုး robotics တွေမှာဖြစ်တတ်တဲ့ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းရတာ ဒါမှမဟုတ် အခက်အခဲတွေများတဲ့ လမ်းကြောင်းတွေကို ကျော်ဖြတ်ရတာမျိုးတွေကိုလည်း လုပ်ဆောင်ရမှာပါ။

LEGO BOOST Camp

8-13 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေးကို သူတို့ရဲ့ ကိုယ်ပိုင် robot-pet တည်ဆောက်ခွင့်ပေးလိုက်ပါ။

ကလေးတွေဟာ Lego Boost နဲ့ သူတို့ကိုယ်ပိုင် robots ကိုတည်ဆောက်ပြီး robotics ရဲ့အခြေခံအချက်တွေကိုသင်ယူရမှာပါ။ Lego Boost ကြောင့် ကလေးတွေဟာ Lego elements တွေကနေ robots တွေဆောက်လုပ်နိုင်ခြင်း၊ မော်တာတွေ ဆင်ဆာတွေကို တပ်ဆင်နိုင်ခြင်းတွေ လုပ်နိုင်မှာပါ။ သူတို့တီထွင်မှုတွေ လုပ်ပြီးသွားပြီဆိုတာနဲ့ သူတို့ဟာ ရိုးရှင်းပြီး icon-based coding commands တွေကနေ စက်ရုပ်တွေကို သက်ဝင်လှုပ်ရှားအောင် လုပ်ဆောင်နိုင်မှာပါ။ နောက်ပြီး သူတို့ရဲ့ robot သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနိုင်တဲ့အပြင် ဂီတကိုပါ သင်ပေးနိုင်မှာဖြစ်ပါတယ်။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

Programming နဲ့ algorithmic thinking ရဲ့အခြေခံအချက်များကို လေ့လာခြင်း

Robotics ရဲ့အခြေခံအချက်တွေကို နားလည်သဘောပေါက်ခြင်း

ကိုယ့် Robot အတွက် ဂိမ်းတွေဖန်တီးပြီး ကိုယ့်ရဲ့ စိတ်ကူးတွေ၊ ပြဿနာဖြေရှင်းနိုင်တဲ့အစွမ်းတွေကို အသုံးချကြည့်လိုက်ပါ။

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

Camp အတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်.

ဒီ camp ကို ကျွန်တော်တို့ ကျောင်းဖွင့်ထားတဲ့နေရာများမှာပဲ ရနိုင်ပါတယ်။

LEGO BOOST Camp

8-13 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။