Robotics သင်တန်းများ

LEGO EV3

1

LEGO နဲ့ robotics ကိုပေါင်းစပ်ပြီးတော့ သင့်ကလေးရဲ့စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့် ပေးလိုက်ပါ။ ဒီသင်တန်းက သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး အသင်အပြကောင်းတဲ့နည်းပြတွေကလည်း သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုဂရမ်းမင်းစွမ်းရည်တွေကိုလည်းသင်ပေးသွားမှာပါ။

LEGO EV3 1 သင်တန်း

10-18 နှစ်အတွက်

Classroom

အများဆုံး၊ 12 ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ပရိုဂရမ်ရေးထားတဲ့ ကားလား ဒါမှမဟုတ် robot pet လား

လူတိုင်းက တီထွင်သူတွေဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒီအထူးသင်တန်းမှာတော့ LEGO နဲ့ကစားရင်း robotics ကိုမြည်းစမ်းရမှာပါ။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေဟာ LEGO robots တွေကို တည်ဆောက်ရင်း၊ ပရိုဂရမ်ရေးရင်းနဲ့ robotics ကမ္ဘာရဲ့သာယာပုံကို တွေ့ရှိသွားမှာပါ။

ကျောင်းသားတွေဟာ သူတို့စိတ်ကူးမှန်သမျှကို ဖန်တီးနိုင်ပါတယ်။ ဒီသင်တန်းကာလအတွင်း ကျောင်းသားတွေဟာ LEGO MINDSTORMS EV3 robots တွေ ပရိုဂရမ်ရေးတာနဲ့ ထိန်းချုပ်တာတွေကို visual program blocks အကူအညီနဲ့လုပ်နိုင်မှာပါ။ robots တွေက ကောင်းကောင်းလှုပ်ရှားနိုင်ပြီဆိုတာနဲ့ robots တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေနဲ့ တကယ့်အင်ဂျင်နီယာပညာရဲ့အခက်အခဲတွေကို အတူတကွ ပူးပေါင်းပြီး အဖြေရှာသွားကြမှာပါ။ ကျောင်းသားတွေအနေနဲ့ sensors နဲ့ motors အမျိုးမျိုးရဲ့လုပ်ဆောင်ပုံကိုလည်း သိသွားမှာပါ။ နောက်ပြီး အနီးနားက အရာဝတ္ထုတွေကို ထောက်လှမ်းနိုင်စွမ်းရှိတဲ့ robot ကိုလည်း ပရိုဂရမ်ရေးနိုင်သွားမှာပါ။ ဒီသင်တန်းကိုတော့ ကျောင်းသားတွေ အစွမ်းပြနိုင်မယ့် robotics obstacle race ပြိုင်ပွဲနဲ့ အဆုံးသတ်သွားမှာပါ။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

ပစ္စည်းများကို တပ်ခြင်းနဲ့ ဖြုတ်ခြင်း၊ ပုံစံအသစ်များ တည်ဆောက်ခြင်း

LEGO robots တွေကို တည်ဆောက်ခြင်းနဲ့ ပရိုဂရမ်းရေးခြင်း

loops၊ if-statements နဲ့ variables တို့လို ပရိုဂရမ်းမင်းရဲ့ အခြေခံအချက်တွေကို နားလည်သဘောပေါက်ခြင်း

arrays နဲ့ functions တွေကို အသုံးပြုပြီး ပိုပြီးရှုပ်ထွေးတဲ့ ပရောဂျက်တွေကို ဖန်တီးခြင်း

Robots တွေနဲ့ ပြန်လှန်ဆက်သွယ်ပြီး measurement logging နဲ့ graphs တွေကို ပျော်စရာကောင်းတဲ့နည်းနဲ့ နားလည်သဘောပေါက်စေခြင်း

အနီးတဝိုက်က အရာဝတ္ထုတွေကို အာရုံခံနိုင်စွမ်းရှိတဲ့ robots တွေကို ပရိုဂရမ်ရေးပြီး ultrasonic sensors တွေကို နားလည်သဘောပေါက်စေခြင်း

လိုအပ်ချက်များ

ဒီ course အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

သင်တန်းအတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။

LEGO EV3 1 သင်တန်း

10-18 နှစ်အတွက်

Classroom

အများဆုံး၊ 12 ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။