
LEGO EV3
2
LEGO နဲ့ robotics ကိုပေါင်းစပ်ပြီးတော့ သင့်ကလေးရဲ့စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့် ပေးလိုက်ပါ။ ဒီသင်တန်းက သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး အသင်အပြကောင်းတဲ့နည်းပြတွေကလည်း သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုဂရမ်းမင်းစွမ်းရည်တွေကိုလည်းသင်ပေးသွားမှာပါ။

10-18 နှစ်အတွက်
Classroom
အများဆုံး၊ 12 ပါဝင်သူများ
မတက်မဖြစ် သင်တန်းများ၊ LEGO EV3 1 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
ပရိုဂရမ်ရေးထားတဲ့ ကားလား ဒါမှမဟုတ် robot pet လား
လူတိုင်းက တီထွင်သူတွေဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒီအထူးသင်တန်းမှာတော့ LEGO နဲ့ကစားရင်း robotics ကိုမြည်းစမ်းရမှာပါ။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေဟာ LEGO robots တွေကို တည်ဆောက်ရင်း၊ ပရိုဂရမ်ရေးရင်းနဲ့ robotics ကမ္ဘာရဲ့သာယာပုံကို တွေ့ရှိသွားမှာပါ။
ကျောင်းသားတွေဟာ သူတို့စိတ်ကူးမှန်သမျှကို ဖန်တီးနိုင်ပါတယ်။ ဒီသင်တန်းကာလအတွင်း ကျောင်းသားတွေဟာ LEGO MINDSTORMS EV3 robots တွေ ပရိုဂရမ်ရေးတာနဲ့ ထိန်းချုပ်တာတွေကို visual program blocks အကူအညီနဲ့လုပ်နိုင်မှာပါ။ robots တွေက ကောင်းကောင်းလှုပ်ရှားနိုင်ပြီဆိုတာနဲ့ robots တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေနဲ့ တကယ့်အင်ဂျင်နီယာပညာရဲ့အခက်အခဲတွေကို အတူတကွ ပူးပေါင်းပြီး အဖြေရှာသွားကြမှာပါ။ ကျောင်းသားတွေအနေနဲ့ sensors နဲ့ motors အမျိုးမျိုးရဲ့လုပ်ဆောင်ပုံကိုလည်း သိသွားမှာပါ။ နောက်ပြီး အနီးနားက အရာဝတ္ထုတွေကို ထောက်လှမ်းနိုင်စွမ်းရှိတဲ့ robot ကိုလည်း ပရိုဂရမ်ရေးနိုင်သွားမှာပါ။ ဒီသင်တန်းကိုတော့ ကျောင်းသားတွေ အစွမ်းပြနိုင်မယ့် robotics obstacle race ပြိုင်ပွဲနဲ့ အဆုံးသတ်သွားမှာပါ။
လိုအပ်ချက်များ
LEGO EV3 1 သင်တန်း ပြီးဆုံးခြင်း။
လိုအပ်တဲ့ software
သင်တန်းအတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။

10-18 နှစ်အတွက်
Classroom
အများဆုံး၊ 12 ပါဝင်သူများ
မတက်မဖြစ် သင်တန်းများ၊ LEGO EV3 1 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်