Robotics Camps

LEGO MindStorms EV3

Lego Mindstorms EV3 ရဲ့ intelligent robots တွေဖြင့် ကလေးတွေဟာ robotics မှာဖြစ်တတ်တဲ့ အခက်အခဲတွေ၊ တကယ့်အင်ဂျင်နီယာလောကမှာဖြစ်တတ်တဲ့ အခက်အခဲတွေအတွက် အဖြေတွေကို ရှာဖွေဖို့ machines တွေကို တည်ဆောက်နိုင်မှာပါ။ ဒီ camp အတွင်း ကလေးတွေဟာ ဆင်ဆာအမျိုးမျိုး၊ မော်တာအမျိုးမျိုးရဲ့ လုပ်ဆောင်ပုံတွေကို ရင်းနှီးကျွမ်းဝင်သွားမှာဖြစ်ပါတယ်။ သူတို့ဟာ ultrasonic sensors တွေသုံးပြီး အနားကအရာဝတ္ထုတွေကို အာရုံခံနိုင်တာ ဒါမှမဟုတ် အမှားအယွင်းမရှိဘဲ ကွင်းထဲမှာ မျဥ်းတွေအတိုင်းလိုက်နိုင်တဲ့ robot ကိုပရိုဂရမ်ရေးနည်းကိုလည်း သင်ယူနိုင်မှာဖြစ်ပါတယ်။

LEGO MindStorms EV3 Camp

10-14 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

robot Olympics ကနေကြိုဆိုပါတယ်။

ကလေးတွေက သူတို့ robot တွေကို color-sensors အသုံးပြုနည်းကို သင်ပေးရင်းနဲ့ ပရိုဂရမ်းမင်းနဲ့ algorithmic thinking အခြေခံအချက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်သွားနိုင်မှာပါ။ နောက်ပြီး သူတို့ရဲ့ EV3 robots တွေကိုလည်း ထိတွေ့စရာမလိုဘဲနဲ့ ထိန်းချုပ်တဲ့ Jedi-power ရဲ့အစွမ်းကိုလည်း တွေ့ကြုံခံစားရဦးမှာပါ။

ဒီ camp ကိုတော့ ထူးခြားဆန်းပြားတဲ့ robotics ပြိုင်ပွဲနဲ့အဆုံးသတ်ပေးသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာဆိုရင် ကလေးတွေဟာ သူတို့ robot ကို အခက်ခဲဆုံး အတားအဆီးတွေများတဲ့ကွင်းတွေကို ကျော်ဖြတ်အနိုင်ယူနိုင်အောင် လက်စွမ်းပြ ပရိုဂရမ်ရေးသွားရမှာဖြစ်ပါတယ်။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

Programming နဲ့ algorithmic thinking ရဲ့အခြေခံအချက်များကို လေ့လာခြင်း

Robotics ရဲ့အခြေခံအချက်တွေကို နားလည်သဘောပေါက်ခြင်း

ကိုယ့် Robot အတွက် ဂိမ်းတွေဖန်တီးပြီး ကိုယ့်ရဲ့ စိတ်ကူးတွေ၊ ပြဿနာဖြေရှင်းနိုင်တဲ့အစွမ်းတွေကို အသုံးချကြည့်လိုက်ပါ။

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

ဒီ camp ကိုတော့ ကျွန်တော်တို့ရဲ့ EV3 သင်တန်းတွေ ဒါမှမဟုတ် camps ဘာတစ်ခုမှ မတက်ဖူးသေးတဲ့ ကလေးတွေအတွက် ထောက်ခံလိုပါတယ်။

လိုအပ်တဲ့ software

Camp အတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်.

ဒီ camp ကို ကျွန်တော်တို့ ကျောင်းဖွင့်ထားတဲ့နေရာများမှာပဲ ရနိုင်ပါတယ်။

LEGO MindStorms EV3 Camp

10-14 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။