Programming သင်တန်းများ

Python ပါတဲ့ Lego Robotics

405

Python programming ပါတဲ့ဒီ LEGO Robotics သင်တန်းက ကလေးများအား robotics အခြေခံသဘောတရားများကို မိတ်ဆက်ပေးပြီး ဉာဏ်ရည်မြင့်စက်များကို ဒီဇိုင်းထွင်ရန်၊ တည်ဆောက်ရန်နှင့် ပရိုဂရမ်ဆွဲတတ်ရန် သင်ပေးထားသလို တစ်ဖက်တွင်လည်း ပြဿနာ-ဖြေရှင်းမှုစွမ်းရည်များတိုးလာပြီး အင်ဂျင်နီယာနှင့် နည်းပညာနယ်ပယ်ကို ထဲထဲဝင်ဝင်လေ့လာသွားစေနိုင်မှာဖြစ်ပါတယ်။

Python 405 သင်ရိုးပါသည့် LEGO Robotics

12+ နှစ်အတွက်

Classroom

မရှိမဖြစ်လိုအပ်ချက်များ: MIX 312 သင်ရိုး သို့မဟုတ် အဆင့်မြင့် ပရိုဂရမ်ရေးခြင်းသင်တန်းများအတွက် Logiscool ၏ဝင်ခွင့်စာမေးပွဲ

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Mechanical အင်ဂျင်နီယာဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံပညာရပ်ကို ပေါင်းစည်းပါ!

ဒီသင်တန်းကာလအတွင်း လက်တွေ့ကျကျစူးစမ်းရှာဖွေခြင်းကြောင့် ဆန်းသစ်တီထွင်မှု၊ ပြဿနာ-ဖြေရှင်းနိုင်မှုစွမ်းရည်များတိုးလာမယ့်အပြင် အခြေခံအင်ဂျင်နီယာဘာသာရပ်ကိုပါ ထဲထဲဝင်ဝင်သိစေနိုင်ပြီး motor dynamics၊ sensors (color၊ distance၊ force၊ gyroscope) ကဲ့သို့ အဓိကအကြောင်းအရာများအပြင် စက်ရုပ်များကို တီထွင်ဖန်တီးခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် မရှိမဖြစ်လိုအပ်သည့် Python Programming အခြေခံသဘောတရားများကိုပါ သိသွားနိုင်မှာပါ။

Highlights

ဒီသင်တန်းမှာ အောက်ပါအကြောင်းအရာများသင်ကြားပေးမှာ ဖြစ်ပါတယ်

Robotics ကိုလက်တွေ့ကျကျ စူးစမ်းလေ့လာခြင်း၊ LEGO Spike Prime robot ကို အသုံးပြုပြီး robotics လောကထဲကို နှိုက်နှိုက်ချွတ်ချွတ်ဝင်ရောက်ခြင်းဖြင့် ကျောင်းသားများသည် အသိဉာဏ်ရှိသည့် စက်များကို တည်ဆောက်ခြင်းနှင့် ထိန်းချုပ်ခြင်းဖြင့်စတဲ့ အတွေ့အကြုံများကို ရရှိနိုင်ပါတယ်။

Python Programming: robotic creations ကို လက်တွေ့လောကနဲ့မိတ်ဆက်ပေးဖို့ အများဆုံးအသုံးပြုနေကြတဲ့ ပရိုဂရမ်ရေးဆဲခြင်း ဘာသာရပ်ဖြစ်တဲ့ Python ရဲ့ စွမ်းအားကို ထိန်းချုပ်အသုံးချနိုင်ရန် လေ့လာသင်ယူခြင်း။

Sensor Expertise၊ color၊ distance၊ force၊ gyroscope sensors အပါအဝင် sensors အမျိုးမျိုးနှင့်ပတ်သက်ပြီး လက်တွေ့ဗဟုသုတများ ရရှိစေပြီး ပါဝင်သူများအား သူတို့ရဲ့ကိုယ်ပိုင်စက်ရုပ်များကို ပတ်ဝန်းကျင်နှင့် အသိဉာဏ်ရှိရှိတုံ့ပြန်နိုင်စွမ်းရှိသည့် ဖန်တီးနိုင်စွမ်းပေးအပ်ခြင်း။

ပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ loops၊ conditions၊ variables၊ lists၊ matrices၊ functions၊ modules နဲ့ packages တို့လို မရှိမဖြစ်လိုအပ်သည့် ပရိုဂရမ်းမင်းအယူအဆများကို ကျွမ်းကျင်စေပြီး ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို code ရေးနိုင်စေခြင်း။

ဆန်းသစ်တီထွင်မှုကို ဖော်ထုတ်လှစ်ဟခြင်း၊ ကိုယ်ပိုင် စက်ရုပ်တီထွင်မှုများကို ဒီဇိုင်းရေးဆွဲခြင်းနှင့် ကုတ်ရေးခြင်း၊ ကျောင်းသားများ၏ စိတ်ကူးဉာဏ်အစွမ်းကိုပါ အတူတူ တိုးတက်လာအောင် လုပ်ဆောင်ပေးခြင်း။

ပြဿနာတွေကို ကျွမ်းကျွမ်းကျင်ကျင်ဖြေရှင်းနိုင်ခြင်း၊တီထွင်ဖန်တီးထားတဲ့ robot ဒီဇိုင်းတွေနဲ့ code အဖြေတွေကိုသုံးပြီး လက်တွေ့ကမ္ဘာရဲ့ အခက်အခဲတွေကို ဖြေရှင်းခိုင်းခြင်းဖြင့် အတွေးအခေါ်တွေနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေကို မြှင့်တင်ပေးခြင်း။

အင်ဂျင်နီယာနှင့် နည်းပညာရပ်၏ အခြေခံ အင်ဂျင်နီယာနှင့် နည်းပညာအခြေခံသဘောတရားများကို အခိုင်အမာနားလည်သဘောပေါက်သွားစေပြီး အနာဂတ်တွင် STEM ကို ဆက်လက်လေ့လာရန်အတွက် အခြေခံအုတ်မြစ်ကို ချပေးခြင်း။

လိုအပ်ချက်များ

Scoolers တွေဟာ MIX 312 သင်တန်း ဒါမှမဟုတ် အဆင့်မြင့်ပရိုဂရမ်းမင်းသင်တန်းတွေအတွက် Logiscool ရဲ့ ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုထားဖို့ လိုပါတယ်။ ဒီသင်တန်းအတွက် လိုအပ်သမျှကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာ၊ Google အကောင့်တစ်ခုရှိရင် ပိုပြီးတော့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ သင်တန်းဆရာတွေက လိုအပ်တဲ့ အခမဲ့ software အကြောင်းကို သင်တန်းမစမီမှာ ပံ့ပိုးပေးသွားမှာပါ။
Python 405 သင်ရိုးပါသည့် LEGO Robotics

12+ နှစ်အတွက်

Classroom

မရှိမဖြစ်လိုအပ်ချက်များ: MIX 312 သင်ရိုး သို့မဟုတ် အဆင့်မြင့် ပရိုဂရမ်ရေးခြင်းသင်တန်းများအတွက် Logiscool ၏ဝင်ခွင့်စာမေးပွဲ

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။